Talk at Marian University

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က မာရီယန် ယူနီဗာစီတီမှာ ဒုက္ခသည်ဘဝအကြောင်း ဟောပြောရပါတယ်။ နက်ဖြန်လည်း ကျောင်းသားနောက်တစုကိုပြောရပါအုန်းမယ်။ ကျောင်းသားတွေက မောင်မယ်သစ်လွင်ခေါ် ကျောင်းသားသစ်တွေပါ။

Talking about own country ကိုယ့်တိုင်းပြည်အကြောင်း

ကနေ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က (မာရီယန်) တက္ကသိုလ်မှာ စကားသွားပြောရပါတယ်။ အဲလိုသွားစကားပြောရတာအတွက် ဝမ်းသာပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ့်နိုင်ငံကိုယ်စားရယ်တော့ မဟုတ်ပါ။ ဒုက္ခသည်တယောက်အနေနဲ့ပါ။ ဒီမြို့မှာနေကြတဲ့ တသောင်းနှစ်ထောင်ထဲက တယောက်ပါ။

ကိုယ့်နိုင်ငံ မညံ့တဲ့အကြောင်း ပြောရတာလည်း မဟုတ်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကိုချစ်တာတော့ ဘယ်သူဖြစ်ဖြစ် အတူတူနေမှာပါ။ အဲလို ကိုယ့်နိုင်ငံမဟုတ်တဲ့ဆီမှာ ကိုယ့်ဆီကအကြောင်းပြောတဲ့အခါ အရင်းအတိုင်းပြောရတယ်။ ကြွားလို့မရတာတွေကို ကြွားလုံးမထုတ်သင့်ပါ။ သိကြတဲ့အတိုင်း ကျွန်တော်တို့မှာ သူများ ချီးမွမ်းစရာ ဘာတွေရှိလည်း။ ယဉ်ကျေးမှု၊ သာယာလှပမှု၊ လူတွေ ချစ်စရာ ခင်စရာကောင်းကြတာနဲ့ ရှေးဟောင်းအမွေအနှစ်တွေသာရှိတယ်။

စစ်အစိုးရအမျိုးမျိုးတွေ အုပ်ချုပ်နေခဲ့တဲ့ကာလအတွင်း နိုင်ငံတကာကိုလှည့်ပြီး မြန်မာပြည်အကြောင်း ပြောခဲ့ရစဉ်က ကောင်းကွက်တခုမှ မထည့်ပဲပြောခဲ့တာကို ဝန်ခံပါတယ်။ အကြောင်းအရာတခုကို ပိုပြောတာမျိုး၊ လိုပြောတာမျိုးဟာ တပွဲတိုးသာခံတယ်။ ကျွန်တော်တို့ ပြောဆိုခဲ့တာတွေဟာ ၂၄ နှစ်တိတိခံပါတယ်။

အခုတော့ စကားကို ပြင်ပြောလာနိုင်ပါပြီ။ ဒါပေမယ့် ကြွားစရာ ရှိပါပြီလား။ အိပ်မက်လှလှ မက်နိုင်လာကြတဲ့အဆင့်သာ ရှိသေးတယ်။ အဲတာကို အလေးအနက်ပြောပါတယ်။ အဲလိုဖြစ်အောင် ပြည်သူပြည်သား အများစုက ကြိုးပမ်းခဲ့တယ်လို့ ကျွန်တော်ပြောနေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၆
ဓါတ်ပုံ = တဦးက အိမ်ရှင် (မာရီယန်) တက္ကသိုလ်က ဂျာမန်ဘာသာ ပါမောက္ခနဲ့ နောက်တဦးက ကျွန်တော်နဲ့အတူ သွားပြောရတဲ့ Exodus Refugee Immigration Inc. က Mrs. Megan ဖြစ်ပါတယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ