ဟာသ သို့မဟုတ် မြန်မာစာ ရယ်စရာမဖြစ်သင့်

ဆရာရေ ဟာသရသ နှင့် ဟဿရသ ဘယ်ဟာအမှန်ဖြစ်မလဲဆရာ။ အရင်က ကျနော်တို့ ဟာသရသ လို့ သင်ခဲ့ရတာ။ ခု စနစ်သစ် G10 မြန်မာစာမှာ ဟဿရသ ပြန်ဖြစ်သွားတယ် ဆရာ။

ပါဠိလို
ဟဿ = ရယ်ဘွယ်
ဟဿန = ဝမ်းမြောက်ခြင်း

ဒါပေမဲ့ အစဉ်အဆက် ဟာသရသလို့သာ ရေးလာခဲ့တယ်။

မြန်မာစာအဖွဲ့မူပိုင် မြန်မာ-အင်္ဂလိပ် အဘိဓါန်မှာလည်း ဟာသလို့သာ ရေးထားတယ်။

မြန်မာ့စွယ်စုံကျမ်းထဲမှာ ဌာယီဘဝ (၁၀) မျိုးထဲမှာ (၂) ဟာသ = ပြုံးရယ်ခြင်းလို့ ရေးထားတယ်။

ရသ ကိုးပါး
၁။ သိဂါင်္ရရသ = ချစ်ခြင်း
၂။ ဟာသရသ = ပြုံးရယ်ခြင်း
၃။ ရုဒ္ဓရသ = ရုန့်ရင်းကြမ်းတမ်းခြင်း
၎။ ဝီရရသ = ရဲရင့်ခြင်း
၅။ ဘယာနကရသ = ကြောက်ရွံ့ခြင်း
၆။ ဝိဘစ္ဆရသ = ရွံရှာစက်ဆုပ်ခြင်း
၇။ အဗ္ဘုတရသ = အံ့သြခြင်း
၈။ ကရုဏာရသ = သနားခြင်း
၉။ သန္တရသ = တည်ငြိမ်ခြင်း

ဿအသုံးများ
ဒဿဂီရိ (ရာမဇာတ်တော်)၊
ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊
ပိဿာ (အလေးချိန်)၊
ဗိဿဏိုး (မြန်မာ့စွယ်စုံကျမ်း)။
ပြဿာဒ်ဘုံဆောင်
သုဿန်သင်းချိုင်း
ဟဒယရွှင်
ဟာသ
ပေါရိဿာဒ်

တကယ်လို့ ကျောင်းသုံးစာအုပ်ထဲမှာ အဲလို ဝိဝါဒကွဲစေနိုင်တဲ့ စကားလုံးမျိုး ထည့်သုံးမယ်ဆိုရင် ရှင်းလင်းချက်ပါ တိတိကျကျ ထည့်ရေးသင့်တယ်။ မြန်မာစာသင်ပေးကြရတဲ့ဆရာဆရာမတွေပါ သို့လောသို့လောဖြစ်စေနိုင်တယ်။ မြန်မာစာ ရယ်စရာမဖြစ်သင့်

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး