ပုတ်သင်စိမ်းနှင့်တူသော မြန်မာစာ

မြန်မာစာ သတ်ပုံအကြောင်း ရေးပေါင်းများပါပြီ။ ကန်တော့။ ဆောရီး။

ကနေ့ တ ကို စသတ်လုပ်တဲ့ဘက်မှာ ထိပ်တန်းက အသားပေးနေသူတွေထဲမှာ ပါမောက္ခ မောင်ခင်မင်ပါတယ်လို့ ထင်ပါတယ်။ မဟုတ်ရင်တော့ ဆောရီး။ ကန်တော့။

မောင်ခင်မင်ရေးသားထားတဲ့ စကားပြောသဘောတရား စကားပြေအတတ်ပညာစာအုပ်ကို တွေ့လာပါတယ်။ အဖုံးနဲ့ ခုနှစ် ရှာမတွေ့ပါ။ စာမျက်နှာ ၃၁ နဲ့ အဆုံးစာမျက်နှာ ၄၆၂ ကိုသာ ဓါတ်ပုံရိုက်ပြီး တင်ပြပါရစေ။

နောက်တမျိုးသည် အဖြစ်အပျက်တခုခု ဖြစ်ပျက်နေပုံ၊ အမူအရာတခုခု လှုပ်ရှားနေပုံတို့ကို ဖြစ်ပျက်လှုပ်ရှားမှု ထင်ရှားအောင် ရေးပုံမျိုးဖြစ်သည်။ ပုံစံအားဖြင့် ကျွန်ုပ်၏တနေ့တာ ဖြစ်ရပ်များအကြောင်း၊ ဝတ္ထုတပုဒ်အကြောင်း စသည် တို့ကို ဖြစ်စဉ်အတိုင်း ရေးဖွဲ့ပုံမျိုးဖြစ်သည်။

နောက်တမျိုးမှာမူ သဘောတရပ်ရပ်ကို စာဖတ်သူ လက်ခံလာအောင် အကျိုးအကြောင်း ဆက်စပ်ရေးပုံမျိုးဖြစ်သည်။

စာတပိုဒ်တွင် ထိုအဖွဲ့လေးမျိုးသည် တမျိုးစီ သီးသီးသန့်သန့် တည်ရှိနေလိမ့်မည်ဟူ၍ကား မဆိုနိုင်ပါ။ တမျိုးနှင့် တမျိုး ရောနှောနေတတ်သည်က များပါသည်။

တ အားလုံးကို စသတ်မထားပါ။ အဆုံးစာမျက်နှာမှာ -

နိဂုံးစကားဆိုပါမည်။ စကားပြေ စာပေအသက် ဟူ၍ ဆရာမင်းသုဝဏ်က ကြွေးကြော်ခဲ့ဖူးပါသည်။

ဆရာမင်းသုဝဏ်က ကွယ်လွန်တဲ့အထိ တတွေကို မလိုအပ်ပဲ တစ်မသွားခဲ့ပါ။ ကျွန်တော်လည်း ဆရာမင်းသုဝဏ်ကို အတုခိုးပါတယ်။

တချို့က အရောင်ပြောင်းတယ်။ တချို့က အရေခွံလဲတယ်။ တချို့က ဘက်ပြောင်းတယ်။ သက်ရှိတွေသာမက မြန်မာစာလည်း ပုတ်သင်စိမ်း လိုပါတကား။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး