Nickname သူငယ်ချင်းလို့ ဆက်၍ခေါ်မည်

လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ။

ကျွန်တော်နေထိုင်ရာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ဟာ မန္တလေးနဲ့ ၂,၉၆၁ ကီလိုမီတာ (၁၈၃၉့၈၈ မိုင်) ဝေးပါတယ်။ ဒီစာလေးရေးအပြီးမှာ ၁၃၁၃၈့၆၈ ကီလိုမီတာ (၈,၁၆၄ မိုင်) ဝေးတဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့ကို ရွေ့ရတော့မယ်ကွာလို့ သူငယ်ချင်းကိုအသိပေးတော့ သူကရေးလာတယ့့်

ဒီမိုကရေစီသံလိုက်ဆွဲအားကြောင့် သံချောင်းနဲ့တူတဲ့ သူငယ်ချင်းတွေ သာ၍ဝေးရာဆီသို့ ရွေ့ရပြီ့

သူငယ်ချင့်း့ ဒီအရွယ် ဒီအသက်အထိ သူငယ်ချင်းလို့ ဆက်ခေါ်ရတဲ့သူ အရေအတွက် သိပ်မများဘူးကွ။ ဟေ့ကောင်လို့ အားမနာတမ်းခေါ်ရသူလဲနည်းတယ်။ နာမည်ရှေ့မှာ ကို၊ ဦး၊ ဒေါက်တာ၊ ဘာမှမပါဘဲခေါ်ဘို့ အားမနာရသူလဲ အဲလိုဘဲ ဗိုလ်သက်။ အဆင်းခရီးမှာ မင်းတို့ဆက်ရှိတာ အားရှိတယ်။

ဆေးကျောင်းမှာ သူငယ်ချင်းအုပ်စုရှိတယ်။ ခုနစ်နှစ်လုံးလုံး သွားတူလာတူပေါ့။ နိုင်ငံရေးသမားတွေလို သေတူရှင်မကွာလို့ မပြောပါ။ ကျွန်တော်တို့ထဲက တယောက် ဆုံးသွားပြီ။ တယောက်က အာဖရိကတိုက်ထဲက နိုင်ငံလေးတခု သွားလုပ်နေတယ်။ အိန္ဒိယမှာ နှစ်အစိတ်ကြာနေတဲ့ ကျွန်တော်လဲ မြန်မာပြည်နဲ့ ပိုဝေးတဲ့ဆီကို သွားရပြန်ပါဦးမယ်။ ကီလိုမီတာနဲ့ မိုင်နဲ့တိုင်းတာရင်တော့ ပိုဝေးသွားတာပေါ့။ ကျွန်တော်တို့က နာမည်ခေါ်တာနဲ့သာ တိုင်းကြတယ်။

(ဂရုဖိုတို) တော့ မရှိပါ။ ဘတ်ဒီ မဟုတ်ပါ။ ပါးလ် မဟုတ်ပါ။ ပါတနာလည်း မဟုတ်ပါ။ ဖရင်းဆိုတာ ဖေ့စ်ဘွတ်ပေါ်မှပါ။ ကျွန်တော်တို့ကတော့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် သက်ဆုံးတိုင့့်

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၄
၁၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး