Bend with the wind လေနဲ့အတူယိမ်း

- မနက်ခင်း လင်းကတည်းက လေပြင်းတော့မဟုတ်၊ ခပ်သုတ်သုတ်တိုက်နေတဲ့လေဟာ တနေကုန်ပါ။
- ကနေ့လေက နည်းနည်းပြင်း၊ မိုးလေဝသသတင်းအရ၊ လေက တနာရီ ၁၉ မိုင်။ မိုင်နှုန်းထက် မခံနိုင်မှုနှုန်းဟာ ပိုလို့သာ။
- မိုးကလည်းရွာ၊ ကောင်းကင်မှာက မှုံပြာပြာ။ သစ်ပင်တွေဟာ လေလာရင်ယိမ်းထိုးနေကြပေမယ့်၊ ကြိုးကျတဲ့သစ်ပင် မမြင်ပါ။
- နေ့ခင်းမှာတော့ နေလင်းထင်းတာတွေ့ရသေး။ လေဝှေ့လိုက်ရင်အေးလို့ နေရောင်လေးမြင်ပေမယ့် အားကိုးချင်လို့ မရပါ။
- အိမ်ပြင်ထွက်ရသူတွေမှာ သွားရေးလာရေးမသာယာပါ။ ဆေးဆိုင်သွားမယ့် အန်တီခင်မြာ အိမ်ကနေထွက်ပြီးမှ ထီးနဲ့က သွားမရလို့ ပြန်ဝင်လာရပါ။
- ငှက်ကလေးတွေမှာ အစာထွက်မရှာနိုင်ကြပါ။ သူတို့ကိုကျွေးတဲ့နေရာကြည့် ဆန်စေ့မရှိရင် မှန်တံခါးနားလာအော် ဆရာကတော်ကို ခေါ်နေကြ။
- ကျွန်တော်ကတော့ဗျာ ဆန်စေ့လည်းရှာစရာမလို၊ လေဒဏ်ကိုလည်း မခံရပါ။ မေးခွန်းလာတာတွေကတော့ လေတိုက်သလို၊ ခပ်မိုက်မိုက်။ ဒါပေမယ့် ပန်းပြားပင်ထုံး နှလုံးမူလျက် သင်ဆရာများကို ရှိခိုးဦးခိုက်။ ။

Zen Wisdom (ဇင်အသိဉာဏ်)
• Bend with the wind လေကိုမဆန်
• Be steady တည်ငြိမ်မှန်
• Be patient သည်းညည်းလည်းခံ
• Be open to wonder မေးစရာကိုဖွင့်ထားရန်
• Be connected ချိတ်ဆက်ထားတာအမှန်

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး