ကေသီပန်
ကဗျာမြိုင်တွင် ပေါ်လှာဆန်းတယ်လို့
ညှာခိုင်အယဉ် လျော်ရာပန်းကို
ကြော်ငြာကမ်းချင်လို့ ဆွတ်ချွေသီ။
မွှေးရနံ့တွင်ဖြင့် တွေးအံ့စဘွယ်ဖန်ဖန်ကြူလို့
တရံရှူ ဘဝင်တွင်းမှာလှ
စံမတူ သွင်သွင်ချင်းတို့ရယ်
သင်းပျံ့တာရှည်။
တီတာတာ အမူပျို့ရန်ကော့
နီဝါဝါ ဖြူအညို့တွေက
မြှူသလို့ ပုံဟန်ချီ
ဂုဏ်လျှံကြည်ပါပေ့ မနော်ဟရီတနှုန်း
ပုံစံတမည်မှာတော့ဖြင့် တော်မဒ္ဒီတဘုန်း။
လှမျက်ခြယ် ရာ့သက်ဝယ် ဘယ်မညှိုးပြီဘူ့
အဘိုးနော် ရွှေပြည်တန်သမို့
ကေသီပန် ဆင်ယင်လို့ဝင့်တာဖြင့်
အမြဲတကယ်ပင် ပွဲလယ်တွင်တင့်ပါလိမ့်။
သွင့်မျက်နှာ ခါခါပြုံးလို့ရယ်
ချင့်တွက်စာ သာသာနှင့်သုံးလေတော့
ခင့်မက်စရာ ဖြာဖြာဖြင့် မဆုံးပေဘူ့
(အိုကွယ်) ပွင့်ခက်ရတနာ ကဗျာမာလာကုံး။
ပန်တော်ဆက်
တက္ကသိုလ်မောင်သန့်စင်
တစ်ရံရှူ မဟုတ်။ ပုံစံတစ်မည်မှာတော့ဖြင့် မဟုတ်။ အမြဲတစ်ကယ်ပင် မဟုတ်။ မနော်ဟရီတစ်နှုန်း မဟုတ်။ တော်မဒ္ဒီတစ်ဘုန်း မဟုတ်။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၉
ညှာခိုင်အယဉ် လျော်ရာပန်းကို
ကြော်ငြာကမ်းချင်လို့ ဆွတ်ချွေသီ။
မွှေးရနံ့တွင်ဖြင့် တွေးအံ့စဘွယ်ဖန်ဖန်ကြူလို့
တရံရှူ ဘဝင်တွင်းမှာလှ
စံမတူ သွင်သွင်ချင်းတို့ရယ်
သင်းပျံ့တာရှည်။
တီတာတာ အမူပျို့ရန်ကော့
နီဝါဝါ ဖြူအညို့တွေက
မြှူသလို့ ပုံဟန်ချီ
ဂုဏ်လျှံကြည်ပါပေ့ မနော်ဟရီတနှုန်း
ပုံစံတမည်မှာတော့ဖြင့် တော်မဒ္ဒီတဘုန်း။
လှမျက်ခြယ် ရာ့သက်ဝယ် ဘယ်မညှိုးပြီဘူ့
အဘိုးနော် ရွှေပြည်တန်သမို့
ကေသီပန် ဆင်ယင်လို့ဝင့်တာဖြင့်
အမြဲတကယ်ပင် ပွဲလယ်တွင်တင့်ပါလိမ့်။
သွင့်မျက်နှာ ခါခါပြုံးလို့ရယ်
ချင့်တွက်စာ သာသာနှင့်သုံးလေတော့
ခင့်မက်စရာ ဖြာဖြာဖြင့် မဆုံးပေဘူ့
(အိုကွယ်) ပွင့်ခက်ရတနာ ကဗျာမာလာကုံး။
ပန်တော်ဆက်
တက္ကသိုလ်မောင်သန့်စင်
တစ်ရံရှူ မဟုတ်။ ပုံစံတစ်မည်မှာတော့ဖြင့် မဟုတ်။ အမြဲတစ်ကယ်ပင် မဟုတ်။ မနော်ဟရီတစ်နှုန်း မဟုတ်။ တော်မဒ္ဒီတစ်ဘုန်း မဟုတ်။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၉

Comments
Post a Comment