HIV and AIDS by the Numbers (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ

• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
• အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
• ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။
• အာရုံစိုက်ဘို့ ကောင်းတဲ့ ကိန်းဂဏန်တွေကတော့ ဒီအတိုင်း ဖြစ်ပါတယ်။
- ၃၃့၎ သန်း = ကုလသမဂ္ဂ UNAIDS နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာတလွှား HIV ကူးစက်ခံနေရတဲ့ ယောက်ျား-မိန်းမအရေအတွက်၊
- ၅့၇ သန်း = ကုလသမဂ္ဂ UNAIDS ထုတ်ပြန်ချက်အရ အများဆုံးဖြစ်တဲ့ တောင်အာဖရိက မှာ HIV/AIDS ရှိနေသူပေါင်း။
- ၂့၅ သန်း = ကမ္ဘာတလွှား HIV ကူးစက်ခံနေရတယ်လို့ သိထားရတဲ့ ကလေးစုစုပေါင်း၊
- ၁၉၅၉ = AIDS အစောဆုံးလူနာ၊ လူတဦးဟာ သွေးရောဂါ သုတေသနအတွက် သွေးလှူဒါန်းဘို့ ဆေးရုံကို လာခဲ့တယ်။ သူ့သွေးကို ၁၉၈ဝ ခုနှစ်ကျော်အထိ အေးခဲထားခဲ့တာမှာ HIV ရှိနေတယ်လို့ TheBody.com ကနေပြောခဲ့တယ်။
- ၁၉၈၁ = ပဌမဆုံး တရားဝင် အသိအမှတ်ပြုတဲ့ HIV ရောဂါစခဲ့တယ်။ အမေရိကားမှာ ဒီရောဂါ နာမည် တပ်တာ ပဌမဆုံးလို့ Avert.org ကနေပြောခဲ့တယ်။ ၁၉၈ဝ မတိုင်ခင် ပြည်ထောင်စုအတွင်းမှာ AIDS ရာဇဝင်က မရေရာပါ။
- ၂၅ သန်း = ၁၉၈၁ မှာ ရောဂါနာမည် စတပ်ကတည်းက AIDS ကြောင့် သေဆုံးခဲ့ရသူပေါင်း၊
- ၅ဝ% = ၂ဝဝ၈ နှစ်ကုန်အထိ HIV ကူးစက်ခံနေရတဲ့ အရွယ်ရောက် အမျိုးသမီး ရာခိုင်နှုန်း၊
- ၈ဝ% = လိင်မတူဆက်ဆံတာကနေကူးစက်ခံနေရတဲ့ တကမ္ဘာလုံး HIV လူနာ ရာခိုင်နှုန်း၊
- ၃% = Avert.org အဆိုအရ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ HIV နဲ့နေထိုင်သူ ရာခိုင်နှုန်း၊ ၂ဝဝ၉ ခုနှစ် ဝါရှင်တန်၊ ဒီစီ ကျန်းမာရေးဌန အဆိုအရ အနောက်အာဖရိကထက် HIV ရာနှုန်း မြင့်နေတယ်။
- ၆% = တောင်-ကာရိုလိုင်းနား ဆေးတက္ကသိုလ် လေ့လာချက်အရ ဆာဟာရ-အောက်ပိုင်းဒေသမှ HIV ကူးစက်ခံနေရတဲ့ ရာခိုင်နှုန်း၊
- ၁၇၂၃၇၇ = နယူးယော့ခ် မှာ AIDS ရောဂါဖြစ်နေပြီလို့ သတ်မှတ်ခံထားရသူ စုစုပေါင်း။ အမေရိကန် ပြည်ထောင်စုထဲမှာ ကျန်ပြည်နယ်တွေထက် လူနာ အများဆုံးရှိတယ်။ ကာလီဖိုးနီးယားမှာ ၁၃၉ဝ၁၉၊ ဖလော်ရီဒါမှာ ၁ဝဝ၉ဝ၈၊ တက်ဆပ်စ်မှာ ၆၇၂၂၇၊ နယူးဂျာဆီမှာ ၄၈၄၃၁။ ရောဂါ ထိန်းချုပ်ရေး ဌာန CDC က ကိန်းဂဏန်တွေ ဖြစ်တယ်။
- ဒေါ်လာ ၅့၆၇ ဘီလျန် = AIDS, TB နဲ့ ငှက်ဖျားရောဂါတွေ တိုက်ဖျက်ဘို့ (ဂလိုဘယ်-ဖန်း) ကနေ ထောက်ကူတဲ့ ရံပုံငွေ၊ Avert.org အဆိုအရ Global Fund ဟာ AIDS ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အကြီးဆုံး အဖွဲ့အစည်း ဖြစ်တယ်။
- ၄ သန်း = Avert.org အဆိုအရ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက်ကယ်ဆေး ရရှိနေတဲ့ အရေအတွက်၊
- ၉့၅ သန်း = ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက်ကယ်ဆေး ရရှိဘို့ အရေးတကြီး လိုအပ်နေတဲ့ အရေအတွက်၊

Dr. တင့်ဆွေ
၎-၆-၂ဝ၁၁

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး