အမယ်ဘုတ်ကယ် သူ့ချည်ခင်

၁။ ချည်ခင်လို့ထင်ထားတာ။ ကျေးဇူးပါ ဆရာ။

၂။ နွားခြည်စရာဖြစ်နေပြီ နဲ့ နွားချည်စရာဖြစ်နေပြီ ဘယ်အရေးက အမှန်လဲဆရာ။

ဆောရီး။ ကာတွန်းတခု တင်ခဲ့တာမှာ ခြည် နဲ့ ချည် သတ်ပုံက မေးစရာဖြစ်လာတယ်။ မေးတာ ကောင်းတယ်။

ချည်
ကွင်းလျှောချည်
ချည်ခင်
ချည်ခင်စွပ်ငှက်
ချည်ငင်သည်
ချည်တုပ်သည်
ချည်မျှင်
ချည်သေ့ (ရက်ကန်း)
ချည်နှောင်
နန်းချည်၊
ပရိတ်ချည်
ပါချည်ပါချဲ့၊
ပိုးချည်
ဖွဲ့ချည်
ကြိုးနှင်ချည်
ဘန်ချည်ကြိုး၊
ဘူးလည်သီးခတ်ချည်
မာဆရိုက်ချည်၊
မိန်းမချည်
ရှုံ့ချည်နှပ်ချည်၊
ဝါချည်၊
သွားချည်လာချည်၊
အပ်ချည်လုံး။
အိုရချည်သေးရဲ့
ခေါက်တုံ့ချည်
ဖောက်ချည်တိုင်ချည်၊
ယောလုံချည်၊
ရွှေချည်ငွေချည်
ရွှေချည်ထိုး၊

ခြည်
စစ်ရိပ်စစ်ခြည်၊
ဆံခြည်မျှင်၊
ဆံခြည်ထွေး၊
တိမ်ခြည်၊
ကြာခြည်ရန်
မျက်ခြည်ပြတ်
မျက်ရိပ်မျက်ခြည်၊
မြူခြည်၊
လင်းရောင်ခြည်၊
လျှံခြည်
လျှပ်ခြည်၊
အရိပ်အခြည်
အုန်းဆံခြည်ထွေး။
စောင်းပါးရိပ်ခြည်၊
နေရောင်ခြည်
ရောင်ခြည်၊
သွေးခြည်ဥ၊

ရက်ကန်းရက်
ပျိုလေးရက်တဲ့ ရက်ကန်းစင်၊ ဘာဆင်လို့မေး။
မေးပါနဲ့အေ၊ ပဆစ်အိမ်ကွက်စုံခင်းတယ်၊ တင်းတိမ်တဲ့လေး။

တလိမ်နှစ်လိမ် လိမ်လို့ရှုပ်၊ အမယ်ဘုတ်ကယ်သူ့ချည်ခင်၊
ဘယ်သူထွင်မှ သည်ရှုပ်ထွေး၊ ရှင်းပါ့မယ်လေး။

ရွှေခြည်ငွေခြည်တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ။
လက်ခပ်သံ ကျွန်းဘိုသား၊ သောင်းတိုင်ကကြားသလေလေး။

မန်ကျည်းငုတ်တို
ရွက်နုပေါက်မှ၊ ချဉ်ရေသောက်စို့ မလေးရယ်။
ဘုရားငုတ်တို ရောင်တော်လွှတ်မှ၊ ပုံတော်ဝတ်စို့မလေးရယ်။

အမည်မသိစာဆိုက သတ်ပုံမှန်ရေးတတ်တယ်။ (တစ်)လိမ်နှစ်လိမ် မရှုပ်ပါ။

ဒေါက်တာတင့်ဆွေ
၎-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး