US will not fund research for modifying embryo DNA

- သန္ဓေသားရဲ့မျိုးဗီဇ DNA ကို ပြုပြင်ခြင်းသုတေသနကို ယူအက်စ်က ငွေပေးမှာမဟုတ်လို့ ၃ဝ-၄-၂ဝ၁၅ နေ့စွဲနဲ့ ထွက်လာတဲ့ ဆေးပညာသတင်းက ဆိုပါတယ်။
- ဒီလိုလုပ်ြခင်းဟာ မဖြတ်ရလို့ တားတဲ့မျဉ်းကို ဖြတ်ရာကြမယ်လို့ အမျိုးသားကျန်းမာရေးဒါရိုက်တာ Dr Francis Collins ဒေါက်တာ (ဖရန့်စစ် ကိုလင်းစ်) က ဆိုပါတယ်။
- နည်းနာကို Crispr technology နည်းပညာလို့ခေါ်ပါတယ်။ DNA ကို လိုသလိုမွမ်းမံတဲ့နည်းသစ်ဖြစ်ပါတယ်။
- ပြီးခဲ့တဲ့အပတ်က တရုပ်ပြည် Sun Yat-sen ဆွန်ယက်ဆင် တက္ကသိုလ်မှာ ဒီနည်းကိုသုံးပြီး ဘီတာ သာလာဆီးမီးယား သွေးကင်ဆာရောဂါပါ DNA ကိုပြုပြင်ပေးမှုလုပ်ခဲ့ပါတယ်။ ၈၆ ကြိမ်လုပ်တာမှာ ၇ ကြိမ်အောင်မြင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပစ်မှတ်လွဲတဲ့ မျိုးဗီဇပြောင်းတာတွေလည်းရှိပါတယ်။ စမ်းသပ်တဲ့ သန္ဓေသားတွေက မရှင်နိုင်တာတွေ ဖြစ်ပါတယ်။
- ကြီးမားပြီး အရေအတွက်မှန်းမရနိုင်လောက်တဲ့ လုံခြုံရေးစဉ်းစာချက်အရလို့ အမေရိကန် သုတေသနပညာရှင်က ပြောလိုက်ပါတယ်။
- (ကလုန်း) ဆေးပညာရှင် Dr Tony Perry ဒေါက်တာ (တိုနီ ပါရီ) ဒီဇိုင်းဖေါ်ထားတဲ့ကလေးတွေဆိုတာ HG Wells (အိတ်ခ်ျဂျီဝဲလ်) ပိုက်နက်ထဲမှာမရှိတော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ (အိတ်ခ်ျဂျီဝဲလ်) ဆိုတာ ဗြိတိသျှ ဆေးသိပ္ပံ စာရေးဆရာကြီး ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၅
http://www.bbc.com/news/health-32530334

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး