Rainy mood မိုး

- ကနေ့ မနက်ကတည်းက မိုးဖွဲဖွဲရွာနေတယ်။
- ဒီမှာက နှင်းကျတဲ့အကြောင်းသာပြောကြပြီး၊ မြန်မာပြည်မှာလို မိုးအကြောင်းသိပ်မပြောကြတာ သတိထားမိတယ်။
- ဒီနေရပ်ကိုရောက်နေတာ ၇ လရှိပြီ။ မိုးကတော့ ရွာတာမနည်းလှပါ။ အိမ်တွေက လေလုံ၊ အသံလုံဆိုတော့ အပြင်မှာ မိုးရွာနေတာကို သတိထားမကြည့်ရင် မသိနိုင်ဘူး။ ပြူတင်းပေါက်ကနေကြည့်မှ လမ်းတွေပေါ် မိုးရေတွေနဲ့ စိုရွှဲနေတာမြင်မှ အော် မိုးရွာသွားတာပဲလို့ သိတယ်။
- အိမ်ထဲမှာနေရင် မိုးပေါက်ကျနေတာလည်း အလွယ်နဲ့သိနိုင်တာမဟုတ်ပါ။ မိုးခြိမ်းသံတွေပေးပြီး ရွာတာမျိုးကတော့ နည်းပါတယ်။

- ဆောင်းတွင်းမှာ ဘာရွက်မှမရှိခဲ့တဲ့ သစ်ပင်တွေ အရွက်စိမ်းစိမ်းနုနုတွေကိုယ်စီ ထွက်လာကြပြီ။ အရောင်ပျောက်ခဲ့တဲ့ မြက်ခင်းလည်း စိုစိမ်းလာပြီ။ ပန်းလေးတွေကလည်း အရောင်စုံ။ တချို့ကဖူးကာစရှိသေး။ တချို့ကတော့ ငွါးငွါးစွင့်စွင့် ပွင့်နေကြပြီ။
- မိုး၊ သစ်ပင်ပန်းပင်၊ မြက်ခင်းတွေဟာ ဘယ်မှာရှိနေနေ သဘာဝအစစ်တွေ။
- ကျွန်တော်ကတော့ နှင်းကျတာထက် မိုးရွာတာကို ပိုအလေးထားတယ်။ မြန်မာပြည်မှာ မိုးလေဝသမှန်ပါစေ။

Rain makes everything better! (Music John Hiat)

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး