Hormone therapy and breast cancer

ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေးကုသနည်း ဆန်းစစ်ချက်အသစ်

• ၁၈-၄-၂ဝ၁၅ နေ့ကထွက်တဲ့ ဆေးသုတေသနသတင်းပါ။ Women's Health Initiative ကနေ Menopausal hormone therapy ခေါ်တဲ့ သွေးဆုံးအမျိုးသမီးတွေကိုပေးတဲ့ ဟော်မုန်းအစားထိုးကုသနည်းနဲ့ ရင်သားကင်ဆာဖြစ်လာမှုကို လေ့လာမှုပြုခဲ့ပါတယ်။
• Estrogen အီစထိုဂျင်နဲ့ Progestin ပရိုဂျက်စတင် ဟော်မုန်း ၂ မျိုးတွဲပေးနေတာကနေ ရင်သားကင်ဆာအဖြစ်များပြီး အီစထိုဂျင် တခုတည်းပေးသူတွေမှာ ရင်သားကင်ဆာ အဖြစ်နည်းတာ တွေ့လာရပါတယ်။
• ၂ဝဝ၂ ခုမှာ Women's Health Initiative လေ့လာမှုလုပ်ကတည်းက ဟော်မုန်းအစားထိုးကုသနည်းကနေ ရင်သားကင်ဆာ ပိုဖြစ်ကြတာ သိထားပြီးဖြစ်ပါတယ်။ နောက်ထပ်လေ့လာမှုကလည်း အဲဒီတွေ့ရှိချက်ကို ထောက်ခံတယ်။ အဲဒီနောက်မှာ ဟော်မုန်းအစားထိုးကုသနည်းကို လျှော့သုံးလာခဲ့ပါတယ်။
• သားအိမ်လည်းရှိနေသူ အမျိုးသမီးပေါင်း ၁၆၆ဝ၈ ယောက်ကို အီစထိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်း ၂ မျိုးတွဲ ပေးသူတစုနဲ့ ဟော်မုန်းမပေးသlတစုခွဲပြီး လေ့လာခဲ့ပါတယ်။ ပျမ်းမျှ ၅့၆ နှစ်ကြာတယ်။
• နောက်တခုမှာတော့ သားအိမ်ထုတ်ထားကြသူ အမျိုးသမီးပေါင်း ၁ဝ၇၃၉ ယောက် အလားတူအုပ်စု ၂ ခုကို ပျမ်းမျှ ၇့၂ နှစ်ကြာလေ့လာခဲ့တယ်။
• ပြန်လည်ဆန်းစစ်မှု (ရီဗျူး) လုပ်တော့ ဟော်မုန်း ၂ မျိုးတွဲပေးနေသူတွေမှာ ရင်သားကင်ဆာဖြစ်လာနိုင်နှုန်း တိုးတာ တွေ့ရတယ်။
• ဒါပေမယ့် ဟော်မုန်း ၂ မျိုးတွဲဆေးကို ၂့၇၅ နှစ် ကြာပေးပြီးနောက်မှာ ဟော်မုန်းပေးတာရပ်လိုက်တော့ ရင်သားကင်ဆာ ဖြစ်လာနှုန်း သိသိသာသာကျတာတွေ့ရတယ်။
• ဒီသဘောဟာ ရင်သားကင်ဆာ ဖြစ်မလာခင်လူနာတွေကိုပေးတဲ့ adjuvant aromatase inhibitor (သို့) tamoxifen ဆေးတွေပေးသလိုသဘောဖြစ်မယ်လို့ယူဆပါတယ်။ ဒါပေမယ့် ဆေးဖြတ်ပြီး နောက်ပိုင်းမှာတော့ ရင်သားကင်ဆာ ဖြစ်လာနှိုင်နှုန်းများတယ်။
• ချုပ်လိုက်ရင် အီစထိုဂျင်ဟော်မုန်း တမျိုးတည်းပေးသူတွေက ရင်သားကင်ဆာဖြစ်လာနှုန်းနည်းတယ်။ ဆေးပေးချိန် အစောပိုင်းမှာ အဲလိုနည်းတာ ပိုသိသာတယ်။
• ဖေဖေါ်ဝါရီလတုံးက သွေးဆုံးအမျိုးသမီးတွေကို ဟော်မုန်းအစားထိုးကုသနည်း ၅ နှစ်နောက်မှာ မျိုးဥအိမ်ကင်ဆာ ဖြစ်လာနိုင်ခြေ ပိုများတယ်လို့ Medical News Today မှာရေးလိုက်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး