Lesions on penis (1) ကျားအင်္ဂါ အနာများ (၁)

၁။ Genital herpes ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမျာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD/STI လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။ ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ(ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁ဝ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ Wart အနာက မုံလာပွင့်လို သဏ္ဌာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉) လိင်အင်္ဂါ ကြွက်နို့ Genital Warts ကိုဖတ်ပါ။

၃။ Syphilis ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။ Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ Molluscum contagiosum အရေပြား တနေရာရာမှာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ အနာဖြစ်တယ်။ ၂-၅ စင်တီမီတာ လောက် ရှိတယ်။ အထက်ကို နဲနဲကြွတက်နေမယ်။ ဒိန်ခဲလို ခပ်ဖြူဖြူ၊ ဖယောင်းလိုလဲ နေတယ်။ ပုလဲလို အရောင်၊ ပန်းရောင်၊ အသားရောင်ရှိမယ်။ မနာဘူး။ တခါတလေမှ နဲနဲယားသလိုနေတယ်။ တခါတလေ အလည်ကခွက်နေတယ်။ ကုတ်ရင် အစဉ်းကြောင်းလိုရှိနေမယ်။ မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်၊ ချိုင်း၊ ဗိုက်၊ ပေါင်၊ လိင်အင်္ဂါ နေရာတကာမှာ ဖြစ်တယ်။ ကလေး-လူကြီးဖြစ်တယ်။ ကလေးတွေဆိုရင် ဆော့စရာတွေကနေ ကူးနိုင်တယ်။ တိုက်ရိုက် ထိတွေ့မှုကနေကူးတယ်။ လိင်ဆက်ဆံတာ မရှိလဲဖြစ်တယ်။ မရှိလဲဖြစ်မယ်။ လိင်လမ်း-ရေယုံနဲ့ ခွဲခြားရမယ်။ မှားနိုင်တာတွေရှိလို့ Skin excisional biopsy အသားစဖြတ်ယူစစ်ဆေးမှ ရောဂါသေခြာတယ်။ AIDS ဖြစ်နေသူတွေ ပိုဆိုးတယ်။ ကိုယ်ခံအား ကောင်းနေရင် သူ့အလိုလို ပျောက်တယ်။ နှစ်တွေလဲ ကြာနေနိုင်တယ်။ ဆက်ဆံရင် Condoms သုံးရမယ်။ ၁ဝ% လောက် Eczema နှင်းခူနာ ဖြစ်လာတတ်တယ်။ ယားလို့ ကုပ်ရင်း ဗက်တီးရီးယား ဝင်လာတတ်တယ်။ ခွဲစိတ်နည်းတွေ Scraping, De-coring, Freezing, Electrosurgery စသဖြင့် ရှိတယ်။ အမာရွတ်ကျန်မယ်။ Cryotherapy အေးခဲနည်း၊ Laser လေဆာနည်း၊ Benzoyl peroxide ဆေးလိမ်းနည်း၊ Cimetidine (Tagamet) အစာအိမ်လေနာဆေး၊ Griseofulvin ပွေးဆေး တွေလဲ သုံးကြသေးတယ်။ Cidofovir (Vistide), Imiquimod (Aldara), Podophyllin resin, Podophyllotoxin (Condylox), Potassium hydroxide, Trichloroacetic acid ဆေးတွေလဲ ဆရာဝန်တွေက ညွှန်တယ်။ Cantharidin (Cantharone) ဆေးကို တချို့နေရာတွေကသုံးတယ်။ တချို့က သတိပေးတယ်။ လိင်စိတ်ကြွဆေး အဖြစ် သုံးတဲ့သူတွေက သုံးပေမဲ့ ဆေးက ပြင်းလှတယ်။ မျက်စိလို နုတဲ့နေရာနဲ့ နီးနီးမှာ မသုံးဘို့ သတိပေးတယ်။ ကြွက်နို့ဆေးမျိုးလဲ သုံးတယ်။ ပျောက်ရင် အရောင်ရင့်နေမယ်။ Australian lemon myrtle (Backhousia citriodora) သြစတေးလျ ရှောက်သီးရည်၊ Tea tree oil လက်ဖက်ပင်-အဆီ၊

၅။ Chancroid ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် (ရှန်ကာ) လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ Scabies ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

၈။ Abscesses ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးပြည်တည်နာ လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ Cancer penis လိင်တံ မှာလဲ ကင်ဆာ ဖြစ်တယ်။ အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။ လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။ အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။ သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး