Nutrition အာဟာရ

ဆရာရှင့် ဗဟုသုတမေးချင်လို့ပါရှင့်။ ကျမတို့ ကလေးမိခင်တွေမှာအငြင်းအခုန်ဖြစ်နေကြပါတယ်။ ကလေးတွေမှာ ကစီဓာတ် လိုအပ်လားမလိုအပ်ဘူးလားသိချင်ပါတယ်ရှင့် link လေးများရှိရင် ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါရှင့်။ နောက်ပြီး  gluten ဆိုတာ ကစီဓာတ်ကိုပြောတာပါပဲလားရှင့်။ ဆရာ့ရဲ့ blog ကိုလမ်းညွှန်ပေးပါဆရာ ကျမ ရှာဖတ်ပါ့မယ်ရှင့်

မေးခွန်းရလို့ ဒီစာကို ပြန်တင်ပါတယ်။ ကျွန်တော်တို့မြန်မာစာ အားနည်းချက်တွေထဲမှာ အတတ်ပညာနဲ့ဆိုင်တဲ့ စာလုံးတွေ တသမတ်တည်းမရှိသေးတာဖြစ်တယ်။ ဆေးပညာမှာ နမူနာတွေမနည်းပါ။ တလောက ဘေလုံးနဲ့ သရက်ရွက် ရေးတယ်။ သားအိမ်ခေါင်းနဲ့ သားအိမ်ဝ တယောက်တမျိုးခေါ်ကြတယ်။ ကစီဓါတ်ဆိုတာ ဟိုအရင်ကတည်းက သုံးနေတာ။ ကာဗွန်ဟိုက်ဒရိတ်လို့ပြောရင် ခေါင်းရှုတ်မယ်။ စတာ့ခ်ျလို့ပြောလည်း နာလည်ချင်မှ နားလည်မယ်။ သကြားဓါတ်လို့ အလွယ်ပြောရင် ရောထွေးနိုင်တယ်။ ဓါတုဗေဒစာလုံးတွေ ထည့်ပြန်ရင်လည်း ပိုပြီးခက်ခဲစေမယ်။

ကစီဓါတ် ခေါ် စတာ့ခ်ျ ခေါ် ကာဗွန်ဟိုက်ဒရိတ်ဆိုတာ နေ့စဉ်စားကြတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်တို့မှာပါတယ်။

Gluten ဂလူတင်ဆိုတာတမျိုး။ ပရိုတင်းတမျိုးဖြစ်တယ်။ စတာ့ခ်ျဓါတ်နဲ့အတူ သိုလှောင်ထားတာ။ ဂျုံစေ့အပေါ်လွှာမှာ ပါတယ်။ ဘာလီစေ့၊ ရိုင်းစပါး၊ အုတ်စပါးတွေမှာလည်းပါတယ်။ မတည့်တဲ့သူတွေရှိလို့ တသက်လုံးရှောင်ရတယ်။

လူတွေစားသုံးတဲ့ အစားအစာတွေရဲ့ အာဟာရကို စနစ်တကျခွဲခြားရင် အကြီးစားနဲ့ အနုစားလို့ခွဲတယ်။ အကြီးစားထဲမှာ ကာဗွန်ဟိုက်ဒရိတ်၊ ဖိုက်ဗာ၊ အဆီ၊ ဖက်တီးအက်စစ်၊ ပရိုတင်းနဲ့ ရေတွေပါတယ်။ အနုစားထဲမှာ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေပါတယ်။

အာဟာရဓါတ် ၇ မျိုးလို့ခွဲနည်းလည်းရှိတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ ဖိုင်ဗာ နဲ့ ရေ။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတို့ကနေ အင်နာဂျီ ခေါ် ခွန်အားကိုရရှိတယ်။ ကလိုရီ နဲ့တိုင်းတာတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ၁ ဂရမ် ကနေ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် ၄ ကလိုရီနဲ့ အဆီ ၁ ဂရမ် ၉ ကလိုရီတို့ ရတယ်။

ပရိုတင်းကို အသားဓါတ်ခေါ်တာ မပြည့်စုံပါ။ အဲတာထဲမှာ မရှိမဖြစ်တဲ့အမိုင်နိုအက်စစ်တွေ ပါဝင်တယ်။ ပျက်စီးသွားတဲ့ တစ်ရှူးတွေ၊ ဆဲလ်တွေ အစားထိုး၊ အသစ်တည်ဆောက်ဖို့အတွက် အသုံးကျတယ်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းတွေကရတယ်။ ကိုယ်အလေးချိန် ၇ဝ ကီလိုရှိသူအတွက် တနေ့ ပရိုတင်း ၇ဝ ဂရမ်လိုအပ်တယ်။ ဖိုင်ဗာ ဆိုတာ အသီးအနှံတွေမှာပါတယ်။ မစားရင် ဝမ်းချုပ်စေတယ်။

ကိုယ်အလေးချိန်ရဲ့ ၇ဝ% က ရေဖြစ်တယ်။ တနေ့ ရေ ၁-၉ လီတာ လိုအပ်တယ်။ ရေနည်းရင် ရေခမ်းခြောက်ခြင်း ဖြစ်လာမယ်။ ဓါတ်ဆားတွေက ကယ်လ်စီယမ်၊ ကလိုရိုက်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကောပါး၊ ခရိုမီယမ်၊ မင်းဂနီးစ်၊ နစ်ကယ်၊ ဆယ်လင်နီယမ်၊ ကိုဘော့ခ်၊ အိုင်အိုဒင်း၊ သံဓါတ်တို့ဖြစ်တယ်။

မျှတတဲ့ အစားအစာ
အမျိုးအစား စုံအောင် စားရတယ်။ သင်တင့်မျှတစွာ ပါဝင်ရမယ်။ အာဟာရလိုအပ်ချက်နဲ့လည်း ပြည့်မီရမယ်။ လိုအပ်ချက် မတူကြပါ။ အလုပ်ကြမ်းလုပ်ရသူ၊ ကိုယ်ဝန်ဆောင်တွေက ပို၍စားရမယ်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယမ်ဓါတ်ဆားတွေ ပေးရမယ်။ အရက်ကြောင့် အသည်းရောင်ရင် ဗီတာမင်ဆေးပြား + 40 kcal/kg + ပရိုတင်း 1.5-2 G/kg + ဖေါလစ်အက်စစ် + ဘီ ၁ တို့ပေးရတယ်။

ကိုလက်စထောဆိုတာ အဆီတမျိုးဖြစ်တယ်။ တိရစ္ဆာန်အဆီ-အရွတ်တွေမှာပါတယ်။ မာဂျရင်း၊ ကွတ်ကီးစ်၊ ခရက်ကား တို့မှာလည်းပါတယ်။ အဆိုး LDL နဲ့ အကောင်း HDL နှစ်မျိုးရှိတယ်။ အဆိုးများရင် သွေးကြောလေးတွေနံရံမှာ လာစုလို့ နှလုံးသွေးကြောကျဉ်း စထုပ်ခ်၊ ဆီးချိုအမျိုးအစား ၂ ရနိုင်တယ်။ အဝလွန်၊ အသည်း၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါတွေ ဖြစ်စေတယ်။ ကောင်းတဲ့ဆီတွေက ပြောင်းဆီ၊ ကင်နိုလာဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပံပုပ်ဆီ တို့ဖြစ်တယ်။

ဂျန့်ဖုဒ်ဆိုတာ အလွယ်ဝယ်ယူစားရကြတဲ့ ခေတ်ပေါ်အစာတွေကို ခေါ်တယ်။ အာဟာရတန်ဖိုး နည်းနည်းသာပါဝင် ကျန်းမာရေးနဲ့မသင့်တဲ့ ဆီတွေကို ထရန့်ဖက်ခေါ်တယ်။ ကောင်းပြီးသားဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်ခြင်းဖြစ်တယ်။ အသုံးခံတယ်။ အရသာထူးလာစေတယ်။ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ ဆား၊ ထရန့်ဆီ၊ ကလိုရီတွေပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်းတွေမှာ ထရန့်ဆီပါနေတယ်။

အစားအစာတွေကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားနည်းတွေနဲ့ သိုလှောင်ထားရာမှာ သတိထားရမယ်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်တွေ မလာစေရန် လုံခြုံအောင် ဖုံးထာရန်လည်း သတိထားရမယ်။ ချက်ပြုတ်ရာမှာ အပူချိန်၊ လှီးဖြတ်တဲ့ဓါး၊ ထည့်တဲ့ ဆေးတဲ့ အိုးခွက်စတာတွေကိုလည်း သတိထားဘို့လိုတယ်။

ဗီတာမင်တွေ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်တယ်။ အဆီထဲ ပျော်ဝင်တဲ့အုပ်စုနဲ့ ရေထဲ ပျော်ဝင်တဲ့အုပ်စုဟု နှစ်မျိုးရှိတယ်။ ဘီနဲ့စီ တို့သည် ရေထဲပျော်ဝင်ကြသည်။ အေ၊ ဒီ၊ အီး၊ ကေတို့သည် အဆီထဲ ပျော်ဝင်ကြသည်။ ပိုနေရင် အသည်းထဲမှာ သိမ်းထားသည်။

ဗီတာမင် အေ = ရက်တီနောဟာ ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နဲ့ နို့ထွက်အစာတွေ၊ မုန်လာဥနီမှာ ပါဝင်တယ်။ အရေပြားနဲ့ အပေါ်ဖုံးလွှာတွေ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်တွေအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။
- လူကြီးယောက်ျား = 900 micrograms daily 3,000 IU
- လူကြီးမိန်းမ = 700 micrograms daily 2,300 IU
- ကိုယ်ဝန်ဆောင် = 770 micrograms daily 2,600 IU
- နို့တိုက်မိခင် = 1,300 micrograms daily 4,300 IU
- ဗီတာမင်အေနည်းနေသူ = တနေ့ 100,000 IU စားဆေး ၃ ရက်၊ ထို့နောက် ထိုးဆေး တနေ့ 50,000 IU ၂ ပတ်ကြာထိုး။ ထို့နောက် တနေ့ 10,000-20,000 IU ၂ လ။
- ကလေးမွေးပြီးမိခင် = ၆ ပတ်နေလျှင် တနေ့ 400,000 IU ၂ ရက်။

ဗီတာမင် ဘီ ၁ သိုင်ယာမင်း = ရိစ်၊ ဥ၊ အသည်း၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်တယ်။ ဗယ်ရီဗယ်ရီခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

ဗီတာမင် ဘီ ၂ ရိုင်ဘိုဖလေဗင်း = နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်တယ်။ ချို့တဲ့ရင် ကျီးကန်းပါးစပ်နာဖြစ်စေတယ်။

ဗီတာမင် ဘီ ၆ ပိုင်ရီဒေါက်ဆင်း = အချို့ဆေးဝါးတွေကြောင့်၎င်း နည်းစေတယ်။ ဥပမာ တီဘီ ဆေး၊

ဗီတာမင် ဘီ ၉ ဖေါလစ်အက်စစ် = သွေးနီဥသန်စွမ်းစေရန် အသုံးဝင်တယ်။ ကိုယ်ဝန်မှာ သောက်ရမယ်။

ဗီတာမင် ဘီ ၁၂ ကိုဘယ်လမင်း = ရိစ်၊ နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ ငါး၊ အသားတို့မှာ ပါဝင်တယ်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ ဆဲလ်တည်ဆောက်ရန်၊ သွေးနဲ့ အာရုံကြော ကောင်းစေရန်အတွက်ဖြစ်တယ်။ ၄င်းနည်းပါက ပါနီးရှပ်စ် သွေးအားနည်းရောဂါဖြစ်စေတယ်။

ဗီတာမင် စီ အက်စကောဗစ်အက်စစ် = စိမ်းတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေမှာ ပါဝင်နေသည်။ ချဉ်တဲ့အသီးတွေ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေတယ်။ ခုခံအားလည်း ကောင်းစေတယ်၊ အနာကျက်စေတယ်။ ချို့တဲ့ပါက စကောဗီ ရောဂါ ရစေတယ်။

ဗီတာမင် ဒီ = ငါးကြီးဆီ၊ နို့ထွက်အစာတွေမှာ ပါဝင်တယ်။ နေရောင်ကြောင့် Vitamin A မှ Vitamin D ဖြစ်လာစေတယ်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေတယ်။

ဗီတာမင် အီး = အသီးအရွက်ကရတဲ့ ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံတွေမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောတွေ အလုပ်ကောင်းစေရန် အသုံးကျသည်။

ဗီတာမင် ကေ = အသီးအရွက်တွေမှာပါသည်။ သွေးတိတ်စေတယ်။

BMR ဘီအင်မ်အာ
လူတိုင်း အလုပ်မလုပ်ဘဲ နေလည်း အသက်ရှင်နေနိုင်ဘို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလုပ်လုပ်နေနိုင်ရန်အတွက် လိုအပ်တဲ့ အနည်းဆုံး လိုအပ်ချက် ကယ်လိုရီကိုခေါ်တယ်။ ကလိုရီမှာ လူတယောက်နေ့ စဉ် လိုအပ်ချက် စုစုပေါင်း၏ ၆ဝ-၇ဝ%ရှိတယ်။ ပေါင် ၁၅ဝ လေးတဲ့ လူကြီး ယောက်ျား = ၁၈ဝဝ ကယ်လိုရီ၊ BMR၊ ပေါင် ၁၂ဝ လေးတဲ့ လူကြီး မိန်းမ = ၁၃၂ဝ ကယ်လိုရီ၊ BMR ရှိတယ်။

ကယ်လိုရီ
- ပိန်တဲ့သူတဦး တနေ့လိုအပ်ချက် = ကိုယ်အလေးချိန် ပေါင် x ၁၄ ကယ်လိုရီ၊
- မပိန်-မဝသူတဦး တနေ့လိုအပ်ချက် = ကိုယ်အလေးချိန် ပေါင် x ၁၇ ကယ်လိုရီ၊
- အလုပ်ကြမ်းလုပ်ရသူတဦး တနေ့လိုအပ်ချက် = ကိုယ်အလေးချိန် ပေါင် x ၂ဝ ကယ်လိုရီ၊

ပေါင် ၁၂ဝ လေးတဲ့ အမျိုးသမီးတယောက် အောက်ကအလုပ်တခုကို ၁ဝ မိနစ်ကြာလုပ်ရင် ကုန်မဲ့ ကယ်လိုရီ၊
• အေရိုးဗစ် သာမန် 45.4
• အေရိုးဗစ် အပြင်းစား 63.6
• ယောဂ-လေ့ကျင်ခန်း သာမန် 22.7
• အလေးမခြင်း 54.5
• စက်ဘီစီးခြင်း ၁၆-၁၉ မိုင်နှုန်း 109
• ကြိုးခုန်ခြင်း 90.9
• ၅ မိုင်နှုန်းပြေးခြင်း 72.7
• ၁ဝ မိုင်နှုန်းပြေးခြင်း 145.4
• တင်းနစ်ရိုက်ခြင်း 72.7
• ပြေး-ခုန်ပစ် 54.5
• ၅ မိုင်နှုန်း လမ်းလျောက် 72.7
• တင်းခွဲ 54.5
• ဥယျာဉ်လုပ် 40.9
• တံပျက်စီးလှည်း 36.3
• ကလေးထိန်း 27.2
• အိမ်သန့်ရှင်းရေး 27.2
• ထမင်းချက် 18.1
• သန့် ရှင်းရေး အပြင်းလုပ်ခြင်း 17.2
• မီးပူတိုက် 20.9
• အိပ်စက်ခြင်း 8.1
• တီဘီကြည့်ခြင်း 9.0
• ကွန်ပြူတာစာရိုက် 13.6
• ကျောက်မီးသွေးမိုင်းအလုပ် 54.5
• လက်သမားအလုပ် 31.8
• ဆောက်လုပ်ရေးအလုပ် 49.9

ဖိုင်ဘာပါတဲ့ အစားအစာတွေ
• ပန်းသီး အခွံပါ 1 medium 5.00
• ငှက်ပျောသီး 1 medium 3.92
• ဘယ်ရီသီး 1 cup 4.18
• စပျစ်သီး 1/2 medium 6.1
• လိမ်မော်သီး 1 medium 3.40
• မက်မွန်သီး 1 medium 2.00
• သစ်တော်သီး 1 medium 5.08
• ဆီးသီး 1 medium 1.00
• ရက်စ်ဘယ်ရီသီး 1 cup 8.34
• စထောဘယ်ရီ 1 cup 3.98
• မုံလာစိမ်း 1 cup 4.5
• ကွမ်းသီးဂေါ်ဖီ 1 cup 2.84
• မုံလာထုပ် 1 cup 4.20
• မုံလာဥနီ 1 medium 2.00
• ပန်းမုံလာ 1 cup 3.43
• ပြောင်းဖူး 1 cup 4.66
• ပဲသီးစိမ်း 1 cup 3.95
• ကြက်သွန်နီ 1 cup 2.88
• ပဲ 1 cup 8.84
• အာလူးပြုတ် အခွံပါ 1 medium 4.80
• ဟင်းနုနွယ် 1 cup 4.3
• ကစွန်းဥ 1 cup 5.94
• ခရမ်းချဉ် 1 medium 1.00
• ပေါင်မုံ့ ၁ ချပ် 2.00
• အုတ်စပါး 1 cup 12.00
• ပါစတာ 1 cup 6.34
• ဆန်လုံးညို 1 cup 7.98
• အယ်မုန်း 1 oz 4.22
• သီဟိုဠ်စေ့ 1 oz 1.00
• ဘိုစားပဲ 1 cup 13.33
• ပဲနီကလေး 1 cup 15.64
• မြေပဲ 1 oz 2.30
• ဖရုံစေ့ 1/4 cup 4.12
• ပဲပုတ် 1 cup 7.62
• နေကြာစေ့ 1/4 cup 3.00
• သစ်ကြားသီး 1 oz 3.08

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၈

Food and diet writing links အစားအတဲ့က်နဲ့ အာဟာရစာတွေ
1. Babies and vitamins ကလေးငယ်နဲ့ ဗီတာမင် http://doctortintswe.blogspot.com/2016/01/babies-and-vitamins.html
2. Banana Diets ငှက်ပျောသီး-အာဟာရ http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
3. Bee pollen granules ပျားကနေထုတ်တဲ့ဆေး http://doctortintswe.blogspot.com/2014/11/bee-pollen-granules_19.html
4. Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
5. Calcium ကယ်လ်စီယမ် http://doctortintswe.blogspot.com/2014/12/calcium.html
6. Calcium blood test ကယ်လ်စီယမ် စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
7. Cereal မနက်စာ http://doctortintswe.blogspot.com/2017/03/cereal.html
8. Chicken egg and Duck egg ဘဲဥကို ပွတ်စားပါတဲ့ http://doctortintswe.blogspot.com/2014/12/duck-eggs.html
9. Chicken eggs and Cholesterol ကြက်ဥနဲ့ ကိုလက်စထော http://doctortintswe.blogspot.com/2014/11/chicken-eggs.html
10. Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html
11. Cholesterol ကိုလက်စထော http://doctortintswe.blogspot.com/2014/11/cholesterol.html
12. Cirrhosis Diet အသည်းခြောက် အစားအတဲ့က် http://doctortintswe.blogspot.com/2015/12/digestive-myths.html
13. Coconut oil အုန်းဆီ၊ စားအုန်းဆီ http://doctortintswe.blogspot.com/2015/07/coconut-oil.html
14. Cod liver oil ငါးကြီးဆီ http://doctortintswe.blogspot.com/2014/11/cod-liver-oil.html
15. Cooking Oils စားသုံးဆီ http://doctortintswe.blogspot.com/2014/10/cooking-oils.html
16. Corn ပြောင်းစားနည်း http://doctortintswe.blogspot.com/2014/11/corn.html
17. Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
18. Diabetes diet ဆီးချိုအတွက်အစားအစာတွေ http://doctortintswe.blogspot.com/2014/12/diabetes-diet.html
19. Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html
20. Diet for a breastfeeding mom 1 နို့တိုက်မိခင် ဘာစားချင်လဲ ၁ http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
21. Diet for a breastfeeding mom 2 နို့တိုက်မိခင် ဘာစားချင်လဲ ၂ http://doctortintswe.blogspot.com/2015/12/banana-diets.html
22. Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ http://doctortintswe.blogspot.com/2014/12/cirrhosis-diet.html
23. Eggs and Sprite အားဖြစ်တယ်ဆိုလို့ http://doctortintswe.blogspot.com/2014/11/eggs-and-sprite.html
24. Eggs ကြက်ဥ အစရှာခြင်း http://doctortintswe.blogspot.com/2014/11/eggs.html
25. Evening primrose oil ညနေခင်း နှင်းဆီ http://doctortintswe.blogspot.com/2015/06/evening-primrose-oil.html
26. Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
27. Food combination အစားအစာ ဘယ်လို တွဲစားသင့်ပါသလဲ http://doctortintswe.blogspot.com/2015/03/food-combination.html
28. Food for and not for Diabetes http://doctortintswe.blogspot.com/2015/12/food-for-and-not-for-diabetes.html
29. Food for health အစားအတဲ့က် http://doctortintswe.blogspot.com/2015/03/food-for-health.html
30. Food Storage and Safety Guidelines အစားအတဲ့က် သိုလှောင်ခြင်း http://doctortintswe.blogspot.com/2015/04/food-storage-and-safety-guidelines.html
31. Foods for Healthy Hair ဆံပင် အာဟာရ http://doctortintswe.blogspot.com/2014/11/foods-for-healthy-hair.html
32. Hard-Boiled Egg Vs Fried Egg ကြက်ဥကျော်နဲ့ ကြက်ဥပြုပ် http://doctortintswe.blogspot.com/2015/07/hard-boiled-egg-vs-fried-egg.html
33. High Calorie Food ကယ်လိုရီ တွေတဲ့ အစားအစာတွေ http://dts-medicaleducation.blogspot.com/2010/07/high-calorie-food.html
34. High Cholesterol diet ကိုလက်စထော တွေလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/2014/12/high-cholesterol-diet.html
35. Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.com/2011/01/iodine.html
36. Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
37. Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html
38. Liver Tonics အသည်းအားဆေး http://doctortintswe.blogspot.com/2015/04/liver-tonics.html
39. Milk types နွားနို့အမျိုးအစားတွေ http://doctortintswe.blogspot.com/2014/10/milk-types.html
40. Minerals ဓါတ်ဆားတွေ http://doctortintswe.blogspot.com/2014/11/minerals.html
41. Nutrition Facts အမြစ်-အသည်း ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
42. Nutrition for women အမျိုးသမီးတွေအတွက်အာဟာရ http://doctortintswe.blogspot.com/2015/08/nutrition-for-women.html
43. Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
44. Oat အုတ်စပါး http://doctortintswe.blogspot.com/2014/11/oat.html
45. Obimin အိုဗီမင် အားဆေး http://doctortintswe.blogspot.com/2014/12/nutrition.html
46. Omega-3 အိုမီဂါ သရီး ဘာလို့ နာမယ်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
47. Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ http://doctortintswe.blogspot.com/2015/07/palm-oil.html
48. Raw food အစိမ်းစားတဲ့အလေ့ http://doctortintswe.blogspot.com/2015/03/raw-food.html
49. Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/03/saturated-fatty-acids-and-health-risks.html
50. Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods.html
51. Tonics အားဆေး http://doctortintswe.blogspot.com/2014/11/tonics.html
52. Trans Fats ကျန်းမာရေးနဲ့ မသင့်တဲ့ စားသုံးဆီ http://doctortintswe.blogspot.com/2014/10/trans-fats.html
53. Trans Fats ကျန်းမာရေးနဲ့ မသင့်တဲ့ စားသုံးဆီ http://doctortintswe.blogspot.com/2014/10/trans-fats.html
54. Trans Fats အညာသားတွေဆီစားကြသည် http://doctortintswe.blogspot.com/2014/10/cooking-oils.html
55. Types of Eggs ကြက်ဥအမျိုးမျိုး http://doctortintswe.blogspot.com/2015/07/types-of-eggs.html
56. Vegetarianism သက်သတ်လွတ် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/11/vegetarianism.html
57. Vitamin A ဗီတာမင် အေ http://doctortintswe.blogspot.com/2015/04/vitamin.html
58. Vitamin B complex ဗီတာမင် ဘီ အုပ်စု http://doctortintswe.blogspot.com/2014/11/vitamin-b-complex.html
59. Vitamin B12 and Iron supplement ဘီ-၁၂ နဲ့ သံဓါတ်လိုအပ်ချက် http://doctortintswe.blogspot.com/2014/11/vitamin-b12-and-iron-supplement.html
60. Vitamin C ဗီတာမင် စီ http://doctortintswe.blogspot.com/2015/04/vitamin-c.html
61. Vitamin D ဗီတာမင် ဒီ http://doctortintswe.blogspot.com/2014/11/vitamin-d.html
62. Vitamin E ညိုချောလေးတွေ http://doctortintswe.blogspot.com/2014/11/vitamin-e.html
63. Vitamin K ဗီတာမင် ကေ http://doctortintswe.blogspot.com/2014/11/vitamin-k.html
64. Vitamins and memory ဗီတာမင်တွေက မှတ်ဥာဏ်တိုးစေနိုင်သလား http://doctortintswe.blogspot.com/2015/03/vitamins-and-memory.html
65. Zinc သွပ်ဓါတ် http://doctortintswe.blogspot.com/2016/01/zinc.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး