Sanitary pad သန့်ရှင်းရေးသုံးပစ္စည်းများ

(ကန်တော့)

မင်္ဂလာ နံနက်ခင်းပါဆရာ သိချင်တာလေး တခုလောက်မေးခွင့်ပြုပါ။ လစဉ်သုံးအမျိုးသမီး ပူရှိန်းပါတဲ့ ဂွမ်းထုပ်တွေ သုံးရင် အန္တရာယ်ရှိနိုင်လားဆရာ

အမျိုးသမီးတွေအတွက် လစဉ်သန့်ရှင်းသုံးပစ္စည်းကို အမျိုးမျိုးခေါ်တယ်။ Sanitary pad, Menstrual pad, Sanitary napkin, Sanitary towel, Pad စသဖြင့်။ လစဉ်ရာသီလာစဉ်ရက်တွေ၊ ကလေးဖွားပြီးစရက်တွေနဲ့ ကိုယ်ဝန်ပျက်ပြီးစ ရက်တွေမှာ သုံးရတယ်။ Tampons ဆိုတာနဲ့ Menstrual cups တွေက ဗဂျိုင်းနားထဲထည့်ထားရတာ။

ကလေးငယ်တွေ အညစ်အကြေးသုံး Diaper ဒိုင်ယာပါ၊ ဆီးမလုံတဲ့အမျိုးသမီးသုံး ဒိုင်ယာပါတွေလည်းရှိတယ်။

တကိုယ်ရေသန့်ရှင်းရေးသုံးတွေဆိုတာ ရိုးရှင်းလေ ကောင်းလေ။ အဆန်းတွေ မွှေးတာတွေ အသစ်ပေါ်တာတွေ စိတ်မချရ။

တလက်စတည်း ရေးပါရစေ။ ကွန်ဒွမ်လည်း အဲလိုပဲ။ သစ်တိုင်း ဆန်းတိုင်း ကြောငြာကောင်းတိုင်း မကောင်းတတ်ပါ။ အဆန်းတွေပါရင် အလာဂျီကို စဉ်းစားရတယ်။ အသစ်တွေမှာ လေ့လာမှု မစုံသေးပါ။

ဒေါက်တာတင့်ဆွေ
၉-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး