Tinidazole တီနီဒါဇိုးလ်ဆေး
ဆရာ ကျွန်တော် အသက် ၄၅ နှစ်ပါ အိမ်ထောင်ရှိပါသည် အစားမှားလျင် ဝမ်းကိုက်သည့်အခြေအနေ ဖြစ်တတ်ပါသည် ဆရာ့ဘလော့ထဲဝင်ဖတ်ထားသည့် ဆေး Tinidazole သောက်ပုံလေးသိချင်ပါသည် တနေ့ 2 gram သောက်ရမည်ဟု ရေးထားပါသည် ယခုဝယ်ထားသော Tinidazole ဆေးကဒ်မှာ တစ်လုံး 500 mg ပါ တနေ့ဘယ်နှစ်ကြိမ် ဆေးဘယ်နှစ်လုံး အစာစားပြီး မစားခင် ဘယ်လိုသောက်ရမည်ကိုသိချင်ပါသည်ဆရာ
ဆေးအမည် Tinidazole တီနီဒါဇိုးလ်
ရောင်းကုန်အမည် Tindamax
ဆေးအမျိုးအစား Antiparasitic Agents; Nitroimidazoles
Tablet စာဆေးများ 250mg - 500mg
Dosage ဆေးပေးနည်း
Amebiasis, Intestinal အူလမ်း အမီးဘားပိုးဝင်ခြင်း (ဝမ်းကိုက်ခြင်း)
တနေ့ 2 g (၅၀၀ မီလီဂရမ် ၄ လုံး သို့မဟုတ် ၂၅၀ မီလီဂရမ် ၈ လုံး) ၃ ရက်သောက်။
Amebic Liver Abscess အမီးဘားပိုးကြောင့် အသဲရောင်ခြင်း
အထက်ပါအတိုင်း ၃ ရက်မှ ၅ ရက်သောက်။
Bacterial Vaginosis (Nonpregnant) မွေးလမ်းပိုးဝင်ခြင်း (ကိုယ်ဝန်မရှိသူ)
အထက်ပါအတိုင်း ၂ ရက်သောက်။ သို့မဟုတ်
တနေ့ 1 g (၅၀၀ မီလီဂရမ် ၂ လုံး သို့မဟုတ် ၂၅၀ မီလီဂရမ် ၄ လုံး) ၅ ရက်သောက်။
Administration ဆေးသောက်နည်း
အစာနှင့်သောက်ပါ။
Giardiasis or Trichomoniasis လိင်လမ်းပိုးဝင်ခြင်း
2 g PO once ၅၀၀ မီလီဂရမ် ၄ လုံး တကြိမ်တည်းသာ။
ဆေးအကြောင်းရေးတိုင်း ရမ်းကုတွေကို အားပေးတာဖြစ်တယ်လို့ ဆုံးမသူတွေက လာကြပါဦးမည်။
ဒေါက်တာတင့်ဆွေ
၆-၅-၂၀၂၀

Comments
Post a Comment