Pregnancy and S (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ



1) သတင်းတခုမှာ ဖတ်လိုက်ရလို့ပါ။ ပါးစပ်မှာ ပိုးတွေ အများကြီး ရှိတယ်လို့။ ဆက်ဆံရာမှာ ပါးစပ်သုံးတာ ရောဂါ ရနိုင်ပါသလား။ နောက်တခုက လိင်တံ-အရစ်ကြားက ရှိတဲ့ အဖတ်လေးတွေကိုတော့ သူက အမြဲသန့်တာ တွေ့ဘူးပါတယ်။ အဲတာကကော သမီးတို့မိန်းကလေးတွေကို ရောဂါရစေတတ်လား ဆိုတာလဲ သိချင်ပါတယ်။ သူငယ်ချင်း တယောက်က အဲဒါက သားအိမ်မှာ ကင်ဆာတို့ ဘာတို့ ဖြစ်တတ်တယ်ပြောလို့ပါ။ အဲဒါကော ဟုတ်ပါသလား။

2) ကျွန်မ အမျိုးသားနှင့် လိင်ဆက်ဆံတိုင်း ပြီးမြောက်သည်းအဆင့်ကို ရောက်ပါသည်ရှင့်။ ကိုယ်ဝန် ဘယ်နှစ်လမှာ စရှောင့်သင့်လဲ ဆိုတာကို သိချင်ပါတယ်။
3)
ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့မရဘူးဆိုပြီး။ သူနဲ့လဲ အတူတူ နေချင်ပါတယ်။ ကလေးကိုလဲ လိုချင်တယ်။ တခုခု ဖြစ်သွားမှာလဲ ကြောက်တယ်။ ခုဆို Oral sex ပါးစပ်တို့ လက်တို့ပါ မသုံးရဲပါဘူး။ ပိုးဝင်ပြီး ကလေး တခုခုဖြစ်သွားမှာ စိုးလို့ပါ။ ခုသမီးမှာက ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ သူကော သမီးမှာပါ အတွေ့အကြုံမရှိဘူး ဖြစ်နေလို့ပါ။ အနားမှာ တိုးတိုး မေးစရာ လူကြီးကလဲ မရှိလို့ပါ။ အမျိုးသားက အမြဲခရီးသွားနေရလို့ သူရှိတဲ့ အချိန်မှာတော့ သူနဲ့ အတူတူ နေချင်တာပေါ့။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

ပွင့်ပွင့်လင်းလင်း မေးကြတာ ချီးကျူးပါတယ်။ ဖြေတာမှာလည်း ရှင်ရှင်းရေးဘို့ အားမနာရတာပေါ့။ တယောက် မေးတာ Sep 13, 2010 at 5:47 PM ကတည်းကပါ။ အခုမှ (ဘလော့ခ်) မှာ တင်ပါတယ်။

(
) Oral sex လုပ်ရင် STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ အပါအဝင် တချို့ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သီအိုရီအရ ပြောရရင် HIV, Hepatitis B, Hepatitis C တွေဖြစ်တယ်။ လက်တွေ့မှာ ရာခိုင်နှုန်း မများလှပါ။ အပြုခံသူမှာ မဆက်ဆံခင်နဲ့ ဆက်ဆံချိန် ထွက်တဲ့အရည်တွေမှာ ပိုးပါနေမှ ကူးတယ်။ လိင်အင်္ဂါတွေနဲ့ ပါးစပ်က အပေါ်ယံ အဖုံးလွှာမှာ အနာ-အဆာ ရှိနေရင် ကူးတယ်။ (ကွန်ဒွမ်) နဲ့ ကာကွယ်နိုင်ကြတယ်။

Oral sex
ပါးစပ်သုံးတာ နဲ့ HIV
ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုး ပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။

မိန်းမအင်္ဂါကို ယောက်ျားက လက်နဲ့ ပွတ်သပ်တာ ကိစ္ခမရှိပါ။ STD ရောဂါ မရှိရင် Oral sex ကို နှစ်ယောက်လုံး ကိုယ်ဝန်ဆောင်-မဆောင် လုပ်နိုင်တယ်။ မိန်းမကနေ ယောက်ျားကို လုပ်ပေးတာကြောင့် ပိုးမဝင်တတ်ဘဲ၊ ကျားကနေ လုပ်ပေးတာက ပိုးဝင်လွယ်တယ်။ များသောအားဖြင့် မှိုပိုးပါ။ အဖြူဆင်းမယ်။ ယားမယ်။ ဖြစ်ရင်လဲ ကုလို့ရပါတယ်။

သားအိမ်ကင်ဆာ သိပ်မစိုးရိမ်ပါနဲ့။ ငယ်သူတွေ အဖြစ်နည်းတယ်။ လိင်ဆက်ဆံတာကနေ ဖြစ်ရတာတော့ မဟုတ်ပါ။ မသန့်လို့လဲ မဟုတ်ပါ။ ကင်ဆာ ဆိုတာ ဖြစ်ချင်လို့ ဖြစ်တာလို့သာ ပြောရမှာပါ။

(
) ကိုယ်ဝန်ဆောင်ချိန် လုံးလုံး လင်-မယား အတူမနေကြရဘူးဆိုတာ မဟုတ်ပါ။ အခြေအနေ အသစ်တမျိုးမှာ ယာယာမှု အသစ်အဆန်းကို ရှာနိုင်ကြပါတယ်။ နည်းသစ် ဆိုတာတွေပါ တွေ့လာပါလိမ့်မယ်။ ကိုယ်ဝန်မရှိတုံးကနဲ့ မတူတာတော့ သတိပြုကြရပါမယ်။ ကျန်းမာရေးအရ Perfectly safe လုံးဝ စိတ်ချနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေသူရော အထဲကကလေး အတွက်ပါ ပြောတာပါ။

ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရိမ်ရတယ်၊ နောက်ဆုံး ၃ လ ဆိုရင် စောပြီးမွေးမှာ စိုးရိမ်ရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ ပုံမှန် ဖြစ်နေရင် အလွန် လုံခြုံပါတယ်။
• Amniotic Sac
အထူ နဲ့ အပါး
• Sex and Pregnancy
ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား နဲ့
• Sex after delivery
ကလေးဖွါးပြီး အတူနေခြင်း တွေလဲကို ဖတ်ပါ။

(
) ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ
ကိုယ်ဝန်ဆောင်တုံး သုံးနိုင်တဲ့ ဆက်ဆံနည်းတွေကို (အင်တာနက်) မှာ အမျိုးမျိုး အကြံပေးကြတယ် မတူတာတွေလဲ ရှိတယ်။ တချို့ဟာ ကျန်းမာရေးအရ မကိုက်ပါ။ အခြေခံကျတာကို ပြောရရင် လှေကြီးထိုးနည်း (မ-အောက်-ပက်လက် + ကျား-အထက်) နည်းကို ရှောင်ပြီး၊ ပြောင်းပြန်နဲ့ ဘေးတိုက်နည်းတွေ သုံးနိုင်တယ်လို့ ပြောနိုင်တယ်။

1) Missionary
လှေကြီးထိုး၊ ရိုးရိုး၊ (မ-အောက်-ပက်လက် + ကျား-အထက်) နည်းမှာ အင်အားသုံးတာ မဖြစ်စေရပါ။

2) New Missionary
ယောက်ျားက အပေါ်အနေအထားကို ဆန်းသစ်ထားတဲ့ နည်းပါ။ အမျိုးသမီးက ခြေထောက်ကို အထက်ကို ဆန့်တန်း ထားရတယ်။ ယောက်ျားရဲ့ အလေးချိန်က မိန်းမအပေါ် လာမဖိစေဘူး။ ယောက်ျားက ဆောင်ကြောင့်ထိုင်တာ ရပါတယ်။ မိန်းမက ဒူးနှစ်ဖက်ကို ရင်ပတ်ဆီ ရောက်အောင် ကွေးပေးရင်၊ နောက်ပြီး မိန်းမရဲ့ တင်ပါးစွန်းအောက်မှာ အခုအခံတခုခု ထားပေးရင်၊ ဗိုက်ကို ဖိတာ နည်းစေမယ်။

3) Bed edge
မိန်းမက ကုတင်စွန်းမှာနေ၊ ယောက်ျားက မတ်တပ်ရပ်အနေထား ဆိုတာ အသင့်ဆုံး ဖြစ်နိုင်တယ်။ အမျိုးသမီးက ဒူးကွေးတာဖြစ်ဖြစ် ဆန့်တာဖြစ်ဖြစ် တင်စရာတခုမှာ ဖြစ်ဖြစ် ထားနိုင်ပါတယ်။ ကိုယ်ဝန် ဘယ်အရွယ်ဖြစ်ဖြစ် ဆက်ဆံလို့ ရပါတယ်။

4) Woman on Top
အမျိုးသမီးကအပေါ် အနေအထား။ Cow-girl position လို့လဲ ခေါ်တယ်။ ကိုယ်ဝန်နုချိန်မှာ ရပါတယ်။

5) Side by Side
အမျိုးသမီးက ပက်လက်နေ၊ ယောက်ျားက ဘေးက၊ ဆိုပါစို့ ယောက်ျားက ညာဘက်က ဆိုရင် မိန်းမရဲ့ ညာဘက် ပေါင်တဖက်က ယောက်ျားရဲ့ ခါးလောက်ကနေ ဘေးထုတ်-ကားတင်ထားပါ။ ယောက်ျားက အောက်က ဘယ်ဘက်ပေါင်ကို ဆန့်ထား၊ ညာဘက်ပေါင်က မိန်းမရဲ့ ပေါင်ခြံလောက်မှာ ကန့်လန့်ဖြတ် ခွတင်ထားရတယ်။ နှစ်ယောက်သား အပြိုင်၊ V, X ပုံ အနေအထား ဖြစ်တယ်။ ကိုယ်ဝန်ရင့်လဲ ဖြစ်ပါတယ်။

6) Spooning
အမျိုးသမီးက ဘေးတိုက် အိပ်နေပါ၊ ပေါင်နဲ့ ဒူးတွေ ကွေးထားပါ။ ယောက်ျားက နောက်ကနေပါ။ သမားရိုးကျ ဆက်ဆံနေရင်းကနေ ဒီအနေအထားကို ပြောင်းပြီးသုံးသင့်တယ်။ မ-အင်္ဂါ စိုစွပ်မှုကလဲ လုံလောက်နေပြီ၊ ယောက်ျားဖြစ်သူကလဲ အတို-အရှည် ပိုအဆင်ပြေလာပြီ။ မိန်းမက လိုအပ်ရင် ဒူးကြားမှာ ခေါင်အုံးထားနိုင်ပါတယ်။

7) From Behind, Hands & Knees, Doggy
ကိုယ်ဝန်ရှိသူက ကုတင်မှာ လေးဘက်ထောက် နေပါ။ ခေါင်းအုံး အခုအခံ လိုရင်သုံးပါ၊ ယောက်ျားဖြစ်သူက ကုတင်အောက်မှာ မတ်တတ် အနေအထားနေပါ။ ဒါမှမဟုတ် သူကလဲ ကုတင်ပေါ်မှာ ဒူးထောက်ပါ။ ဒီနည်းကို Medically termed a maximum penetration position အဆုံးစွန်အထိ အထဲဝင်တဲ့နည်းလို့ ဆေးစာအလိုက ဆိုပါတယ်။

အမျိုးသမီး အတော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ Nipples ရင်သားထိပ်က Incredibly sensitive ပိုပြီး အထိအတွေ့ ကောင်းလွန်းလာကြလို့ အမျိုးသားက ရင်သားကို ကစားသင့်တယ်။
ကိုယ်ဝန်ဆောင်ချိန်မှာရတဲ့ Orgasm က တမျိုးလို့ မှတ်သူတွေ ရှိတယ်။ အဲဒီတော့မှ (အော်ဂဇင်) ရဘူးသူတွေလဲ ရှိမယ်။ ပိုကဲသူတွေက ဒီကာလမှာ ခဏခဏရသေးသတဲ့။ အားပေးသူတွေကလဲ ပြောတယ် Orgasms ရတာက ကလေးအတွက်ပါ ကောင်းတာတဲ့။
ကိုယ်ဝန်ဆောင်စဉ် Oral sex လုပ်တာလဲ ဘာမှ အန္တရာယ်မဖြစ်စေပါ။ (ကွန်ဒွမ်) သုံးတာ စိတ်ချရမယ်။
ကိုယ်ဝန်ဆောင်နေတုံး အမျိုးသမီးက Masturbate ဖါသာ-အာသာဖြေလို့ ရမလား မေးတာကို လုပ်ချင်လုပ်ပါ၊ Great release of sexual energy သိပ်ကောင်းတဲ့ လိင်စိတ်လျှော့နည်း ဖြစ်ပါတယ်လို့ ဆရာဝန်တချို့က အကြံပေးပါတယ်။
• Can I have anal sex while pregnant?
စအိုသုံးနည်းကော ကောင်းပါသလား အမေးကို အဲဒီဆရာဝန် ဖြေတာကတော့ That's a tough one ပြောရမှ ခပ်ခက်ခက်ဘဲ။ လေ့လာမှု သိပ်မရှိသေးလို့ တဲ့။

• 28 Kama Sutra Sex Positions, 64 Kama Sutra Sex Positions
ဆိုတာတွေ ကာမ-စာပေမှာ အထင်အရှား ရှိပါတယ်။ ဘီစီ ၄ဝဝ-၂ဝဝ ကတည်းက ရှေးဟောင်း အိန္ဒိယ-ဟိန္ဒူ နဲ့ (ဆန်းစ်ခရစ်) စာပေမှာ ရှိခဲ့ပါတယ်။ Indus Valley civilization အိန္ဒု လွင်ပြင် ယဉ်ကျေးမှုနဲ့ စခဲ့တယ်။
• Kamashastra (
ကာမသျှတရ) ဆိုတာက ဘီစီ ၈ ရာစုကတည်းကရှိခဲ့ပေမဲ့ စာပေပုံစံ နဲ့ ပုံတွေ မပါသေးဘူး။
• Orissa
သြရစ္စမှာ Mukteswar Temple (Muktesvara deula) (မူတက်ဆဝါ) ဘုရားကျောင်းမှာ ဟိန္ဒူဘုရားတွေနဲ့ ပတ်သက်တဲ့ ရုပ်ထုတွေကိုလဲ ဒီဘာသာရပ်ထဲမှာ စာရင်းသွင်းနိုင်တယ်။
• Madhya Pradesh (
မဒယာ-ပရာဒက်ရှ်) ပြည်နယ်က Khajuraho Group of Monuments တွေထဲက ပန်းပု (ပန်းတော့၊ ပန်းတမော့) တွေထဲက ၂ဝ% ဟာ sex sculptures (ဆက်စ်) နဲ့တိုင်တာတွေဖြစ်တယ်။
ဒီအနေအထားတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ဆိုင်တာကို သုတေသန လုပ်လာ မတွေ့ဘူးသေးပါ။ ဆရာက ဆေးပညာဒေါင့်ကသာ ရေးသူဖြစ်လို့ အနေအထား အမျိုးမျိုးကို လိုတာထက် ပိုမရေးပါ။
• Google
မှာ ဆိုင်ရာ စာလုံးကို ရိုက်နှိပ်ပြီး ရှာတာနဲ့ ခေတ်ပေါ် ပုံတွေရော၊ သမိုင်းထဲက အရုပ်တွေပါ တွေ့ပါလိမ့်မယ်။ ဗီဒီယို၊ ပန်းချီ၊ ကျာ-မ၊ မ-မ၊ အမျိုးမျိုးနဲ့ ရှိနေပြီး ဖြစ်ပါတယ်။
ကနေ့ခေတ်မှာ ပညာအရှာရ သိပ်လွယ်လာတာမို့ လူငယ်တွေအတွက် သိပ်ကောင်းပါတယ်။ ဘာကိုယူမလဲ ဆိုတာကိုတော့ အကောင်းဆုံး ဆုံးဖြတ်ပါလေ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး