At ငပျင်းများ ငဖျင်းများ
ပ တွေမှာ ရရစ် မပါ၊ ဖ မှာလည်း ရရစ်မထည့်၊ တွေ ကိုရေးတာ ဝဆွဲဖြုတ်ထားကြတယ်။
အဲလိုရေးလာတာ မကြာသေးပါ။ ကျွန်တော် ကျန်းမာရေးမေးတာတာတွေဖြေနေတာ ဆယ်နှစ်ကျော်ပြီ။ အဲလိုအမှားမျိုးက ခေတ်ပေါ်။
မှာ ရေးတာ ဟထိုးမပါ။ အိမ်မာတဲ့။ မာသောအိမ်။ ဆေးရုံမာတဲ့။ မာသောဆေးရုံ။ ပခုံးမာတဲ့ ကျွဲပခုံး။
ယုဒသန်အဘိဓာန်မှာ တွင် ၌ မှာ တဲ့။ ငါးတန်းကတည်းက အော်ကျက်ခဲ့ရတာက အေတီ အက်တ် ၌ မှာ တွင် ဝယ်။
ခေတ်ပေါ်စာရေးဆရာတွေ၊ ခေတ်ပေါ်ကဗျာဆရာတွေ၊ ခေတ်ပေါ်မြန်မာစာပါမောက္ခတွေက အဲလိုတွေ သင်ပေးနေကြ ရေးပြနေကြသလား မသိပါ။
တ ရိုးရိုးလေးရေးရမှာကိုတော့ စသတ်ခိုင်းထားပြီး၊ သည်စာလုံးတွေကိုတော့ သံခိပ်နည်းနဲ့ရေးနေကြတယ်။ မြန်မာစာမှာ ငပျင်းတွေ ငဖျင်းတွေက နေရာရနေတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁-၂၀၁၉

Comments
Post a Comment