Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး



(ဗိုင်းရပ်စ်) ကူးစက်ခံရတာကို ပဋိဇီဝဆေး သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်။ အမေရိကန် Centers for Disease Control and Prevention ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ ၁၉-၁၁-၂ဝ၁၁ နေ့က သတိပေးထားတာဖြစ်ပါတယ်။

ကလေးတွေအများစုဟာ အရေးပေါ်ဌာနတွေကို ဆေးမတည့်လို့ လာကြတာဟာ အများဆုံးဖြစ်တယ်။ ဒီသတင်းဟာ အခုရက်သတ္တပါတ်တွေအတွင်း ကမ္ဘာတဝှမ်းမှာ Antibiotic resistance ပဋိဇီဝဆေးမတိုးတော့တာကို သတိထားစေဘို့ တွန်းအားတရပ်လဲ ဖြစ်ပါတယ်။ (ဗက်တီးရီးယား) တွေကို နိုင်တဲ့ ဆေးမျိုးကနေ ကျန်းမာရေးပြဿနာ ပိုစေပါတယ်။

အမှန်က ဗိုင်းရပ်စပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။

အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ Antibiotics ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ ဒါပေမဲ့ မလုဘဲသုံးနေတြာ များနေဆဲဖြစ်တယ်။

မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။

Life-threatening bacterial infections အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် Antibiotics တွေကအတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

Colds နှာစေ-အအေးမိတာ၊ Most sore throats အများစုလည်ချောင်နာတာ၊ Acute bronchitis လေပြွန်ရက်တိုရောင်တာ၊ Many sinus ဆိုင်းနပ်စ် အများစု၊ Ear infections နာကိုက်တာ အများစုတွေဟာ Viral infections ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်-ဆိုးကျိုးတွေ ရစေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး