Amoxicillin အမောက်ဆာစလင်


 Amoxicillin သို့မဟုတ် Amoxil, Dispermox, Trimox, Alphamox ဟု ခေါ်သည့်ဆေးသည် ဗက်တီးရီးယားကို နိုင်သော penicillin အုပ်စုဝင် ပဋိဇီဝဆေးဖြစ်သည်။ ဗက်တီးရီးယားကို သတ်ပစ်ခြင်းမလုပ်ဘဲ ဗက်တီးရီးယား၏ အကာနံရံ ဖြစ်မလာစေရန် လုပ်ခြင်းဖြင့် ၄င်းဗက်တီးရီးယားများ ပွါးများမလာအောင် လုပ်ပေးခြင်းဖြစ်သည်။

Amoxicillin သည် Streptococci, E. coli, Staphylococcus, H. pylori, P. mirabilis, H. influenzae, N. gonorrhoeae နှင့် S. pneumonia ဗက်တီးရီးများကြောင့်ဖြစ်သည့် Infections (အင်ဖက်ရှင်) များအတွက်ပေးသည်။

၎င်း Infections ရောဂါတို့မှာ နားပြည်ယိုခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း၊ နှာခေါင်း-လည်ချောင်းရောင်ခြင်း၊ ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ အဆုပ်ထဲကလေပြွန်ရောင်ခြင်း၊ နူမိုးနီးယားခေါ် အဆုပ်ခဲခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ (အနာ)အရေပြားရောင်ခြင်း၊ ဂနိုရီးယားခေါ် လိင်မှတဆင့် ကူးစက်ရောဂါ၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ သွားပိုးဝင်၍ပြည်တည်ခြင်း၊ အသက်ရှူလမ်း ပိုးဝင်ခြင်း၊ ခွဲစိတ်ကုသပြီး ပိုးဝင်လာမည်အား ကာကွယ်ရန်နှင့် အစာလမ်းအစ လေနာဖြစ်ခြင်းအား လျော့နည်းစေရန် တို့အတွက်လည်း Amoxicillin ကိုပေး၍ ကုသနိုင်သည်။

Amoxicillin Capsules ဆေးတောင့်၊ tablets ဆေးပြား၊ chewable tablets ဝါးစားနိုင်သောဆေးပြား၊ powder ရေနှင့်ဖျော်တိုက်ရန်အမှုံ့၊(မှတ်ချက်၊ ရေနှင့်ဖျော်ပြီးနောက် ၁ဝ ရက်အတွင်းသာသုံးပါ။) နား-မျက်စိ ခပ်နိုင်သည့် အစက်ချဆေးရည် နှင့် သွေးပြန်ကြောထဲ ထိုးနိုင်သည့်ဆေး IV use အဖြစ် အမျိုးမျိုးလာသည်။

• H. pylori ပိုးဝင်ခြင်းနှင့် duodenal ulcer အစာလမ်းအစလေနာအတွက် Lansoprazol နှင့်တွဲပေးသည်။ 1 gram Amoxil + 30 mg Lansoprazole TDS x 14 days
• ပြည်တည်နာများအတွက် Cloxacillin နှင့်တွဲပေးသည်။
• (ဂနိုရီးယား) အတွက် Probenecid နှင့်တွဲပေးသည်။

Amoxicillin ကို အစာနှင့် နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေပေးနိုင်သည်။ သတိထားရမည်မှာ ရောဂါလက္ခဏာများ ပျောက်သွားစေကာမူ ဆေးပတ်လည်အောင်ပေးရမည်။ ဆေးပြီးခြင်း (ဆေးကို ပိုးကခံနိုင်ရည်ဖြစ်သွားခြင်း)မှ ကာကွယ်ရန်အတွက်ဖြစ်သည်။

Penicillin family အုပ်စုဝင်ဆေးများဖြစ်ကြသော ampicillin, carbenicillin, dicloxacillin, and oxacillin တို့ကို မတည့်ပါက Amoxicillin ကိုလည်း မတည့်ဖြစ်မည်။ ဆေးမတည့်သည့် လက္ခဏာများမှာ အရေပြားအနီပြင်ထခြင်း၊ အသက်ရှူခက်ခြင်း၊ မျက်နှာ-နှုပ်ခမ်း-လျှာ-လည်ပင်း ရောင်ခြင်း၊ Diarrhea ဝမ်းပျက်ခြင်း၊ Fever ကိုယ်ပူခြင်း၊ Chills ချမ်းတုံခြင်း၊ Dizziness မူးဝေခြင်း၊ Heartburn ရင်ပူခြင်း၊ Insomnia အိပ်မပျော်ခြင်း၊ Nausea and vomiting ပျို့-အန်ခြင်း၊ Itching ယားယံခြင်း၊ Confusion စိတ်မကြည်လင်ခြင်း၊ Abdominal pain ဗိုက်အောင့်ခြင်း၊ Bleeding သွေးယိုခြင်း၊ Urinating less than usual or not at all ဆီးနဲခြင်း၊ Seizure တက်ခြင်း၊ Vaginal itching or discharge အမျိုးသမီးများ မွေးလမ်းယားယံခြင်း၊ အဖြူဆင်းခြင်း၊ Thrush မှက်ခရုခေါ် လျှာဖြူနေခြင်းတို့ဖြစ်ကြသည်။

Pills ကိုယ်ဝန်တားဆေး၊ methotrexate, sulfa drugs, tetracycline တို့နှင့် တွဲဖက် မပေးသင့်။

DOSAGE ဆေးကို မည်၍မည်မျှ ပေးမည်နည်း။
• ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ ဆီးလမ်း ရောင်ခြင်း၊ အရေပြားရောင်ခြင်း၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ နားပြည်ယိုခြင်း၊ နူမိုးနီးယား၊ နားအလယ်ပိုင်းရောင်ခြင်း၊
• လူကြီး = 250-500 mg TDS or 500 mg BD or 750 mg BD x 10-14 days; Children 125-250 mg TDS
• ကလေး = 20-40mg/kg/day TDS
• သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
• သွားမနုတ်မီ 2 Gm 1 hour before procedure
• (ဂနိုရီးယား) 3 Gm given as single dose
• ပြင်းထံသော အသက်ရှူလမ်းပိုးဝင်ခြင်း၊ Adult 3 Gm BD

Amoxicillin
၁ လကနေ ၃ လ = 20 to 30 mg/kg/day ၂ ခါခွဲတိုက်ပါ။
၎ လကနေ ၁၂ နှစ် = 20 to 50 mg/kg/day ၂-၃ ခါခွဲတိုက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး