Satire and humor ရီစရာ နေရာတကာမပြောပါ

၁။ ရီလိုက်တဲ့အချိန်မှာ အရာအားလုံးရဲ့အပြင်ဘက်ကို တခဏတော့ ကျွန်တော် ရောက်သွားတယ်ဆရာ။ ဆရာရော ဘယ်လိုခံစားမိပါသလည်းဆရာ။
၂။ ဒါမှဆရာ့ တခါတလေ သရော်စာ တင်ပါဆရာရဲ့။

• ကျွန်တော် ရီစရာရေးတာက သူများအတွက်ရည်ရွယ်တာပါ။ စာသင်ပေးရင်း မပြင်းရအောင်။ မှတ်မိအောင်။ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ပြောလေ့ရှိပါတယ်။

• Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ Satire သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ ရှုံ့ချတာပါတယ်။
• ကျွန်တော် စာရေးတာမှာ တခါတခါဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကို သိပ်မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။
• သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလည်းကြည့်သင့်တယ်။
• ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။

• စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ဟာသ အများကြီးရှိတယ်။ ကျွန်တော်လဲ ငါကမှ နပိုလီယန်အစစ် ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။ တခြားရောဂါသည်တွေနဲ့ ဆိုင်တာတွေလဲ အတူတူဘဲ။

• ပညာဥာဏ်နည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲ မသင့်ဘူး။ မြန်မာစကား အနည်းအပါးသာ တတ်တဲ့ တိုင်းရင်းသူဆရာမလေးတယောက် ဆေးခန်းရောက်ကာစမှာ (စီနီယာ) တွေကို ဆီးစစ်တာသင်ပေးခိုင်းတယ်။ ခဏနေမှ ဆီးထဲမှာအနည်ပါတာကို Urine for Albumin လို့ ဗိုလ်လိုလဲ ကျွန်တော်က သင်ပေးတယ်။ ပြီးမှ သေချာအောင် ပြန်မေးပါတယ်။ အေ့း့ အခုစစ်တာဘာလဲ။ သူဖြေတာက သေးတဲ့။
• နောက်ဆရာမအသစ်တွေ ရောက်ပြန်ရင် အဲဒီနမူနာလေးပြောပြတယ်။ ဒါပေမဲ့ အရင်ဆရာမနာမည်ကို ထည့်မပြောပါ။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး