မုဒုလက္ခဏပျို့
တွက်ဆတွက်ဆ၊ ညှိုးလလနှင့်၊
ပျောင်းပျပျောင်းပျ၊ တတ တလျှင်၊
တညချုပ်လေ၊ တနေဝင်ပျောက်၊
တမိုးသောက်လည်း၊ တတောက်ပတ်ပတ်၊
တတွတ်တွတ်ဖြင့်၊ တဆွတ်တမ်းတမ်း၊
တသမ်းသမ်းနှင့်၊ တနွမ်းရိရိ၊
တဖိဖိလျှင်၊ မချိနိုင်စွာ၊ (တွင်းသင်းမင်းကြီး)
တတွေကိုသာ တစ်လုပ်ကြရင်ဖြင့် မြန်မာစာဟာ
တနေဝင်ပျောက်၊ တမိုးသောက်လည်း၊
တတောက်ပတ်ပတ်၊ တတွတ်တွတ်ဖြင့်၊
တဆွတ်တမ်းတမ်း၊ တသမ်းသမ်းနှင့်၊
တနွမ်းရိရိ၊ တဖိဖိလျှင်၊
မချိနိုင်စွာ၊ ဝမ်းနည်းရပါ၏။ ။
ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆
၇-၉-၂ဝ၁၇
စန္ဒကိန္နရီ
- ဖက်မယှိသား၊ တက်ဖိတသုန်၊
- ငှက်ဂဠုန်သို့၊ စက်ဟုန်ဟုန်းဟုန်း၊
- လေသင်ဓုန်းကို၊ ရွှန်းရွှန်းတသိုက်။
- ပြုန်းပြုန်းပြိုက်မျှ၊ ဝိုက်ဝိုက်ဝန်းမြဲ၊
- တဝဲဝဲလည်၊ စဲစဲစက်စိန် ဝဇီတည်း။
စန္ဒကိန္နရီ မာမာအေး https://soundcloud.com/khinthidak…/sandakainnayi-mar-mar-aye
ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆
၇-၉-၂ဝ၁၇
ရွှေစည်းခုံစေတီတော်
အံဖွယ်ကိုးသွယ်ဂုဏ် ကုံလုံပြည့်ဝသည့် ရွှေစည်းခုံစေတီတော်ကြီးသည် မူလဒါယကာ အနော်ရတာ၏လက်ထက်တွင် အပြီးမသတ်နိုင်ခဲ့ပဲ၊ ကျန်စစ်သားမင်းလက်ထက်တွင်မှ ဆက်လက်တည်ဆောက် ပြီးမြောက်ခြင်းသို့ရောက်သည်။ ထိုမင်းများကား ဘုန်းတန်ခိုးကြီးမားကာ ယင်းတို့၏ခေတ်တွင် နိုင်ငံတော်နယ်နိမိတ်သည် ယခုခေတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နယ်နိမိတ်နီးပါး ကျယ်ဝန်း၍ ဗုဒ္ဓသာသနာကို ပဌမဆုံး တနိုင်ငံလုံး ကြည်ညိုမြတ်နိုးကြပြီးလျှင် တိုင်းသူပြည်သားတို့သည် နိုင်ငံရေး သာသနာရေး စိတ်ဓာတ်များ တက်ကြွနေကြသည်။့ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၄)၊ စာမျက်နှာ (၁၅၃)။
ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆
၇-၉-၂ဝ၁၇
လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေရတုပိုဒ်စုံ
(ကောက်နှုတ်ချက်)
ဝေရွှန်းစန္ဒာ၊ ချိမ်းရိပ်သာက၊ မျက်နှာတူရူ၊ တသည်သူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့၊ လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ မြေလည်းတထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဘူးမည်ထား၊ ရွှေညာဖျားဟု၊ ရှေးကားမဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ခြင်းရာတစိ၊ တပ်မသိခဲ့၊ ကျွန်းကြီ့းချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလှမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံဘိရရှင့်၊ သိင်္ဃအောင်မြေ၊ လက်ချက်ဗွေဝယ်၊ နေလည်းတဆန်း၊ နန်းလည်းတခြား၊ မထွေပြားတည့်၊ ကိုးပါးနဝရတ်၊ ရွှေပြသာဒ်နှင့်၊ မျက်မြတ်လျှံရည်၊ ထွန်းလည့်လည်သည်။ ။ နေခြည်ထဲးတွင်ပါလိမ့်မည်။
ကျွန်းကြီ့းချက်ချာ = ကျွန်းကြီး၏ချက်ချာ
နေခြည်ထဲးတွင် = နေခြည်ထဲတွင်
ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆
၇-၉-၂ဝ၁၇
သီချင်း = လက်ဝဲသုန္ဒရ (မာမာအေး) https://soundcloud.com/nyan-linn-1/njbftg6ugg2g/sets
စာသားပုံ = မောင်ပါလ၏ မဲဇာတောင်ခြေ ရတုနှင့်ပတ်သတ်၍
မြင်စိုင်းမြို့ဘွဲ့ ကာချင်း
ဆို – မုံရွာဦးလေးခန့်၊ တီး – ပရဟိတ မြစတင်း၊ ရေး – ငါးစီးရှင်ကျော်စွာကို ညီတော်သူကနေ မျှဝေထားလို့ လင့်ကို လိုက်တော့ စာသားနဲ့ သီချင်းကိုပါ တွေ့ပါတယ်။ စာသားမှာ သတ်ပုံတွေမှားရေးထားတယ်။ တနေရာတွေမှာ တစ်တွေ လုပ်ထားတယ်။ အဲတာ မမှန်ပါ။
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) စာမျက်နှာ (၁၅၈) မှာ သက္ကရာဇ် ၇ဝ၄ ခုနှစ် မြင်စိုင်းငါးစီးရှင်ကျော်စွာ ကိုယ်တိုင် သီဆို ကခုန်ခဲ့သော တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်းသားလော၊ ဘကောင်း ဘကောင်းလို့ ရိုက်နှိပ်ထားပါတယ်။ တစ်တွေ မဟုတ်ပါ။
ကျွန်တော်တို့ ဆေးကျောင်း၊ တတိယအမ်ဘီတန်းလောက်မှာ မြန်မာစာပါမောက္ခ ဦးချမ်းမြ (မြကေတု) လာပြီး ဟောပြောစဉ်က ကာချင်းကို ဆိုပြခဲ့ဘူးတယ်။ ဦးချမ်းမြဆိုတာ တစ်မနေပါ။
ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၆
၇-၉-၂ဝ၁၇
သုခုမာလတာဂုဏ်မြောက်သည့်အဖွဲ့
လူတို့ကြမ္မာ ကောင်းသောခါက
ဂင်္ဂါများရေ တက်သောထွေသို့
ရှိလေစမြဲ၊ ကြမ္မာမွဲလည်း
ဆင်းရဲတတန် ရေကျပြန်သို့

Comments
Post a Comment