Menstruation after having baby ကလေးမွေးဖွါးပြီး ဘယ်တော့ရာသီပြန်ပေါ်မလဲ

ဆရာ ကလေးမွေးပြီး ဘယ်နှစ်လလောက်ကြာမှ ရာသီသွေး ပေါ်တက်ပါသလဲဆရာ။

• နို့တိုက်နေ မနေကအရေးပါတဲ့အချက်တခုဖြစ်တယ်။
• ကလေးကို နေ့ရောညပါနို့တိုက်နေသူဆိုရင် ၆ လအထိ ကြာမှာ ရာသီပြန်ပေါ်နိုင်တယ်။ နို့တိုက်တာကို
• တစိတ်တပိုင်းသာနို့တိုက်တာဆိုရင် ၆ လထက်စောပြီး ရာသီပြန်ပေါ်မယ်။
• ကလေးကိုနို့မတိုက်သူတွေက မွေးပြီး ၁ လကနေ ၃ လနေရင်လာမယ်။ ၃ လနေလို့ရာသီပြန်မလာသေးရင် ဆရာဝန်ပြသင့်တယ်။ အကြောင်းရင်းလိုက်ရှာရမယ်။
• အဲဒါတွေက ပုံသေမှလို့မရပါ။ တယောက်နဲ့တယောက်မတူကြပါ။

• ကလေးမွေးပြီး တလခွဲနေရင် နောက်ကိုယ်ဝန်ဆောင်နိုင်တယ်လို့မှတ်ယူနိုင်ပါတယ်။ အဲတာကြောင့် နောက် ကိုယ်ဝန်မလိုချင်သေးသူက ကိုယ်ဝန်တားဆေး၊ တားနည်းတခုခုသင့်တော်တာသုံးရပါမယ်။ ကလေးနို့တိုက်နေသူတွေက ဟော်မုန်း ၂ မျိုးပါ၊ တရက် ၁ ပြား၊ တလ ၂၈ (၂၁) ပြားသောက်ရတဲ့ တားဆေးနဲ့မသင့်ပါ။ နို့ထွက်နည်းစေလို့ပါ။ ၃ လခံ Depo ထိုးဆေး၊ Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း Patch ကိုယ်ဝန်တားဆေးကပ်ခွါ၊ တခုခုကို ရွေးနိုင်ပါတယ်။
• အဲလို ဟော်မုန်း တမျိုးတည်းပါတဲ့၊ နှစ်မျိုးတွဲပါတဲ့ တားဆေးတွေကြောင့် ရာသီကိုသက်ရောက်ပါမယ်။
• IUCD/IUD ခေါ်တဲ့ သာအိမ်ထဲထည့်တဲ့နည်းကတော့ ဟော်မုန်းမပါလို့ သက်ရောက်မှုမရှိပါ။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)၊ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)၊ Cervical Cap သားအိမ်ဝအပိတ်၊ Diaphragm သားအိမ်ဝအဖုံး၊ Sponge သုက်ပိုးသတ်ဆေးမြှုပ် နဲ့ Spermicide သုက်ပိုးသတ်ဆေးတွေမျာလည်း ဟော်မုန်းမပါပါ။

သတိထားဖို့က
(၁) ရာသီမလာပေမယ့် ကိုယ်ဝန်ပြန်ရစေနိုင်တဲ့ မျိုးဥမထွက်တာ ဖြစ်ချင်မှဖြစ်ပါမယ်။
(၂) ရာသီပြန်မပေါ်ပဲ နောက်ကိုယ်ဝန်ဆက်ရတတ်တယ်။
(၃) ပြန်လာတဲ့ရာသီက အရင်ထက်များ၊ နည်းတာဖြစ်လည်း စိတ်မပူပါနဲ့။
(၄) ပြန်ပေါ်ကာစမှာ မမှန်တာရှိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး