Ear Piercing နားကပ်ဝတ်ခြင်းအကြောင်း

ကျွန်မအသက် ၂၃ နှစ် အပျိုပါ ရာသီလဲမှန်ပါတယ် နားဖောက်ထားတာ ၂လကျော်ပါပြီဆရာ ဖောက်ထားတဲ့ နားပေါက် တဖက်က မကောင်းနိုင်ဘဲ သွေးရည်ကြည်လေးတွေထွက်လိုက် ကောင်းလိုက်နဲ့ ဖြစ်နေလို့ပါဆရာ သွေးထွက်တဲ့အချိန် ကျရင်တော့ နားကို betadine cream လေးလိမ်းပါတယ်ဆရာ အရင်ကလဲ အဲလို မကောင်းနိုင်ဘဲ ဖြစ်နေဖူးလို့ အပိတ်ခံလိုက်ဖူးပါတယ် အဲ့တာအခု အနာကောင်းအောင် ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါရှင့် အချိုလဲ ရှောင်ပါတယ်ရှင့်

ဆောရီး။ အစားအသောက်နဲ့ မဆိုင်။ ပိုးဝင်တာကို စဉ်းစားရတယ်။ ဖြစ်တတ်တယ်။ နားကို ဘယ်နည်းနဲ့ ဖေါက်သလဲ မသိပါ။ ပိုးမဝင်အောင် ပိုးသန့်နည်းလိုတယ်။ အရက်ပျံသုံးရတယ်။ ဘီတာဒင်းအရည်ပါသုံးရတယ်။ ဖေါက်ပြီး တခုခု ဝတ်ထားရတယ်။ နားကပ်ဖြစ်ဖြစ် ကြိုးစဖြစ်ဖြစ်။ အဲတာကလည်း ပိုးသန့်ထားရတယ်။

အခုလိုဖြစ်လာရင်တော့ ပိုးသေဆေးပါသောက်စရာ လိုလာပြီ။ ဥပမာ Ampicillin သို့မဟုတ် Ampiclox ပဋိဇီဝဆေး။ 500 mg တနေ့ ၂ ကြိမ်။ ၅ ရက်။ 250 mg တနေ့ ၄ ကြိမ်။ နာတာရောင်တာအတွက် Paracetamol/Ibuprofen တနေ့ ၂ ကြိမ် သောက်နိုင်။ ထွက်စရာရှိတာ ထွက်မှသာ ကောင်းတယ်။ Cipladine/Betadine cream လိမ်းနိုင်။

တဖက်ကလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

နားက ဆေးခန်းမှာဖောက်တာပါ အရက်ပြန်နဲ့သုတ်ပေးပြီးမှ ပိုသတ်ထားတဲ့နားကပ်နဲ့ဖောက်ပေးတာပါဆရာ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ ထပ်ပြီး သိချင်တာ တခုရှိလို့ပါ ကျွန်မက အခုဆိုင်ကဖောက်လာတဲ့ နားကပ်ကိုပဲ ဝတ်ထားတာပါ အနာကသိပ်မကောင်းသေးလို့ အသစ်နဲ့မလဲရသေးတာပါဆရာ နားကပ်နဲ့မတည့်လို့ အဲ့လိုဖြစ်တယ်ပြောနေကြလို့ပ်ါဆရာ အဲ့လိုကောဖြစ်နိုင်လားသိချင်လို့ပါ

၁။ သစ်သစ် ဟောင်းဟောင်း ပိုးသန့်ဖို့သာလိုတယ်။
၂။ ဖေါက်စဉ်ကဝတ်လာတာကို အနာကျက်ချိန်မှာ ဝတ်လိုတာလဲလေ့ရှိတယ်။ အဲတာကလည်း ပိုးသန့်နေရမယ်။
၃။ အနာပျောက်ရင် အပေါက်ကျန်နေမယ်။
၎။ အနာလုံးဝမရှိတော့ချိန်မှာတော့ ထုံးစံအတိုင်း နားကပ်လဲဝတ်သလို လဲနိုင်တယ်။
၅။ အနာမကျက်ခင် တခုခုဝတ်မထားရင် အပေါက်ပိတ်သွားတယ်။
၆။ ရွှေနဲ့ရောတဲ့သတ္တုနဲ့ မတည့်သူတွေရှိတယ်။ တည့်လောက်တာ ပြောင်းဝတ်ကြရတယ်။ တချို့က ပလက်တီနမ် မတည့်။
၇။ ဆွဲကြိုးလည်း မတည့်သူတွေရှိတယ်။ ရွှေနဲ့ မတည့်တာ၊ ရောတဲ့သတ္တုနဲ့ မတည့်တာ ဖြစ်နိုင်တယ်။
၈။ မတည့်တာနဲ့ ပိုးဝင်တာ မတူပါ။ မတည့်တာက အလာဂျီလို အနီရောင် အစက် အပြင်ဖြစ်တယ်။ နှင်းခူလိုလိုဖြစ်တယ်။ ပိုးဝင်တာက အနာဖြစ်တယ်။
၉။ တချို့မှာ ကြာရင် နားပေါက်ကျယ်လာတယ်။ လူတိုင်းတော့ မဟုတ်။ ပြန်ပြင်လို့ရတယ်။

နားပေါက်ဖေါက်ပေးခဲ့ရသူတွေ၊ ပြင်ပေးတဲ့လူနာတွေ၊ ပြန်ချုပ်ပေးခဲ့ရသူတွေကို သတိရတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၆-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး