Marvelon တားဆေးနဲ့မတည့်သူ

ဆရာ့ကိုလေးစားစွာဖြင့် စာရေးလိုက်ပါတယ်ရှင်။ မေးစရာလေးရှိလို့ပါဆရာ။ သမီးအသက်က ၂၅ နှစ်ပါ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ယနေ့အထိ အလာဂျီတွေ တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ညဘက်ဆိုပိုထွက်ပါတယ်ဆရာ။ လမ်းထဲက ဆရာဝန်ကိုပြကြည့်တော့ Calamine lotion ပဲလိမ်းဖို့ပေးပါတယ်။ လိမ်းပြီးသက်သာပေမယ့် မနက်နဲ့ ညပိုင်းတွေမှာ ပြန်ထွက်ပါတယ်ဆရာ။ သမီးက marvelon 28 လည်း သောက်ပါတယ်။ ယနေ့ထိ အိမ်ထောင်သက် ၁ နှစ်နဲ့ ၇ လလုံး သောက်လာတာပါ။ လွန်ခဲ့တဲ့တစ်ပတ်ကတော့ဆေး ကို ၃ ရက်လောက် မသောက်ဘဲနေကြည့်တော့ အလာဂျီတွေမထွက်တော့ဘူးဆရာ။ ပြန်သောက်တော့ ပြန်ထွက်ပါတယ်။ အလာဂျီအတွက် ဘာဆက်လုပ်ရမလဲဆိုတာနှင့် marvelon28 ကြောင့်ဆိုရင်လည်း သမီးတို့ကလေးယူဖို့ အစီစဉ်မရှိသေးတာကြောင့် ဘယ်ဆေးနဲ့ သင့်တော်မလဲဆိုတာကို ညွှန်ကြားပေးပါအုံးဆရာ။

Marvelon (မာဗယ်လွန်) တားဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။

Birth Control Methods ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ (၁၈) ပုဒ်ရေးထားပါတယ်။ စိတ်ဝင်စားတာ လက်လှမ်းမီာတွေ့ရင် ခေါင်းစဉ်ပြောပါ။ စာပို့ပေးပါမယ်။

၁။ Pills ကိုယ်ဝန်တား စားဆေးများ
၂။ Depo ထိုးဆေး
၃။ IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
၎။ Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
၅။ Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
၉။ Cervical Cap သားအိမ်ဝ အပိတ်
၁ဝ။ Diaphragm သားအိမ်ဝ အဖုံး
၁၁။ Sponge သုက်ပိုးသတ် ဆေးမြှုပ်
၁၂။ Spermicide သုက်ပိုးသတ်ဆေး
၁၃။ Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း
၁၇။ Over 35 အသက်မငယ်သူများအတွက် ရွေးချယ်နည်း
၁၈။ How to decide ဘယ်လိုဆုံးဖြတ်မလဲ

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး