Ali Baba အလီဘာဘာ

ကျွန်တော့်ပို့စ်တခု = ဒေါ်စုနဲ့ ဆန်ရှင် (၂)

ကွန်မင့်တခု = ကျနော်တို့ မတွေးတတ် မသိမမြင်နိုင်သောအရာများကို ခြုံငုံသုံးသပ်ပေးသောဆရာကို ကျေးဇူးဥပကာရပါ

အဲဒီစာအောက်မှာ တယောက်က အဲလောက်သိနေရင် ဘဲဥတလုံး ဘယ်လောက်ဆိုလား ဝယ်စားတဲ့။ သူ့နာမည်ကို ကြည့်တော့ အရင်ကဘလော့ထားသူဖြစ်နေတယ်။ ဘလော့ထားသူကလည်း ကွန်မင့်လာရေးနိုင်တာ အတော်ဂွကျတယ်။

ကျွန်တော့် ဖရင်းထဲကတယောက်နဲ့ အဲဒီသူက ဖရင်းဖြစ်နေမယ်။ အဲတာကြောင့် ကျွန်တော်တင်တာကို အဲဒီလူက ဖတ်လို့ရတာနဲ့ ကွန်မင့်ရေးနိုင်တယ်လို့ တယောက်ကရှင်းပြတယ်။ လူကြီးမင်းတို့ထဲမှာ အဲလိုလူတွေရှိတယ်။

နောက်တမျိုးလည်းရှိသေးတယ်။

ပြည်ပနိုင်ငံရေးမှာ ကျွန်တော့်အပေါ်ဆိုးသွမ်းညစ်ပတ်ခဲ့သူတွေဟာ တခြားသူတွေအပေါ် အဲလိုမလုပ်တော့ သူ့ဖက်သားတွေရှိတယ်။ သူ့တို့ဖက်ကိုလူတွေပါအောင် စည်းရုံးနည်းမျိုးစုံလုပ်ကြတယ်။ လူဟောင်းတွေကတော့ အကြောင်းသိကြတာများတယ်။ တတိယနိုင်ငံသွားဘို့ အုံလိုက် ကျင်းလိုက်ထွက်လာတဲ့ နိုင်ငံရေးဆိုဘာမှ စိတ်မဝင်စားသူတွေကိုစည်းရုံးတာ သူ့နောက်ပါလာတယ်။ ၂ဝဝ၇ ကျမှထွက်ကြတဲ့ပုဂ္ဂိုလ်တွေလည်း သူ့ဆီမှာ တပည့်ခံကြတယ်။

နိုင်ငံရေးပါတီ (၁၁) ခုရဲ့ ညီညွတ်ခြင်းသည်အင်အား ကြေညာချက်တခုလည်းထွက်လာတယ်။ အလီဘာဘာမှာ အပေါင်းပါ (၄ဝ) ရှိတယ်။ ရှင်မဟာမောဂ္ဂလန်ကို သတ်ဖြတ်ခဲ့တာ ခိုးသား (၅ဝဝ)။ ငတက်ပြားလို တယောက်တည်းသမား ရှားတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး