Flu Vaccine တုပ်ကွေးကာကွယ်ဆေး


၁။ ဆရာတင်ထားတဲ့ တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ Post တခုမှာ ရာသီဥတု အေးလာချိန်မှသာ တုပ်ကွေး ၀င်ပါတယ်။ အခုမှ ပူမလို့ရှိသေးတယ်၊ အစောကြီး ကြိုတင်ထိုးရန်မလိုပါဆိုတာကို ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ COVID 19 စ တွေ့ပြီဆိုတဲ့ ကာလတုန်းက ဆရာရေးခဲ့တဲ့ Post တခုမှာ Flu Vaccine ကြိုထိုးထားဆိုတဲ့ စာလေးကို ဖတ်မိလိုက်ပါတယ်ရှင့်။ အဲဒီတုန်းက March လ။ မိသားစုဝင်အားလုံးကို တုပ်ကွေးကာကွယ်ဆေး ထိုးလိုက်မိပါတယ်။ ခုဆို အစောကြီးထိုးစရာမလိုဆိုတော့ ဆေးရဲ့ effect က ထိရောက်ပါ့မလားဆရာ။ ထပ်ထိုးဆရာလိုသေးလား၊ ဘယ်အချိန်ပြန်ထိုးသင့်လဲ သိပါရ စေဆရာ။ ဆရာ့ အဖြေကိုစောင့်နေတုန်း ဒီရက်ပိုင်းမှာပဲ တုပ်ကွေးဆေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ထပ်တက်လာလို့ တဆက်တည်းမေးပါရစေဆရာ။ မြန်မာနိုင်ငံက FDA အသိမှတ်ပြု ဆေးက Vaxigrip tetra နဲ့ Influvac  ၂ မျိုးပဲရှိပါတယ်တဲ့ ဒါကလည်း မေလ လောက်မှပစ္စည်းက၀င်ပါတယ်တဲ့။ ကျမတို့ ထိုးလိုက်တာက Fluarix tetra ဆရာဝန်တယောက် ထိုင်းက သွင်းတာပါ။ Cold Chain error ဖြစ်နိင်လို့  side effects ရှိတယ်ဆိုပြီးလည်းဖတ်ရပါတယ်ရှင့်။ အဲ့ဒီ side effects က ဘာဆိုတာတော့ မသိရပါဘူးဆရာ။ ခုလို FDA မရှိသေးတဲ့ ဆေးကိုအချိန်စောထိုးထားမိလို့ FDA ရှိဆေးကို ခု ၅ လပိုင်းမှာ ထပ်ထိုးစရာလို မလို သိပါရ စေရှင့်။

ကာကွယ်ဆေးတွေ ကိုးလ်ချိန်း ပျက်ရင် အာနိသင်သာ ထိရောက်မှု ကျမယ်။
တုပ်ကွေးကာကွယ်ဆေးကို ယူအက်စ်အေမှာတော့ အေးလာချိန်နီးရင် တနှစ်တခါ ထိုးကြရတယ်။
အသက်ကြီးသူတွေက ပိုလိုအပ်တယ်။ ကိုယ်ခံနာတာရှည်ရောဂါရှိနေသူတွေလည်း လိုအပ်တယ်။
တခါထိုးရင် တနှစ်ခံတယ်။ ဆေးကို တနှစ်တကြိမ်အသစ်ထုတ်ရတယ်။

၂။ တုပ်ကွေးကာကွယ်ဆေး ထိုးဆေးက လူကြီးနဲ့ကလေးအတူတူပဲလားဆရာ လူကြီး ၂ ယောက်နဲ့ ကလေး ၅ နှစ် တယောက် ၁၁ နှစ်တယောက်ထိုးချင်လို့ပါ ဆရာ ဆေးရောင်းသူက ကလေး လူကြီးဆေးက အတူတူပဲပြောလို့ပါ ဆရာ

Flu Vaccine တုပ်ကွေးကာကွယ်ဆေးကို ယူအက်စ်အေမှာ Flu shot ခေါ်တယ်။ ယူကေမှာ Flu Jab လို့ခေါ်တယ်။ ဆေးတွေကတော့ -
1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) အသားဆေးထိုးဆေးနဲ့
2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) နှာခေါင်းထဲထည့်ဆေးဖြစ်တယ်။

WHO သတ်မှတ်ချက်အရ အသက်ကြီးသူတွေ၊ နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ၆ လကနေ ၂ နှစ်အထိကလေးတွေကို ထိုးစေပါတယ်။ အမေရိကားမှာ အသက် ၆ လ အထက်ကိုသာထိုးတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ဆေးမထိုးဖို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ထိရောက်မှုအတွက် မတူတဲ့ကိန်းဂဏန်းတွေရှိတယ်။

ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးဈေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။ ကျွန်တော်တော့ ထိရောက်တယ်ထင်တယ်။ ဘေးထွက်သက်ရောက်မှုလည်း မခံရပါ။

အမေရိကားမှာ Nasal spray (Live attenuated virus) နှာခေါင်းပန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။
• ၂ နှစ်အောက်ကလေးတွေ၊
• အသက် ၅ဝ ကျော်သူတွေ၊
• အလာဂျီရတတ်သူတွေ၊
• ပန်းနာရှိသူတွေ၊
• ကလေးတွေမှာ Aspirin ဆေးပေးနေရသူတွေ၊
• နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊
•AIDS ရှိသူတွေနဲ့
• ကိုယ်ဝန်ဆောင်တွေ။

ကြက်ဥနဲ့မတည့်သူတွေကို တုပ်ကွေးကာကွယ်ဆေးပေးလို့မရပါ။ Flublok Seasonal Influenza (Flu) Vaccine ကို အသက် (၁၈) နှစ်ကျော်ရင် ထိုးနိုင်တယ်။

ထိုးထားပြီးသူတွေ မမှားပါ။ ကျွန်တော်တို့နိုင်ငံမှာ အစစအရာရာ ပိုကောင်းအောင် အားလုံးကကြိုးစားကြရပါမယ်။ ကျွန်တော်က စာသာရေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ