Tit or Ta အနန္တသူရိယ မှားသလား

စာပေအရေးအသား၊ ရေးထုံးအသုံးအနှုန်းဆိုတာ အချိန်နဲ့အမျှပြောင်းနေတာပါ။ ခုလည်းပြောင်းနေတာပါလို့ စောဒကတက်တာ ဖတ်ရတယ်။ (ဆြာ)၊ (ကျမ္မာရေး) က ခေတ်ဟောင်းအရေးအသားတွေဖြစ်တယ်။ (ရှယ်ပြစေ)၊ (မွတ်ငါး) ရေးတာတွေက အမှားသင်ပေး၊ အမှားလိုက်နာ၊ အမှားမြန်မာပြည် တည်ဆောက်နေကြတာဖြစ်တယ်။

အနန္တသူရိယအကြောင်းသမိုင်းအချက်အလက်တွေနဲ့ ပို့စ်တခုကိုတွေ့ရတယ်။ မူရင်းသတ်ပုံကို ပြင်ပြီး (တ) တွေကို (တစ်) လုပ်ထားပါတယ်။ ကဗျာတွေ၊ လင်္ကာတွေ၊ ရတုတွေကို ကိုယ်လိုသလို သတ်ပုံပြင်တာတော့ မလုပ်သင့်ကြပါ။

ပုဂံခေတ်ကအရေးအသားတွေဟာ အင်းဝခေတ်မှာ တချို့ကိုပြောင်းလာတယ်။ ကုန်းဘောင်ခေတ်မှာ ထပ်ပြောင်းတယ်။ အဲတာတွေက ပိုပြီးအဆင်ပြေလွယ်ကူအောင် မူရင်းကိုလည်းမပျက်အောင်ပြောင်းကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းက ပြောင်းခိုင်းပြီး နောက်တက်စစ်အစိုးရကလိုက်သုံးခိုင်းနေတာက လွယ်တာကို ပိုခက်အောင်လုပ်တာသာ ဖြစ်တယ်။ (တ) ကို (တစ်) လုပ်စေလိုက်တာက အထင်ရှားဆုံးတခုပါ။

အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာလေးပိုဒ်ထဲမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ဖြစ်ပါတယ်။ တစ်တွေမဟုတ်ပါ။ မြန်မာ့စွယ်စုံကျမ်းပါစာကို ဓါတ်ပုံရိုက် တင်လိုက်ပါတယ်။ လွတ်လပ်ရေးရကာစက မြန်မာ့စွယ်စုံကျမ်းကိုပြုစုသူပညာရှင်တွေ မှားတယ်ထင်ရင် ဗိုလ်ချုပ်နေဝင်းနောက်သာလိုက်ပါ။ အနန္တသူရိယမှားတယ်ထင်ရင့့်။

တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင့့် သြကာသဘုရားရှိခိုးကိုလည်း တိတိကျကျသိကြစေချင်ပါတယ်။

စစ်အစိုးရက လူကိုသာပြည်ပထုတ်နိုင်ခဲ့ပေမယ့် A = တခု၊ တကောင်၊ တယောက်လို့ ဆရာမသင်ပေးခဲ့တာကိုတော့ ထုတ်မပြစ်နိုင်လိုက်ပါ။ တပင်တိုင်အကနဲ့ တပင်တိုင်မြနန်းက တပင်ရွှေထီးဇာတ်လမ်းပြီးရင် တပင်တိုင်မုန့်ဟင်းခါး သွားစားကြမယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆
၂၂-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး