The larger your penis, the more likely your wife will cheat ကြီးတိုင်းလဲမကောင်းပါ

Can having a big penis hurt your relations? ဆရာ အဲဒါလေး ဘာသာပြန်ပေးလို့ရမလားဆရာ။ Discovery news ထဲကပါဆရာ။ လေးစားစွာဖြင့်။

• ဖြောင့်ဖြောင့်မတ်မတ်လက်ထပ်ယူထားကြတဲ့ အကြင်လင်မယားပေါင်း ၅၄၅ တွဲကို သီးသန့် လေ့လာ ဆန်းစစ်မှု လုပ်တဲ့အခါ ထးခြားတဲ့ကောက်ချက်ဆွဲနိုင်လာပါတယ်။ ယောက်ျားလိင်အင်္ဂါအရွယ်အစား ကြီးမားသူတွေရဲ့ ဇနီးမယားတွေဟာ တခြားမိန်းမတွေထက် အိမ်ထောင်ရေး (လိင်ကိစ္စ) မှာ ဖေါက်ပြန်တာ တစ်ဆခွဲပိုတာတွေ့ရပါတယ်။ တနည်းပြောရရင် လိင်တံအရွယ်ကြီးလေလေ သူ့မိန်းမဖေါက်ပြန်လေ။
• ဒီဆန်းစစ်မှုကို အမေရီးကားမှာလုပ်တာမဟုတ်ပါ။ အာဖရိကတိုက်က ကင်ညာနိုင်ငံမှာလုပ်တာဖြစ်ပါတယ်။ PLOSOne ထဲမှာ ထုတ်ပြန်ထားပါတယ်။ စမ်းသပ်မှုလုပ်တဲ့စာရင်းထဲက အမျိုးသမီးတိုင်းကို ၁၅ လက္မရှည်တဲ့ ပေတံ တချောင်းစီ ပေးထားပါတယ်။
• ကင်ညာသူတွေဖက်ကလျှောက်လွှဲချက်က ရိုးရှင်းပါတယ်။ နာတယ်။ အနေရခက်တယ်။ ကျေနပ်မှုနည်းပြီး သာယာမှုလဲ ကောင်းကောင်းမရဘူးတဲ့။
• တယောက်ပြောတာက အဲလောက်ကြီးနေတာနဲ့ နာလို့ ဒိထက်သေးတာဘဲ ရှာဘို့ကြံရပေါ့တဲ့။ ဒါမှ ကျေနပ်မှုရမယ် မဟုတ်လား။
• ၆့၂% သောအမျိုးသမီးတွေဟာ လေ့လာဆန်းစစ်မှုလုပ်နေတဲ့ ၆ လတာအတွင်းမယ် တခြားယောက်ျားတွေနဲ့ ဆက်ဆံရေးထားခဲ့ကြတယ်။ လိင်အင်္ဂါကြီးတာကြောင့်မဟုတ်ဘဲ အိမ်တွင်းအကြမ်းဖက်မှုရှိလို့လဲ အိမ်ထောင်ရေး ဖေါက်ပြန်တာလဲရှိပါမယ်။ ဒါ့ပြင် အတူနေချင်ချိန်မှာနေမပေးတာ၊ နေစေခြင်တဲ့အနေအထား လုပ်မပေးတာ၊ အငက်ငယ်သေးတာ (၂၅ နှစ်အောက်)၊ လိင်ကျေနပ်မှုမရာတေါလဲ ထည့်စဉ်းစားရပါမယ်။ ဘာဘဲဖြစ်ဖြစ် သူတို့ကို နာစေအောင်ကြီးမားတာကို မကြိုက်ကြပါလို့ပြောရမှာသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး