Osteoarthritis အရိုးအဆစ်နာရောဂါ

၁။ ကျွန်မ အသက် ၃၇ နှစ် ကလေး ၂ ယောက်ရှိပါတယ်။ အရပ် ၅'၂" အလေးချိန် ၁၆၀ပါ။ ပိန်ချင်လို့ ကန်တော်ကြီးကို ပတ်ပြေးတာ ၃ ရက်ပါ။ အိမ်မှာနားပြီး ၁ ပတ်အကြာမှာ ဒူးစနာပါတယ်။ ဒူးနာက မပျောက်သေးပါ။ မလှုပ်ပဲနေရင် အနည်းငယ်သက်သာပြီး နဲနဲလှုပ်တာနဲ့ပြန်ပြန်နာတတ်ပါတယ်။ ဆရာကို Nov'14 တုန်းကလဲမေးဖူးပါတယ်။ သူငယ်ချင်း ဆရာဝန်ကလဲ diclo ၃ ရက်ထိုးပေးပါတယ်ဆရာ။ သက်သာပြီးလမ်းပြန်လျောက်တော့ ပြန်နာပါတယ်။ တရုတ်ဆေး စည်းတော့ ကျွန်မအရေပြားက အရက်တို့ အရက်ပြန်တို့နဲ့ မတည့်တော့ အလာဂျီဖြစ်လို့ ဆက်မလုပ်တော့ပါ။ အခု သူငယ်ချင်းတယောက်က သူ့ခါးနာတုန်းက လေဆာနဲ့ ၃ ရက်ပဲကုတာ ကောင်းသွားတယ်ပြောလို့ ကျွန်မရော လုပ်လို့ ရနိုင်လားဆရာ။ ဓာတ်မှန်ရိုက်ကြည့်ဖို့ရော လိုပါသလား။ ဒါမှမဟုတ် အရိုးဆရာဝန်နဲ့ပဲ ပြန်ပြရမလားဆရာ။ ကျွန်မက ကလေး ၂ ယောက်အမေဆိုတော့ မလှုပ်ရှားပဲကလဲ နေလို့မရလို့ပါဆရာ။ ဒူးနာနေတ ၃ လနီးပါရှိပါပြီဆရာရှင့်။

၂။ ကျွန်မ အသက်က ၃၄ နှစ်ရှိပါပြီ။ လက်ကောက်ဝတ်နား နာနေတာ ၉ လပိုင်း ၂ဝ၁၃ ကတည်းက ဆေးထိုး ဆေးစားခဲ့ပါတယ်။ တလပိုင်း မနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ ပုံမှန်ဖြစ်ဖို့ တနာရီကြာတယ်။ ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင် နာနေတာ ဆရာဝန် သွားပြတော့ leflunomide 1 OD ၆ လသောက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့ side effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ်။ ဒါပေမဲ့ ၅ လပိုင်း ၂ ရက်နေ့မှာ ပြန်ဖြစ်လာတယ်။ ဒီတခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်။ ကျွန်မ OSA က normal RA က positive တဲ့၊ uric acid လည်း ပုံမှန်၊ ESR 25mm/1hr တဲ့။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါဆရာရှင်။

၃။ ၃၅ နှစ်၊ ကျား၊ အိမ်ထောင်သက် ၅ နှစ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ အသား၊ လုံးဝ မသောက်မစားသည်မှာ ၁ဝ နှစ်ရှိ။ အသက် ၁၉ နှစ်ခန့်မှာ ရောဂါစတင်ခံစားရ၊ ရောဂါလက္ခဏာများမှာ လက်ချောင်းဆစ်များ၊ လက်ကောက်ဝတ်များ၊ လက်မောင်းရင်းများ၊ ဒူးဆစ်များ၊ ခြေမျက်စေ့များ၊ ခြေဖနောင့်များတွင် ရောင်ရမ်းလာ၊ နီမြန်းလာ၊ ပူလာပြီး လှုပ်ရှားမရ၊ ထိလျင်လည်း နာကျင်၊ ကွေးထားလျင် ဖြောင့်ရန်ခက်ခဲ၊ ဖြောင့်ထားလျင် ကွေးရန်ခက်ခဲ၊ ကြိုးစား၍ လှုပ်သော် အရမ်း နာကျင်၊ လက်ဆစ်များတွင်ဖြစ်ပါက မည်သည့်အရာကိုမျှ ကိုင်၍မရ။ တပြိုင်တည်း ဖြစ်ခြင်းမဟုတ်၊ ဆစ်ဆစ်နေ၍ ကိုက်ခဲနေခြင်းမျိုး မဟုတ်၊ တလ ၂ ခါမှ ၅ ခါခန့် အထိဖြစ်။ Etodolac/Lodine 500mg ကို ရောဂါ ခံစားရချိန်သောက် Acetaminophen, Aspirin, Ibuprofen ဆေးများက ကျွန်တော့်ရောဂါကို မသက်သာစေပါ။ ယခင် Paracetamol နှင့် Ibuprofen ရောထားသော ဆေးတမျိုးသောက်၊ အိပ်နေချိန်တွင် ဖြစ်ပေါ်လာပါက နိုးလာသည့် အချိန်တွင် ကုတင်ပေါ်မှ ဆင်း၍မရပါ၊ အသက် ၂၇ ခန့်မှ စတင်၍ ကုသမှု ခံယူ၊ ယခု အချိန်ထိ ရောဂါရှာမရ၊ ဆရာဝန် ၅ ယောက်ဖြင့်ပြပြီး၊ Gout မဟုတ်ဟုပြော၊ အဖြစ်များသော Arthritis မဟုတ်သော်လည်း Arthritis သည် အမျိုးပေါင်း များစွာရှိ၍ တမျိုးမျိုးသာ ဖြစ်မည်ဟုပြော။ ပထမဆုံးဆရာဝန်မှ Uric Acid မမြင့်သော်လည်း Uric Acid ချသည့် ထိုးဆေး တနေ့ တလုံး ၃ ရက် နှင့် Allopurinol (mg မမှတ်မိပါ) တနေ့ ၂ လုံး ၃ လစာ ပေးပြီး ၃ လ ပြည့် ဆီး၊သွေးထပ်စစ်၊ Uric Acid တော့ကျ သွားပြီ OK မည်ထင်ပါသည်ဟု ပြောသော်လည်း မထူးခြားခဲ့ပါ။ အခြား ဆရာဝန် ၄ ယောက်မှ ဆီး၊ သွေး အကြိမ်များစွာ စစ်သော်လည်း ရာဂါရှာမရသလို Treatment လည်းမပေးပါ။ သို့သော် ဆရာဝန်တဦးမှ Vitamin D အရမ်း နည်းနေသည် ဆို၍ Vitamin D 50,000 IU တပတ် တလုံးနှုံး ၁၂ လုံး သောက်ပြီး သွေးပြန်စစ်၍ ဆက်မသောက်ရန် ပြောပါသည်။ နောက် ၆ လခန့်ကြာ ထပ်မံသွားတွေ့ပြီး ထူးခြားမှုမရှိ၍ နောက်ဆရာဝန်ထံ ညွှန်း။ ဆရာဝန်အားလုံးမှ Anti-Inflammatory သောက်ရန်သာညွှန်း၊ side effect တွေကြောင့် မသောက်ချင်ပါ။

Osteoarthritis ဖြစ်ရင် ဖြစ်တဲ့နေရာမှာ နာတာ၊ ပုံမှန်လှုပ်မရအောင် တင်းနေတာနဲ့ ရောင်နေတာတွေ ဖြစ်နိုင်တယ်။ အဆစ်နေရာမှာရှိတဲ့ အရိုးထိပ်ကို ဖုံးပေးထားတဲ့ အရိုးနု စားသွားလို့ဖြစ်ရတယ်။ ဖြစ်လာရင် အဆစ်က အရင်လို လှုပ်ရှားဘို့ ခက်လာမယ်။ နာမယ်။ နောက်ကျော၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တွေမှာ ဖြစ်တယ်။ လည်ပင်း၊ လက်ချောင်း တွေမှာလဲ ဖြစ်တယ်။ အမေရိကန် ၃၃ သန်းမှာ ဖြစ်နေကြရတယ်။ Degenerative joint disease အိုလို့ဖြစ်တဲ့ အဆစ်နာလို့ ခေါ်ပေမဲ့ Osteoarthritis (OA) လို့ ခေါ်တာ ပိုသင့်တော်တယ်။ ငယ်တဲ့သူတွေမှာလဲ ဖြစ်ပေမဲ့ အိုမှဖြစ်တာ များတယ်။ အသက် ၆၅ ကျော်ရင် အများဆုံး။ မျိုးဗီဇကနေလာရင် ငယ်ငယ်နဲ့ ဖြစ်မယ်။

ဘယ်လိုလုပ်ပြီး ဒီရောဂါလို့ သိနိုင်မလဲ
ကျန်းမာရေး ရာဇဝင်၊ ခံစားရပုံ၊ ဖြစ်တဲ့နေရာနဲ့ ပါတ်သက်တာတွေ စစ်ဆေးမယ်၊ သွေးစစ်မယ်၊ Joint aspiration အဆစ်ထဲကအရည် ထုတ်စစ်မယ်၊ X-ray ဓါတ်မှန်၊ MRI ရိုက်မယ်။

အသက်ရလာလို့ သုံးဖန်များလို့ ဖြစ်လာစေတဲ့ (ဆဲလ်) တွေရဲ့ တုန့်ပြန်မှု Unfolded Protein Response (UPR) ကို အာရုံစိုက် လေ့လာတော့ အသက်ရသူတွေမှာ UPR ပျက်ယွင်းနေကြတယ်။ သုတေသနတခုက OA ဖြစ်သူတွေရဲ့ မျိုးဗီဇ-ခလုပ်တွေကို လေ့လာတယ်။ FAAH ဆိုတဲ့ မျိုးဗီဇဆိုတာ နာတာကို ခံနိုင်စွမ်းနဲ့ ပတ်သက်တယ်။ OA ဖြစ်သူတွေမှာ ပိုများနေတာ သိရတယ်။ နောက် သုတေသနတခုအဆိုအရ လက်ချောင်းတွေမှာ ဖြစ်ရင် ဒူးမှာဖြစ်တာထက် ပိုမြန်တာ သိရတယ်။ Complement C5 ဆိုတဲ့ ပရိုတင်းနဲ့ ဆက်စပ်နိုင်တယ်လို့ ထင်တယ်။ OA ဆိုတာ အရိုး-အဆစ်တွေ ရောင်ရမ်းတာဖြစ်တယ်။ Rheumatoid arthritis လေးဘက်နာနဲ့ ဆင်တယ်။ သုံးဖန်များလို့ ဖြစ်တဲ့သဘော မဟုတ်ဘူးတဲ့။

အရိုး-အဆစ်နာရောဂါ ကုသခြင်း
Osteoarthritis ကို ဆေးပေးတယ်ဆိုတာ နာတာ သက်သာအောင်၊ အဆစ်တွေ တင်းတောင့် မနေအောင်သာ ဖြစ်တယ်။ အနာ-အကိုက်သက်သာဆေးတွေ၊ နာတာကို သက်သာစေနိုင်ပေမဲ့ ရောင်တာကို မသက်သာစေပါ။

Acetaminophen (ပါရာစီတမော) ဆေးကို နဲနဲနဲ့ အတော်အသင့် နာတာအတွက် သုံးနိုင်တယ်လို့ American College of Rheumatology ကနေ ညွှန်းတယ်။ Tylenol, Anacin (Aspirin-free), Excedrin caplets and Panadol နာမည်တွေနဲ့ ရောင်းပါတယ်။ ၄-၆ နာရီတခါ 325 to 1,000 mg သောက်နိုင်တယ်။ တနေ့ထဲမှာ 4,000 mg ထက် မပိုရပါ။

နာတာက ဆိုးရင် Propoxyphene hydrochloride (Darvon, PC-Cap and Wygesic), Acetaminophen with codeine and Tramadol (Ultram) တွေကို သုံးနိုင်တယ်။ ရက်တိုသာ သုံးသင့်တယ်။

လိမ်းဆေးတွေ
Voltaren Gel လိမ်းဆေးဟာ Diclofenac ဖြစ်တယ်။ ဆိုင်မှာ အလွယ် ဝယ်ရမဲ့ ဆေးတွေလဲ ရှိတယ်။ Capsaicin ဆေးဟာ Cayenne peppers ကနေ ဖေါ်စပ်ထားတယ်။ ကြာကြာလိမ်းရင် လောင်နိုင်တယ်။ Zostrix, Zostrix HP, Capzasin-P နာမည်တွေနဲ့ ရောင်းတယ်။

Counterirritants ဆေး
ခေါင်းကိုက်နေတာကို ခြေမနှိပ်တော့ အာရုံပြောင်းစေတာမျိုး အစွမ်းရှိတယ်။ Menthol, Oil of wintergreen, Camphor, Eucalyptus oil, Turpentine oil, Dihydrochloride and Methlnicotinate ဆေးတွေဟာ အဲဒါမျိုးတွေ ဖြစ်တယ်။ Salicylates ဆေးက Counterirritants သဘောဖြစ်တယ်။ Aspercreme, Ben-Gay, Flexall, Mobisyl and Sportscreme နာမည်တွေနဲ့ ဝယ်လို့ရတယ်။

NSAIDs စတီရွိုက်မပါတဲ့ အနာသက်သာဆေးတွေ
Ibuprofen (Advil, Motrin IB), Ketoprofen (Actron, Orudis KT, Oruvail), Naproxen (Naprosyn, Naprelan) and Naproxen sodium (Anaprox, Aleve) တွေ ဖြစ်တယ်။ NSAIDs ထဲမှာ COX-2 inhibitors ဆေးမျိုးတွေလဲ ပါတယ်။ Celecoxib (Celebrex) ကလွဲရင် ကျန် ၂ မျိုးကို ရောင်းခွင့် မပြုတော့ဘူး။

Corticosteroid injections စတီရွိုက်ထိုးဆေး
နာနေတဲ့အဆစ်ထဲကို ထိုးပေးရတယ်။ ဆေးမထိုးခင် အဆစ်ထဲက များနေတဲ့ အရည်တွေကို စုပ်ထုတ်နိုင်တယ်။ American College of Rheumatology (ACR) ကညွှန်းတာကတော့ Acetaminophen နဲ့ မသက်သာသူ၊ အသင့်အတင့်ကနေ သိပ်ဆိုးသူတွေကို ၁ နှစ်မှာ ၃-၄ ခါ ထိုးခိုင်းတယ်။

Hyaluronic acid therapy ဆေး
အဆစ်ထဲမှာ ရှိနေတာမျိုး ဖြစ်တယ်။ Shock absorber သဘော၊ Lubricant သဘော လုပ်ပေးမယ်။ တပါတ်တခါ ၃-၅ ပါတ် ထိုးရတယ်။ အထဲကအရည်နဲနဲစုပ်ထုတ်ပြီးမှ ဆေးထိုးရတယ်။ NSAIDs နဲ့ COX-2 drugs တွေနဲ့ မသက်သာသူ၊ ဆေးဘေးထွက်ဆိုးကျိုးမခံနိုင်သူတွေကို ထိုးပေးနိုင်တယ်။ နဲနဲ နဲ့ အသင့်အတင့် ဆိုးသူတွေမှာ သက်သာတယ်။

ခွဲစိတ်နည်း
Joint replacement, Realigning bones, Fusing bones, Arthroscopy, Osteotomy, Chondroplasty, Arthrodesis နည်းတွေ ရှိတယ်။

တခြားနည်းတွေ
ရောဂါအကြောင်း အသေအခြာလေ့လာပြီး ကိုယ့်ဖါသာ ပြုပြင်နေနိုင်တယ်။ (အေရိုးဘစ်) စတဲ့ လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ကိုယ်အလေးချိန် ချတာ ကောင်းတယ်။ လမ်းလျှောက် အကူပစ္စည်း သုံးတာ၊ ခြေထောက်မှာ အထူးပစ္စည်း သုံးတာ၊ ဒူးကာ တပ်တာ၊ အပူ-အအေး တင်ပေးတာ၊ (TENS) လျှပ်စစ်နည်း သုံးတာ၊ အပ်စိုက် ကုသတာ၊ Physical therapist (ဖီဇီယို-သာရာပီ)၊ Chronic pain class နာတာရှည် နာနေသူတွေအတွက် သင်တန်းမျိုးတက်တာတွေလဲ လုပ်နိုင်တယ်။

ကုသနည်းသစ်တွေ
ဗီတာမင် ဒီ ဟာ မျက်လှည့်ပြသလိုမျိုး အကျိုးရှိတဲ့သူတွေမှာ ရှိတယ်။ နာတာကိုရော အင်္ဂါပျက်စီးမှုမှာပါ သက်သာစေတယ်လို့ပြေတာရှိတယ်။ ဒါပေမဲ့ National Institutes of Health အထောက်အပံ့နဲ့လုပ်တဲ့ ၂ နှစ်တာ သုတေသနအဆိုအရ Vitamin D ကနေ ဒီရောဂါမှာ ပိုကောင်းတယ်ဆိုတာ သက်သေမပြနိုင်တာ တွေ့လာရတယ်။ Naproxen sodium နဲ့ Esomeprazole magnesium (Vimovo) ဆေးကို တွဲပေးပြီးစမ်းတဲ့အခါ Celecoxib (Celebrex) ဆေးလိုဘဲ နာတာသက်သာစေတဲ့အပြင် Heartburn ရင်ပူတာကို သက်သာတာ တွေ့ရတယ်။

အလားအလာရှိတဲ့ ဆေးတွေ
Tanezumab ဆေးဟာ သုတေသန အဆင့် ၂-၃ မှာ အလားအလာ ကောင်းနေတယ်။ Stem-cell therapy ကင်ဆာအတွက် အဓိကသုတေသနလုပ်နေတဲ့ (စတင်မ်-ဆဲလ်) နည်းကလဲ အလားအလာ ရှိနိုင်တယ်။ ၁၃-၁-၂ဝ၁၁ နေ့မှာ Food and Drug Administration ကနေ အဆစ်နာမှန်သမျှအများဆုံးသုံးနေတဲ့ Acetaminophen ကို ကန့်သတ်မှု ပိုလုပ်လိုက်တယ်။ Acetaminophen ဆေးဟာ များများပေးရင် အသဲကို ထိခိုက်စေတယ်။ ဒါ့ကြောင့် ဆေးတပြားမှာ 325 milligrams ထက်မပိုဘို့ သတ်မှတ်လိုက်တယ်။ မူးယစ်အုပ်စုဝင်ဆေးနဲ့ တွဲရောင်းတာရှိတယ်။ ဥပမာ Vicodin နဲ့ Oxycodone (Percocet) ဆေးတွေ။

1. Arthritis အဆစ်နာ https://doctortintswe.blogspot.com/2014/10/arthritis.html
2. ASO ဆိုတာ http://dts-medicaleducation.blogspot.com/2012/01/aso.html
3. Hydroxychloroquine ဟိုက်ဒရောက်ဆီကွီနိုလင်း http://doctortintswe.blogspot.com/2016/10/hydroxychloroquine.html
4. Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်
5. Narcotic Analgesics မူးယစ်ဆေးပါ အနာသက်သောဆေးများ http://dts-medicaleducation.blogspot.in/2012/06/narcotic-analgesics.html
6. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
7. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
8. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
9. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
10. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
11. Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html
12. Rheumatic Diseases လေးဖက်နာရောဂါများ http://doctortintswe.blogspot.com/2015/08/rheumatic-diseases.html
13. Rheumatic skin disease အရေပြားလေးဖက်နာ http://doctortintswe.blogspot.com/2016/01/rheumatic-skin-disease.html
14. Rheumatism (1) လေးဘက်နာ (၁) http://doctortintswe.blogspot.com/2014/10/rheumatism-1.html
15. Rheumatism (2) လေးဘက်နာ (၂) http://doctortintswe.blogspot.com/2014/10/rheumatism-2.html
16. Rheumatism လေးဘက်နာ https://doctortintswe.blogspot.com/2014/11/rheumatism-1.html
17. Rheumatoid factor ရူမတွိုက် ဖက်တာ https://doctortintswe.blogspot.com/2017/07/rheumatoid-factor.html
18. Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/scleroderma.html
19. SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html
20. Systemic Sclerosis စကယ်လယ်ရိုးဆစ်ရောဂါ http://doctortintswe.blogspot.com/2016/04/systemic-sclerosis.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး