ယုံ ယုန် ရုံ ရုဏ်

၁။ ဆရာ ခုတော်တော်များ စာလုံးပေါင်းသတ်ပုံ အမှားတွေကို မီဒီယာတွေကိုယ်တိုင် မှားလာလို့ အမှားကိုအမှန်ထင်လာကြပြီလားမသိ ဘူးဆရာ။ ဥပမာ ယုံကြည်မှုကို ရုံကြည်မှုတို့ဆိုတာ အတွေ့များလာပါတယ်ဆရာ။

၂။ ဆရာ မင်္ဂလာပါ ယုံ ရုံ ရုန် အသုံးကို ရှင်းလင်းစွာသိချင်လို့ပါ ဒီလောက်လေး လုပ်နိုင်ယုံ/ရုံ/ရုန် လေးနဲ့ လက်ကို သေနတ်ကျည်ဆံ ရှပ်မှန်ယုံ/ရုံ/ရုန် လေးနဲ့။

ရုန်အသုံး မရှိပါ။

၃။ ရုံမျှ နှင့် ယုံမျှ ဘယ်ဟာအမှန်ပါလည်းဆရာ။ လွမ်းသင့်ရုံမျှ / လွမ်းသင့်ယုံမျှ ပူဆွေးရုံမျှ / ပူဆွေးယုံမျှ တမ်းတမိရုံ / တမ်းတမိယုံမျှ ဘယ်ဟာအမှန်ပါလည်း ဆရာ။ ကျွန်တော်က စာတိုပေစလေးတွေ ရေးတဲ့အခါ စာလုံးပေါင်းမှားမှာ အလွန် စိုးရိမ်မိလို့ပါဆရာ။ ကျွန်တော့်အလုပ်ကလည်း စာသင်တဲ့အလုပ်ဆိုတော့ အရမ်းသတိထားရလို့ပါဆရာ။ အမေးအမြန်း ထူတယ်လို့ မယူဆပါနှင့်ဆရာ။

တော်ရုံသင့်ရုံ၊ နေသာရုံလို့ သတ်ပုံစာအုပ်မှာပါလို့ လွမ်းသင့်ရုံမျှ၊ ပူဆွေးရုံမျှ၊ တမ်းတမိရုံတွေက မှန်ပါမယ်။

၎။ ဆရာမင်္ဂလာပါ။ ယုံ ရုံ ရုန် အသုံးကို ရှင်းလင်းစွာသိချင်လို့ပါ။ ဒီလောက်လေး လုပ်နိုင်ယုံ/ရုံ/ရုန် လေးနဲ့ လက်ကို သေနတ်ကျည်ဆံ ရှပ်မှန်ယုံ/ရုံ/ရုန် လေးနဲ့

လုပ်နိုင်ရုံ၊ ရှပ်မှန်ရုံတွေက မှန်ပါမယ်။ ရုန်အသုံး မရှိပါ။

ယုံ
ယုံတမ်းစကား
ယုံကြည်ချက်
ယုံမှတ်
လူယုံတော်
အယုံသွင်း
ပြောမယုံ ကြုံဖူးမှသိ

ရုံ
ကိုယ်ရုံသင်္ကန်း
ကုန်လှောင်ရုံ
ထူပါရုံဘုရား
နိဂြောဓါရုံ
ပွဲရုံ
ပုပ္ပါရုံကျောင်းတိုက်
ခြုံရုံ
ဘူတာရုံ
ရုံဂိုဏ်းတုံဂိုဏ်း
ရုံတလင်းရွာ
ရုံပွဲ
ရုံဝင်ခ
ရုံသွင်း
ဝါးရုံပင်
သင်္ကန်းရုံ
အနိဋ္ဌာရုံ
အာရုံကြောရောဂါ
အာရုံခြောက်ပါး
ဣဋ္ဌာရုံ
ကျောက်ဖရုံသီး
ဃောသိတာရုံကျောင်း
ဈေးရုံ
တော်ရုံသင့်ရုံ
နေသာရုံ
ရွှေဖရုံသီး

ရုဏ်
အရုဏ်ဆွမ်း
အရုဏ်တက်
ဥဒါဟရုဏ်
နေအရုဏ်

ယုန်
ယုန်သတ္တဝါ
ရေယုန်နာ
လင်းယုန်ငှက်
ရွှေလမှာယုန်ဝပ်
ယုန်လစန္ဒာ

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး