Breast self-examination ရင်သားအား မိမိဖါသာစမ်းသပ်နည်း


(ကန်တော့)

၁။ မင်္ဂလာပါ ဒေါက်တာရှင့် ကျွန်မအသက်က ၃၀ပါ အပျိုပါ။ ရင်သားအောက်ဘက်နားမှာ အကျိတ်တွေ့လို့ပါရှင့်။ ရင်သား ကင်ဆာနဲ့ပက်သက်တဲ့အကြောင်းအရာနဲ့ ရိုးရိုးအကျိတ်ဖြစ်တဲ့အကြောင်း ခွဲခြားပြီး ပြောပြပေးပါရှင့်။ သိတာ ၂ရက် ရှိပါပြီ။

၂။ ရိုသေစွာဖြင့်မေးမြန်းပါသည်ဆရာရှင့်။ ရင်သားကင်ဆာရဲ့လက္ခဏာတွေက ဘယ်လိုမျိုးစသိနိုင်ပါသလဲ။ ကျွန်မသည် ကလေး ၂ ယောက်မိခင် အသက် ၃၄ နှစ်ပါ။ ကလေးတွေကိုမွေးပြီး ၃ လကျော်အထိဘဲနို့တိုက်ဖူးပါတယ်။ ၃ လခံ ထိုးဆေး ထိုးဖူးပါတယ်။ ကျွန်မ၏ရင်သား ၂ ဖက်က အရွယ်မတူတာကိုသတိထားမိလို့ပါ။ ဘယ်ဘက်ရင်သားက နဲနဲ ပိုငယ်နေပါတယ်။ အကျိတ်အဖုတော့ မတွေ့မိပေမယ့် ရင်သားကင်ဆာမျိုးရိုးလဲမရှိပေမယ့် ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါ။ ဘယ်လိုမျိုးများ စမ်းသပ်မှုတွေလုပ်သင့်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်။

ရင်သားအရွယ်မတူတာ လူတိုင်းလိုလိုမှာရှိတယ်။ စိုးရိမ်စရာမရှိပါ။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာမျိုးစုံရဲ့ ၁ဝ့၎% ရှိတယ်။ ၂ဝဝ၄ ခုနှစ်က တကမ္ဘာလုံးမှာ ၅၁၉ဝဝဝ ယောက် ဒီရောဂါနဲ့ သေဆုံးခဲ့ရတယ်။ သေဆုံးသူ စုစုပေါင်းရဲ့ ၁% ဖြစ်တယ်။ ကင်ဆာကြောင့် သေဆုံးသူထဲကဆိုရင် ၇% ဖြစ်တယ်။ ယောက်ျားတွေမှာလည်း ဖြစ်တတ်ပေမဲ့ အမျိုးသမီးတွေမှာက အဆ ၁ဝဝ ပိုတယ်။

ရင်သားအား မိမိဖါသာ စမ်းသပ်နည်း
ဘယ်ဘက်ရင်သား စမ်းသပ်ရန် ညာဘက်လက်ကိုသုံးပါ။ ညာဘက်ရင်သား စမ်းသပ်ရန် ဘယ်လက်ကိုသုံးပါ။ ဖိအား ခပ်တင်းတင်းသုံး၍ စမ်းပါ။ ဘာ Lotion လိမ်းစရာမှ မသုံးပါနဲ့။ ရင်သားတပြင်လုံးကို -
(၁) နာရီလက်တံ သွားသလို စက်ဝိုင်းလည်၊
(၂) နာရီလက်တံ ပြောင်းပြန်သွားသလို စက်ဝိုင်းလည်၊
(၃) အထက်မှ အောက်၊
(၄) အောက်မှ အထက်၊ စမ်းပါ။ ဘီး စပုတ်တံများလိုလည်း စမ်းနိုင်တယ်။ နေရာအနှံ့ ထိမိစေဘို့သာ အရေးကြီးတယ်။

မှန်ရှေ့မှာ မျက်နှာချင်းဆိုင် ရပ်ပါ။ ရင်သား တဖက်စီအား သပ်သပ်စီ ကြည့်ပါ။ အရွယ်အစား၊ ပုံပန်း၊ အရောင်၊ နို့သီး၏ အနေအား (ခွက်ဝင်နေသလား၊ အရောင်မတူဘူးလား၊) နှင့် အရွယ်အစား၊ တဖက်နှင့်တဖက် ညီသလား။ နို့သီးမှ အရည် (နို့၊ အကြည်ရည်၊ သွေး၊ ပြည်) ထွက်သလား ညှစ်ကြည့်ပါ။ အပေါ်ယံအရေပြား၏ နူးညံ့မှု ပြောင်းသွားသလား။
• လက်တဖက်ကို ခေါင်းပေါ်မြှောက်ပါ။ ဘယ်-ညာ ဖြေးဖြေးလှည့်ပါ။ ရင်းသားကို ကြည့်ပါ။ အထဲမှာ အလုံး-အကျိတ် ရှိနေလို့ တနေရာမှာ ဖေါင်းနေသလား၊ ခွက်ဝင်နေသလား။
• ရှေ့ကို နည်းနည်းကုန်းပါ။ ထူးခြားတာ ဘာမြင်ရသလဲ။
• လှဲအိပ်လိုက်ပါ။ ရင်သားကို လက်ဝါးသုံးပြီး တဖက်ချင်း စမ်းပါ။
• ဂျိုင်း၊ ရင်သားဘေးနား နေရာများမှာ အလုံး၊ အကျိတ်၊ အနာ ရှိသလား။

သတိထားရမည့် တွေ့ရှိချက်များ
• ရင်သားမှာ အလုံး-အကျိတ်ရှိတိုင်း မစိုးရိမ်ပါနဲ့၊ တခုခုတွေ့သူတွေထဲက ၁ဝ ယောက် ၁ ယောက်မှာသာ ကင်ဆာ ဖြစ်တာပါ။
• အလုံး-အကျိတ်တွေ့ရင်၊ နေရာ၊ အရွယ်အစား၊ ပုံ သဏ္ဌာန်၊ အပြော့-အမာ (ပြော့-တင်း-မာ-အလွန်မာ)၊ ရွေ့ ရ-မရ၊ နာ-မနာ၊ တို့ကိုပါ စမ်းပါ။
• အလုံး-အကျိတ်ဟာ ကင်ဆာ၊ ကင်ဆာ မဟုတ်တဲ့အကျိတ်၊ နို့နာ၊
ဟော်မုန်းအပြောင်းအလဲ (အပျိုဝင်ချိန်၊ ကိုယ်ဝန်ရှိစဉ်၊) ကြောင့်ဖြစ်တဲ့ ရောဂါမဟုတ်တဲ့ ပြောင်းလဲမှု ဖြစ်တတ်တယ်။
• အလုံး-အကျိတ်ဟာ ဘေး၊ ဘယ်-ညာ၊ အထက်-အောက်၊ ရွေ့၍ရလျှင် ကင်ဆာ ဖြစ်ခဲပါတယ်။
• အသက်ငယ်လျှင် ကင်ဆာ မဖြစ်တာများတယ်။
• နာလျှင် အနာ (နို့ရောင်-ပြည်တည်နာ) သဘောသာ ဖြစ်တတ်တယ်။
• မာလျှင် ကင်ဆာဖြစ်ဘို့ နီးစပ်တယ်။
• နို့သီးထိပ် ခွင်ဝင်နေရင် ကင်ဆာ ဖြစ်ဘို့များတယ်။
• နို့ထိပ်မှ သွေးထွက်ရင် ကင်ဆာဖြစ်နိုင်တယ်။
• အရေပြားဟာ လိမ်မော်သီးအခွံလိုနေလျှင် အထဲမှာ ကင်ဆာ ဖြစ်တတ်တယ်။
• ချိုင်း အကျိတ်တွေ့လျှင် ကင်ဆာ သို့မဟုတ် နို့နာကနေ လာတာ ဖြစ်နိုင်တယ်။
• ရင်သား၊ ဂျိုင်း (ဘယ်-ညာ) နေရာမှာ အလုံး၊ အကျိတ်၊ အနာ တခုခုရှိခြင်း၊ (နို့နာ သို့မဟုတ် ကင်ဆာ ကနေလာတာ၊)
• ရင်သား အရေပြား တနေရာမှာ ခွက်ဝင်နေခြင်း၊ ဖေါင်းနေခြင်း၊ (အထဲမှာ အလုံး-အကျိတ်ရှိနေခြင်း၊)
• နို့သီးထိပ်မှ မညှစ်ဘဲဖြစ်စေ၊ ညှစ်လို့ဖြစ်စေ သွေးထွက်ခြင်း၊ (ကင်ဆာ)
• ရင်သားအနာ အကြာကြီး မပျောက်နိုင်ခြင်း၊ (ကင်ဆာ)
• ရင်သားမှာ ထူးပြီး နာ၊ ယား၊ နီမြန်းခြင်း၊ (ကင်ဆာ၊ ပိုးဝင်ခြင်း၊)
• နို့သီးထိပ် ခွက်ဝင်နေခြင်း၊ (ကင်ဆာ)

တွဲဖတ်နိုင်တဲ့စာများ -
1. Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ http://doctortintswe.blogspot.com/2015/02/bras-and-breast-cancer.html
2. Breast Beauty ရင်သားအလှ http://doctortintswe.blogspot.com/2014/12/breast-beauty.html
3. Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://doctortintswe.blogspot.com/2014/11/breast-benign-lumps.html
4. Breast Cancer (1) ရင်သား-ကင်ဆာ (၁) http://doctortintswe.blogspot.com/2015/02/breast-cancer-1.html
5. Breast Cancer (2) ရင်သားကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/breast-cancer-2_5.html
6. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://doctortintswe.blogspot.com/2015/02/breast-cancer-chemotherapy_5.html
7. Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ http://doctortintswe.blogspot.com/2015/06/breast-cancer-risk.html
8. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://doctortintswe.blogspot.com/2015/02/breast-cancer-today.html
9. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2014/10/breast-cancer-treatment-regimes.html
10. Breast Cancer ရင်သား-ကင်ဆာ http://doctortintswe.blogspot.com/2014/10/breast-cancer.html
11. Breast Conditions ရင်သား ကျန်းမာရေး http://doctortintswe.blogspot.com/2015/02/family-history-of-cancer.html
12. Breast enlargement ရင်သားကို ကလေးအတွက် သေးမနေချင်ဘူး http://dts-medicaleducation.blogspot.com/2010/10/brest-enlargement.html
13. Breast Enlargement ရင်သားအမေး http://doctortintswe.blogspot.com/2016/02/breast-enlargement.html
14. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://doctortintswe.blogspot.com/2014/11/breast-fibroadenosis.html
15. Breast Implant ရင်သားအတု http://doctortintswe.blogspot.com/2014/10/breast-implant.html
16. Breast Inverted nipples နို့ပါးစပ် http://doctortintswe.blogspot.com/2014/11/breast-inverted-nipples.html
17. Breast Itching ရင်သား ယားခြင်း http://doctortintswe.blogspot.com/2014/11/breast-itching.html
18. Breast lump (ကင်ဆာ) မဟုတ်တဲ့ ရင်သား-အကျိတ် http://dts-medicaleducation.blogspot.com/2011/01/breast-lump.html
19. Breast Massage ရင်သား နှိပ်နယ်ခြင်း http://doctortintswe.blogspot.com/2015/03/breast-massage.html
20. Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
21. Breast pain ရင်သားနာတာ ဘာလို့ပါလဲ https://doctortintswe.blogspot.com/2020/01/breast-pain.html
22. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://doctortintswe.blogspot.com/2014/10/breast-reconstruction.html
23. Breast reduction ရင်သားသေးအောင်လုပ်ခြင်း http://doctortintswe.blogspot.com/2016/04/breast-reduction.html
24. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း http://doctortintswe.blogspot.com/2014/11/breast-self-examination.html
25. Breast-feeding cuts moms’ risk of breast cancer နို့တိုက်မိခင်များ ရင်သားကင်ဆာမဖြစ်နည်း http://doctortintswe.blogspot.com/2015/04/breast-feeding-cuts-moms-risk-of-breast.html
26. Carcinoembryonic Antigen (CEA) http://doctortintswe.blogspot.com/2015/06/carcinoembryonic-antigen-cea.html
27. Deformed Nipples နို့သီးရောဂါများ http://doctortintswe.blogspot.com/2015/03/deformed-nipples.html
28. Extra Nipples နို့သီးအပို http://doctortintswe.blogspot.com/2015/12/extra-nipples.html
29. Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/breast-conditions.html
30. Fibrocystic breasts ရင်သားအကျိတ် http://doctortintswe.blogspot.com/2015/04/fibrocystic-breasts.html
31. Hormone therapy and breast cancer ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေး http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
32. Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ http://doctortintswe.blogspot.com/2015/09/invasive-ductal-carcinoma.html
33. Inverted nipples နို့ပါးစပ် http://doctortintswe.blogspot.com/2015/01/inverted-nipples.html
34. Mastitis and Breast Abscess နို့နာ http://doctortintswe.blogspot.com/2014/11/breast-abscess-and-mastitis.html
35. New treatment for drug-resistant breast cancer found ဆေးယဉ် ရင်သားကင်ဆာအတွက် ဆေးကုနည်းသစ် http://doctortintswe.blogspot.com/2015/04/new-treatment-for-drug-resistant-breast.html
36. Nipple Crack and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း http://doctortintswe.blogspot.com/2014/11/nipple-crack-and-fissure.html
37. Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင် http://doctortintswe.blogspot.com/2015/06/nipple-discharge.html
38. Nipples (1) နို့သီးခေါင်း အကြောင်း http://doctortintswe.blogspot.com/2014/11/nipples-1.html
39. Nipples (2) ထိပ်ဖျားအရောင် တိမ်တောင်သဖွယ် http://doctortintswe.blogspot.com/2014/11/nipples-2.html
40. Nipples (3) ရင်သားထိပ်ဖျားသည် http://doctortintswe.blogspot.com/2014/11/nipples-3.html
41. No Bra Day နိုးဘရာဒေး http://doctortintswe.blogspot.com/2015/10/no-bra-day.html
42. Types of Brest Cancers ရင်သားကင်ဆာအမျိုးအစားများ http://doctortintswe.blogspot.com/2015/04/types-of-brest-cancers.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး