Food and Literature for Children ကလေးစာ
RFA ဖေ့စ်ဘွတ်ပေါ်က မြန်မာစာအရေးအသားတွေ ဘယ်သူထိန်းသိမ်းမလဲ
Tint Swe ကျွန်တော်ကတော့ ပုံနှိပ်စာတွေပေါ်က မြန်မာစာအရေးအသားနဲ့ တီဗွီတွေပေါ်က မြန်မာစကားသံတွေကို ပိုပြီး စိုးရိမ်တယ်။
ဘန်းစကားဆိုတာက ရေစိမ်ခံမဟုတ်။ ဖေ့စ်ဘွတ်က နေ့မြင်ညပျောက်။ စာရွက်တွေက ခြမကိုက် ပိုးမစားမချင်း။ ကျွန်တော်တော့ ကွန်ပြူတာစာစီခေတ်မှာ စာရွက်ကောင်းကောင်းတွေနဲ့ ရိုက်ထုတ်တာတွေကို ကလေးတွေနေ့လည်စာ တရုပ်ကလာတာတွေလိုပဲ စိုးရိမ်နေတယ်။ ကလေးစာပေနဲ့ ကလေးသွားရည်စာ အတူတူပါ။
လူကြီးဖတ်နေရတာတွေကလည်း ဂျန့်ဖုဒ်တွေလိုပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မြန်မာစာ ထွန်းကာပါစေ။
ဒေါက်တာတင့်ဆွေ
၇-၁၁-၂ဝ၁၅

Comments
Post a Comment