ကောင်းခြီးကြေညာ လှုံ့ကြော်ငြာလျက်



၁။ ကြော်ငြာ ကြေညာ အဓိပ္ပါယ် တူလားဆရာ။ ဘယ်ဟာကမှန်လဲဆရာ။ ၂မျိုးလုံးသုံးနေကြတာ တွေ့မိလို့ပါဆရာ။

၂။ ဆရာ အရင်သတ်ပုံက ကြော်ငြာလား၊ ကြော်ညာလား။

ကြော်ငြာစာ၊ ကြွေးကြော်သည်၊ မုံ့ဆီကြော်၊ ကျေညာသည် (ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း)

ကြော်ငြာ၊ ကြော်ကြော်ငြာငြာ၊ ကြော်ငြာကပ်၊ ကြော်ငြာထား၊ ကြော်လှော်၊ ကြော်ချက်ဟင်း၊ ကြွေးကြော်၊ အကြော်မုံ့၊ ဗယာကျော်၊ ငါးကျော်၊ ရွှေသိုင်းဝံ့ကြော်၊ ရွှေစည်ဆော်၍၊ အကျော်တစော၊ ရှေးထီးမင်းကျော်၊ ဘေးလောယင်းတော်တို့၊ အကြော်တငြာ။ (ကဝိဓဇသတ်ပုံကျမ်း)

ကြော်လှော်၊ ကြော်ညာ၊ ကျွေးကြော်၊ ဟစ်ကြော်၊ ကြော်ငြာဟု အရေးများသည်။ ကောင်းခြီးကြေညာ၊ လှုံ့ကြော်ငြာလျက်၊ (ဝဏ္ဏဗောဓနသတ်အင်း)

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ကျေညာချက်

ဗိုလ်ချုပ်ကြီးနေဝင်း၏ ကျေညာချက်

ကြော်ငြာနည်းအမျိုးမျိုး (မြန်မာ့စွယ်စုံကျမ်း)

ဒေါက်တာတင့်ဆွေ
၁-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး