Baby girl or boy ဘာလေးမွေးမှာလဲ



ဗိုက်ထဲကကလေး ယောက်ျားလေး-မိန်းကလေး ခွဲသိဘို့ Old Wives Tales အရပ်ထဲက အမျိုးသမီးကြီးတွေက အတွေ့အကြုံကို အားကိုးတယ်။ တရုတ်တွေက ပြက္ခဒိန်ကိုသုံးတယ်။ ဆရာဝန်တွေ စက်ပါမှရတယ်။ Ultrasound (အာလ်ထွာဆောင်း) ရိုက်မှသိကြတယ်။

ပြောကြတာတွေ အများကြီးဘဲ။ မိန်းကလေးမွေးမဲ့ ကိုယ်ဝန်ဆိုတာ -
• အချိုတွေ၊ အသီးတွေ ချင်ခြင်းတပ်နေရင်၊ ဥပမာ (အိုက်စခရင်မ်)၊ (ကင်ဒီ)၊ ကျွန်တော်တို့ အမျိုးသမီးတွေက အချဉ်သီး၊ အချဉ်ထုပ်။

• ဗိုက်မှာ စက်ဝိုင်းလည်သလို လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်ရတာ အရင်လောက် မလှဘူး ထင်နေရင်၊
• ဗိုက်ပုံစံက (ဘတ်စကက်ဘောလ်) လို မဟုတ်ဘဲ ဖရဲသီးလိုနေရင်၊
• ဆံပင် အရင်ကလောက် တောက်ပြောင် မနေရင်၊
• Morning sickness ကိုယ်ဝန်ဆောင်စလက္ခဏာတွေ မကြာခဏ ခံစားနေရရင်၊
• Linea nigra ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာ တန်းနေရင်၊
• ဘယ်ဘက်ရင်သားက ညာဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ညာဘက်စောင်းအိပ်တာ များရင်၊
• ကိုယ်ဝန်ဆောင်နေတုံး ခြေထောက်အေးရင်၊
• အရေပြားက အရင်ကလောက် မလှသလိုဖြစ်လာရင်၊ ဥပမာ Pimples ဝက်ခြံထွက်တာမျိုး၊
• ကိုယ်ဝန်ဆောင်တဲ့ Year နှစ်နဲ့ Age အသက်တွေ စုံဂဏန်းတူတွေဖြစ်နေရင်၊ ဒါမှမဟုတ် မဂဏန်းတူတွေဖြစ်နေရင်၊
• Fetal Hear Rate အထဲကကလေး နှလုံးခုန်နှုန်း ၁၄ဝ ထက်များနေရင်၊
• လက်သည်း-ခြေသည်းတွေ အရင်ကထက် ကျွတ်ဆတ်နေရင်၊
• ကိုယ်ခန္ဓာကို နောက်ကနေကြည့်တဲ့ လှပခြင်းဟာ အရင်လိုဘဲ ဆက်လှနေရင်၊
• မျက်နှာ ပိုပြီးဝိုင်းစက်နေရင်၊
• ကြက်သွန်ဖြူစားပြီး အနံ့ကသိပ်မထွက်ရင်၊
• ပေါင်မုန့်အနားသား မစားချင်ဖြစ်နေရင်၊
• ယောက်ျားလေးမွေးမယ်လို့ အိပ်မက်မက်နေရင်၊

ယောက်ျားလေးမွေးမဲ့ကိုယ်ဝန် ဖြစ်တာများသူတွေ
• အငန်နဲ့အချဉ် ပိုစားချင်နေရင်၊
• ဗိုက်မှာ စက်ဝိုင်းလည်သလို မဟုတ်ဘဲ ရှေ့-နာက်လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်မှ ပိုလှနေရင်၊
• ဗိုက်ပုံစံက ဖရဲသီးလို မဟုတ်ဘဲ (ဘတ်စကက်ဘောလ်) လိုဖြစ်နေရင်၊
• ဆံပင်ကအရင်ကထက် ပိုမဲနက်ပြီး ရှည်တာလဲမြန်လာရင်၊
• Morning sickness ကိုယ်ဝန်ဆောင်စလက္ခဏာတွေ သိပ်မခံစားရရင်၊
• ညာဘက်ရင်သားက ဘယ်ဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ဘယ်ဘက်စောင်းအိပ်တာ များရင်၊
• အရေပြားက အရင်ကလိုဘဲ ဆက်ကောင်းနေရင်၊
• Linea negra ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာမကဘဲ ရင်ခေါင်းအထိ တန်းနေရင်၊
• ခြေထောက်တွေ ပိုအေးတယ်ထင်ရင်၊
• Year ကိုယ်ဝန်ဆောင်တဲ့နှစ်က မဂဏန်း၊ Age ကိုယ့်အသက်က စုံဂဏန်းဖြစ်နေရင်၊ ဒါမှမဟုတ် ပြောင်းပြန်သဘော ဖြစ်နေရင်၊
• Fetal Heart Rate အထဲကကလေး နှလုံးခုန်နှုန်း ၁၄ဝ ထက်နည်းနေရင်၊
• လက်သည်း-ခြေသည်းတွေ အရင်ကထက်ပိုပြီး ကျန်းမာနေရင်၊
• ကိုယ်နောက်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး မြန်မြန်ကြီးထွားလာရင်၊
• မျက်နှာသွယ်လျှနေရင်၊
• ကြက်သွန်ဖြူစားပြီး အနံ့က တနေကုန် မပျောက်က်နိုင်ရင်၊
• ပေါင်မုန့်အနာသားလဲ စားချင်မယ်ဆိုရင်၊
• မိန်းကလေးမွေးမယ်လို့ အိပ်မက် မက်နေရင်၊

Chinese conception gender chart သန္ဓေတည်ချိန်နဲ့ မွေးမဲ့ကလေး တွက်ချက်တဲ့ တရုတ်တွေသုံးတဲ့ဇယား

အသက် - ၁၈ - ၁၉ - ၂ဝ - ၂၁ - ၂၂ - ၂၃ - ၂၄ - ၂၅ - ၂၆ - ၂၇ - ၂၈ - ၂၉ - ၃ဝ - ၃၁

ဇန္နဝါရီ = မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး

ဖေဖေါ်ဝါရီ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

မတ်လ = မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး

ဧပြီလ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး

မေလ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

ဇွန်လ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

ဇူလိုင်လ = ယောက်ျားလေး

 - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

သြဂုတ်လ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

စက်တင်ဘာ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး

အောက်တိုဘာ = ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး

နိုဝင်ဘာ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး

ဒီဇင်ဘာ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး


Chinese gender predictor http://www.babycentre.co.uk/t25011149/chinese-gender-predictor

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး