Breathing poison in the world's most polluted city


• ကမ္ဘာ္ဘ့လေထုအညစ်ညမ်းဆုံး ဒေလီမှာ အဆိပ်သင့်လေရှူနေကြရသတင်း ကနေ့ထွက်တာတယ်။
• လန်ဒန်မြို့မှာဆိုရင် ဆာဟာရကလာတဲ့ဖုန်၊ မော်တော်ယာဉ်တွေက ထွက်တဲ့အငွေ့၊ ဥရောပကလာတဲ့ အခိုးအငွေ့တွေကြောင့် သတင်းစာကနေ လူတွေကို သတိပေးနရတယ်။ အခုတော့ လန်ဒန်မှာ အသက်ရှူစရာ ရလာပါတယ်။
• ဒါပေမယ့် ဒေလီမြို့တော်ကတော့ လေအရည်အသွေးအစီရင်ခံစာတွေအရ နေထိုင်သူတွေမှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
• လန်ဒန်မှာ ပြီးခဲ့တဲ့အပတ်က နေ့ ၂ နာရီခွဲအချိန်မှာ အန္တရာယ်ရှိတဲ့အမှုံတွေ ၅၇ ဂဏန်းအထိတက်လာတယ်။ အဲတာဟာ ခါတိုင်းထက် ၆ ဆပိုတာဖြစ်တယ်။
• မသန့်ရှင်းတဲ့လေထဲမှာ အလွန်သေးငယ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့အရာလေးတွေ ပါနေတယ်။ အဆုပ်ထဲဝင်မယ်။ ဂဏန်း ၂၁၅ ရှိနေပြီ။ ၂၁ ဆ များနေပါတယ်။ လွန်ခဲ့တဲ့ရက်သတပါတ်တွေတုံးက နေ့ ၂ နာရီခွဲမှာ ၃ဝဝ အထိ ရောက်ခဲ့တယ်။ အဲတာကို air-pocalypse လို့ခေါ်တယ်။
• တရုပ်ပြည် ဘေဂျင်းလည်း လေထုအရည်အသွေး ဆိုးဝါးလွန်းပါတယ်။
• ပြီးခဲ့တဲ့မေလတုံးက WHO ထုတ်ပြန်ချက်အရ လေထုဟာ အဆိပ်သင့်မှု ၂ ဆနည်းပါး များနေတယ်လို့ သိရတယ်။
• လေထုမသန့်လို့ တနှစ်မှာ ဒေလီမှာ လူပေါင်း ၁့၃ သန်းသေဆုံးနေကြပါတယ်။
• WHO ၂၅-၃-၂ဝ၁၄ အစီရင်ခံစာအရ တနှစ်မှာ ကမ္ဘာမှာ ၇ သန်း သေနေတယ်။ သေဆုံးမှုအားလုံးရဲ့ ၆့၇% ဖြစ်တယ်။
• ဒေလီမြို့နေ မြန်မာနိုင်ငံသားတွေ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး