Pronouns ကျွန်တော့်သားသမီးတွေ နေကောင်းကြပါတယ်

ရောဂါဟောင်းက အကင်းမသေသေးပါ။ ကွန်မင့်မှာ အဘရောဂါသည် ၂ ယောက်ရှိတယ်။ မေးခွန်းမှာက နောက်ရောဂါတမျိုး တိုးလာတယ်။ နာမ်စားတွေကို သဒ္ဒါမှာသင်ကြရတယ်မဟုတ်လား။

၁။ မင်္ဂလာပါဆရာ ဆရာ သားမှာ စစ်ဖလစ်ရောဂါရှိနေပါတယ် သားခုဆို ဆေထိုးတာ ၂ပါတ်ရှိပါပြီ သားကို  ကူညီပါအုံးဆရာ။ ၃ပါတ်ဆေးထိုးပြီးရင် ၁ လနေမှ သွေးစစ်ရမယ်လို့ဆိုပါတယ်ဆရာ။  သားမိခင်အို လုပ်ကျွေးနေသူမို့ပါဆရာ့

သား-သမီး-ဦးလေး-အဘ စသဖြင့် မသုံးဘို့ အကြိမ်ပေါင်းများစွာ ရေးထားပါတယ်။ မေးတဲ့သူရဲ့သားမှာ ဖြစ်နေတာလို့နားလည်ပါတယ်။ ဆရာဝန့်သားလို့လည်း ယူဆနိုင်သေးတယ်။

၂။ မင်္ဂလာပါ ရှင့်ဒေါက်တာ သမီး သားအိမ်မှာရေအိပ်တည်ရတဲ့အကြောင်းလေးသိချင်လို့ပါရှင့်

သား-သမီး-ဦးလေး-အဘ စသဖြင့် မသုံးဘို့ အကြိမ်ပေါင်းများစွာ ရေးထားပါတယ်။ မေးတဲ့သူရဲ့သမီးမှာ ဖြစ်နေတာလို့ နားလည်ပါတယ်။ ဆရာဝန့်သမီးလို့လည်း ယူဆနိုင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး