Mongol and Myghal Emperors မွန်ဂို အင်ပါယာနဲ့ မူဂေါလ် အင်ပါယာ

ဆရာခင်ဗျ Mongol invasions of Burma မြန်မာနိုင်ငံကို မွန်ဂိုကျူးကျော်မှုများစာထဲမှာပါတဲ့ မွန်ဂိုနဲ့ India ကို သိမ်းတဲ့ မဂိုက အတူတူပါပဲလားခင်ဗျ။

Mughal (Moghul or Mogul) ဆိုတာ Mongols စကားလုံးနဲ့ ဆက်နွယ်နေတယ်။

Mongol Empire မွန်ဂို အင်ပါယာဆိုတာ သမိုင်းမှာ ၁၃ ရာစုကနေ ၁၄ ရာစုအထိ အရှည်ကြာဆုံးမင်းဆက်ဖြစ်တယ်။ ဗဟိုအာရှဒေသကနေစတယ်။ ဥရောပအလယ်ပိုင်း၊ ဂျပန်ပင်လယ်၊ ဆိုက်ဘေးရီးယား၊ အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနား၊ အီရန်၊ အာရေးဗီးယားအထိ ကျယ်ပြန့်တယ်။ Genghis Khan ဂျင်ဂစ်ခန် ၁၂ဝ၆ မှာနန်းတက်တယ်။

Mughal emperors မူဂေါလ် အင်ပါယာဆိုတာ တူရကီ-မွန်ဂို နွယ်ဘုရင်တွေဖြစ်တယ်။ မူဂေါလ် အင်ပါယာ ၁၅၅၆ မှာစတယ်။ Kublai Khan ကူဘလေခန် မွန်ဂိုးလီးယားအလယ်ပိုင်းကဖြစ်တယ်။ ၁၂၆ဝ ကနေ ၁၂၉၄ အထိ မွန်ဂိုးလီးယားနဲ့ တရုပ်ပြည်မှာစိုးစံခဲ့တယ်။ Yuan ယွန်မင်းဆက်ကိုထူထောင်တယ်။ မွန်ဂို အင်ပါယာ Genghis Khan ဂျင်ဂစ်ခန်ရဲ့ မြေးဖြစ်တယ်။ ပစိဖိတ်ကနေ ပင်လယ်နက်၊ ဆိုက်ဘေးရီးယားကနေ အာဖကန်နစ္စတန်အထိ ပိုင်တယ်။ တောင်အာရှ (အိန္ဒိယ + ပါကစ္စတန် + ဘင်္ဂလားဒက်ရှ်) ကိုဗဟိုပြုတယ်။ ၁၆ ရာစု စောစောပိုင်းကနေ ၁၈ ရာစုထိ ကြာရှည်တယ်။ ဗြိတိသျှတွေဝင်လာတဲ့အထိဖြစ်တယ်။ နာမည်ကြီးဘုရင်တွေကတော့ Akbar the Great အက်ဂဘာ အိန္ဒိမှာစိုးစံတယ်။ Shah-Jahan-e-Azam ရှားဂျဟန်ဘုရင်က နာမည်ကြီး Taj Mahal at Agra တာ့ခ်ျမဟာကို ဆောက်ခဲ့သူဖြစ်တယ်။

1. Mongol invasions of Burma မြန်မာနိုင်ငံကို မွန်ဂိုကျူးကျော်မှုများ https://doctortintswe.blogspot.com/2015/04/mongol-invasions-of-burma.html
2. Mongolia မွန်ဂိုးလီးယား https://doctortintswe.blogspot.com/2016/06/mongolia.html
3. Mongoloid and Tibeto-Burman မွန်ဂိုလွိုက် နှင့် တိဘက်တို-ဘာမင်း https://doctortintswe.blogspot.com/2017/05/mongoloid-and-tibeto-burman.html

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၅
၎-၄-၂ဝ၁၈
Photo 1 = The Yuan Dynasty of China, c. 1294
Photo 2 = The Mughal Empire in 1700

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး