Hepatitis C mother and breastfeeding စီပိုးမိခင်နဲ့ ချိုတိုက်ခြင်း

၁။ ကလေးမြို့ ကပါ။ သမီး စီပိုး ရောဂါသည်ပါ။ ပိုးကောင်ရေက ၁၁၈၇ ရှိတယ်။ သိချင်တာ ကလေးမွေးတုန်းက နို့တိုက်ရ/မရ သွေး HBe Ag စစ်လိုက်တာ non-reactive တဲ့။ OG က နိုက်တိုက်လို့ရတယ်တဲ့။ ဒီနေ့ ၅ လ ရွယ် ရောက်နေပြီ။ ကျွန်မ စီရောဂါကုချင်နေလို့ ကလေးကိုနို့ဖြတ်ရမှာလား။ ဆက်တိုက်ရလား။ အသည်းဆေးစားရင်းနဲ့ ကလေးနို့တိုက်နေရင်ကလေးကို ဒုက္ခရောက်မလား။ မိခင်နို့ကနေရောဂါကူးလို့ ရတယ်လဲပြောကြသေးတယ်။ မွေးစကတည်းကနေ နို့တိုက်နေပြီမို့ စိတ်ပူရတယ်။ ကလေးမှာစီရောဂါ ကူးနေပြီလား။ ဆရာ့ကိုအားကိုးတယ် ကျေးဇူးပြု၍ စာပြန်ပါရှင့်။

၂။ ဆရာရှင့် ကျမကရန်ကုန်ကပါ။ အသက် ၃၅၊ ကိုယ်ဝန်က ၉ လပါ။ ဒုတိယကိုယ်ဝန်ပါရှင့်။ ပထမသားလေးက ၇ နှစ်ပါ။ အခုကိုယ်ဝန် ၅ လမှာသွေးစစ်တော့ စီပိုးရှိနေပါတယ်။ ကောင်ရေစစ်တော့ တစ်သန်းရှိပါတယါရှင့်။ အဲဒါ ကလေးမွေးပြီး နို့မတိုက်နဲ့လို့ Og ရော ကလေးအထူးကုကရောပြောပါတယ်။ ကူးတတ်လားဆိုတာကို ပြောပြပေးပါဆရာရှင့်။ ကျမ စိတ်ပူနေမိလို့ပါ။ ပထမသားလေးကိုယ်ဝန်မှာတော့ ဘာရောဂါမှမရှိပါဘူးရှင့်။ ရာသီသွေးကလည်း ကူးတတ်တယ်ဆိုတော့ ထိမိရင်ဆပ်ပြာနဲ့လက်ကိုဆေးယုံနဲ့ရလားဆရာရှင့်။ ကလေးမှာဖြစ်ရင်ရော ကုဖို့ဆေးရှိလား။ နို့မတိုက်ရဘူးဆိုတော့ စီပိုးဆေးကို ကလေးမွေးပြီး ၃ လလောက်ဆိုသောက်လို့ရပြီလားရှင့်။ ကျမက အခု ၃ လပိုင်း ၁၄ နေ့ ခွဲမွေးပါမယ်ရှင့်။

၃။ ပိုးမိခင် ကလေးနို့တိုက်လို့ရလား။ နို့တိုက်ကာလ ရောဂါကုလို့ရပါသလားရှင်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

၎။ ဆရာ ကျမမှာ C ပိုးရှိပါတယ်။ ဆရာ့စာတွေဖတ်ပြီးပါပြီ။ ဒါပေမယ့် ကျမ OG က ကလေးမွေးပြီးရင် မိခင်နို့ မတိုက်စေချင်ဘူး ပြောပါတယ်။ ကျမ စိတ်ညစ်ရပါတယ်။ တကယ်ပဲ ကလေးအတွက် အသင့်တော်ဆုံးက အဲ့နည်းလမ်းပဲ ရှိပါသလား။ မိခင်နို့မတိုက်ရင် ကလေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးတတ်ပါသလား။ မိခင်နဲ့ကလေးကြား သံယောဇဉ် နည်းသွားနိုင်ပါသလား။ မိခင်နို့ကို ၆ လလောက်အထိတိုက်လို့မရဘူးလားလို့ OG ကိုမေးပါတယ်။ မတိုက်တာ အကောင်းဆုံးပါတဲ့။ ကျမ တညလုံးငိုရပါတယ်။ တကယ်ပဲ စီပိုးမိခင်တွေမှာ နို့ချိုတိုက်ကျွေခွင့် ဆုံးရှုံးရတော့မှာပါလား။ နို့ဘူးတိုက်ရင် တိုက်ရမယ့်စံနှုန်းကို ဆရာ့ဆီက ကူးမှတ်ထားပါတယ်။ ကျေးဇူးပါရှင့်။

ဆရာဝန်တွေကြားမှာ အယူအဆမတူကြပါ။ ဆရာ့သဘောကတော့ နို့တိုက်သင့်ပါတယ်။ စီပိုးဟာ သွေးကနေသာ ကူးစက်တာ အများဆုံးပါ။ HIV ရောပါတွဲရှိနေရင်တော့ နို့တိုက်တာအတွက် ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။ အဲဒီအကြံပြုချက်ဟာ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးနဲ့ ကလေးဆေးပညာ အကယ်ဒမီတို့ဆီကအတိုင်း ဖြစ်ပါတယ်။ ဆေးသုတေသနအရ စီပိုးဟာ နို့ရည်ထဲမရောက်လာနိုင်ဘူးလို့ယူဆလာကြပါတယ်။

အမေရိကမှာ စီပိုးရှိတဲ့ကလေးမိခင်ပေါင်း ၃့၂ သန်းရှိနေတယ်။ နှစ်စဉ် ကလေးပေါင်း ၄ ထောင်ကို စီပိုးကူးစက်နေတယ်။ မိခင်မှာ စီပိုးရှိနေရင် ကလေးကိုကူးစက်စေဘို့ ၃-၅% အလားအလာရှိတယ်။ တကယ်လို့ မိခင်မှာ HIV ရောပါရှိနေရင် အလားအလာက ၂ဝ% ဖြစ်မယ်။ ကံကောင်းတာက စီပိုးရှိနေပေမယ့် ကိုယ်ဝန်ကို အနုတ်သဘောသက်ရောက်မှု မရှိပါ။ ကိုယ်ဝန်သည်ဟာ အရင်ကဖြစ်ဖြစ် ကိုယ်ဝန်နဲ့ဖြစ်ဖြစ် မူးယစ်ဆေးရင်တော့ ပိုဆိုးစေနိုင်တယ်။ ဆေးထိုးအပ်၊ စီပိုးရှိသူနဲ့ လိင်ဆက်ဆံတာ၊ တက်တူးထိုးတာတွေကနေလည်း ကူးစက်လာနိုင်တယ်။

ကိုယ်ဝန်ရှိတိုင်းတော့ ပုံမှန်အားဖြင့် စီပိုးစစ်စရာ မလိုပါ။ မိခင်မှာ စီပိုးရှိရင်တော့ မွေးလာတဲ့ကလေးကို စီပိုးစစ်ရမယ်။ ကလေးမွေးနည်းမှာလည်း ဗိုက်ခွဲမွေးမှသာ ကလေးကိုကူးစက်တာနည်းမယ်ဆိုတာ မမှန်ပါ။ ရိုးရိုးမွေးလို့ရပါတယ်။ အဲလိုပြောနိုင်တာက ၁၉၄၇ ကနေ ၂ဝ၁၂ အထိ အော်ရီဂွန် ကျန်းမာရေးသိပွံတက္ကသိုလ်ကနေ သုတေသနလုပ်တာ ဖြစ်ပါတယ်။ အဲတာက လေ့လာမှုအရေအတွက်နည်းသေးတယ်လို့ထောက်ပြတာလည်းရှိတယ်။

စီပိးရှိမိခင်မှာ နို့သီးကွဲပြီး သွေးထွက်နေတာရှိရင်လည်း ကလေးစို့လို့ ကလေးကိုကူးမယ်ဆိုတာ မသေချာပါ။ မိခင်ရဲ့ တခြားနေရောတွေကနေထွက်တဲ့သွေးကတော့ ကလေးကိုကူးစက်လာနိုင်တယ်။ ကလေး မွေးကတည်းကနေ ၁၈ လ သားအထိ မိခင်ဆီကနေရတဲ့ အင်တီဘော်ဒီခေါ် ခုခံအားရတယ်။ အဲတာကြောင့် ကလေးကိုဆေးစစ်ရင် စီပိုး အင်တီဘော်ဒီ စစ်တာ မထူးခြားစေပါ။ Viral test သာလုပ်ရမယ်။ ကလေးဆေးစစ်တာ ၂ နှစ်သားမတိုင်ခင် လုပ်သင့်တယ်။ လူကြီးတွေကိုစစ်သလိုပါပဲ။ ကံကောင်းတာနောက်တခုက ကလေးဟာ အပေါင်းပြနေလည်း နောက် ၂ နှစ်နေရင် ကင်းရှင်းသွားနိုင်တာ ၄ဝ% ရှိတယ်။ တချို့ကလေးတွေက ၇ နှစ်သားမှာ ကင်းရှင်းတယ်။

အသည်းရောင်စီပိုးဆေးများနှင့် ကိုယ်ဝန် + နို့တိုက်မိခင်
Ribavirin ဆေးကို FDA ကနေ Pregnancy category X သတ်မှတ်ထားလို့ ကိုယ်ဝန်မှာ မသုံးရပါ။ ကလေးနို့တိုက်ချိန်မှာလည်း မသုံးသင့်ပါ။ Telaprevir, Ribavirin, Peginterferon alfa combination therapy ဆေးတွေကို FDA ကနေ Pregnancy category X သတ်မှတ်ထားလို့ ကိုယ်ဝန်မှာ မသုံးရပါ။ ကလေးနို့တိုက်ချိန်မှာလည်း မသုံးသင့်ပါ။ Sofosbuvir (Sovaldi) ဆေးကနေ ကိုယ်ဝန်ဆောင်ချိန်မှာသုံးလို့ အထဲကကလေးကိုထိခိုက်စေတာ သက်သေမပြနိုင်ပါ။ ဒါပေမယ့် Monotherapy ဒီဆေးတမျိုးတည်းပေးနည်းကိုလည်း မလုပ်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး