မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, January 15, 2017

Herbal Medicines တာဝန်ကိုယ်စီ ရှိပါသည်

ဆရာ လသားကလေးအတွက် ထက်လင်း အစားပါဆေးလိမ်းပေးသင့်ပါလဲဆရာ။ လမ့်ညွန်ပေးပါခင်ဗျာ။

အဲလိုခပ်ဆင်ဆင်မေးတာ ၄-၅ ယောက်ရှိလာလို့ ပို့စ်အနေနဲ့ ရေးပါတယ်။ ၁-၂ ယောက်တုန်းက ရေးဘို့ စိတ်မကူးခဲ့ပါ။ ကလေးမှာ ဘာဖြစ်နေသလဲ။ ဘာလိုနေသလဲ သိမှသာ ဆေးသိပါမယ်။ တခြားနိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကလေး သန်းပေါင်းများစွာ အဲလိုဆေး မမြင်ဘူးကြပါ။

ဒီသတင်းပို့စ်က စံချိန်တင် ပို့စ်တခုဖြစ်လာတယ်။ ကျွန်တော့်မှာ ဖေ့စ်ဘွတ် (၃) နေရာရှိပါတယ်။
၁။ 6.2K Eiei Phyu, Thoon Naung Latt and 6.2K others
8,286 shares

၂။ 1.6K ရှင် မြတ် မြတ်, Poe Poe and 1.6K others
2,911 shares

၃။ Eos Us Us Nas, Ko Nyo and 6.1K others
9,133 shares
772,750 people reached

မြန်မာလူမျိုးဆရာဝန် ၃-၄ ယောက်ကနေ မြန်မာတိုင်းရင်းဆေးတွေမှာ အဆိပ်သင့်နေကြောင်း ဆေးသုတေသန အထောက်အထားတွေ ပို့ပေးကြပါတယ်။ ကျေးဇူး။

ပြည်ပနေ မြန်မာဆရာဝန် ၂-၃ ယောက်နေလည်း စာရေးတယ်။ ဗမာဆေးတွေသာမက အထူးသဖြင့် တရုပ်ဆေးတွေမှာ မသင့်တာတွေပါကြောင်း ထောက်ပြကြပါတယ်။ ကျေးဇူး။

တာဝန်ရှိတဲ့ ထက်လင်းကနေလည်း ကွန်မင့်မှာ ဖြေရှင်းချက်ရေးလာတယ်။ ကျေးဇူး။

မြန်မာရုံးတခုက တာဝန်ရှိသူတဦးကလည်း စာရေးပြီး ကိုယ့်တိုင်းပြည်မှာ FDA လုပ်ငန်းတွေပိုကောင်းအောင် ဘယ်လို လုပ်သင့်လဲ အကြံတောင်းတယ်။ ကျေးဇူး။

ကျွန်တော့်သဘောထားက သူများကို မထိခိုက်စေလိုပါ။ ဒါပေမယ့် တာဝန်ရှိဆရာဝန်တယောက်အဖြစ် ရေးစရာရှိရင် အချက်အလက် အထောက်အထားနဲ့ ရေးပါတယ်။ ကျွန်တော်သုံးတဲ့ဓါတ်ပုံဟာ အဲလိုဆေးရောင်းချတဲ့ စတိုးဆိုင်မှာ မာရီယွန်ကောင်တီ ပြည်သူ့ကျန်းမာရေးဌာနက ကပ်ထားတာဖြစ်ပါတယ်။ သတိပေးစာထဲက မြန်မာဘာသာပြန်ကလည်း ကျန်းမာရေးဌာနက ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဆေးက ထက်လင်းတခုတည်းမကပါ။ ဆေးတို့ပတ်ဆိုတာလည်း ပါတယ်။ အရင်က ဂေါမုတ္တဆေး၊ သွေးဆေးအပါအဝင် မြန်မာဘယဆေးတွေကို မြန်မာပြည် FDA က တားမြစ်ချက် ထုတ်ထားပြီးဖြစ်ပါတယ်။

ကျွန်တော်ရေးသားရတဲ့ရည်ရွယ်ထဲမှာ ထုတ်လုပ်ရောင်းချနေသူတွေက ဆေးတွေထဲမှာပါနေတဲ့ အဆိပ်ဓါတ် ကင်းစင်အောင်လုပ်ပြီး ရောင်းချဘို့နည်းလမ်းရစေချင်တာလည်း ပါတယ်။

ဘယဆေး-တိုင်းရင်းဆေးတွေက နိုင်ငံတိုင်းမှာရှိတာပါ။ ကျွန်တော်တို့တိုင်းပြည်မှာ အရာတိုင်းမှာ တာဝန်ရှိသလို မလုပ်နိုင်ခဲ့တဲ့ နှစ်ကာလေတွေကကြာတယ်။ ဥပဒေစည်းမျဉ်းတွေက လျော့ရဲတာသာမကာ မပြည့်စုံသေးပါ။ ကျွန်တော်ထောက်ပြတဲ့ တားမြစ်ချက်ကို အမေရိကန် FDA ကထုတ်တာမဟုတ်ပါ။ ပြည်နယ်တခုထဲက မြို့တခုရဲ့ ကျန်းမာရေးဌာနတခုကနေလုပ်တာပါ။ မြန်မာပြည်မှာ တဆိတ်ရှိ FDA တခုတည်းကိုပဲ လက်ညှိုးထိုးနေကြရသေးတယ်။

ပြုပြင်ရေးလုပ်ရတာက သိမ်မွေ့တယ်။ မကောင်းဂျောင်းလုပ်မရတဲ့ကာလကို ဖြတ်ကြရပါအုန်းမယ်။ ပြစ်တင်တာထက် ဘယ်လို ပိုကောင်းအောင်လုပ်ကြမလဲက အရေးကြီးပါတယ်။ အလွယ်မယုံ၊ အလွယ်မလိုက်သင့်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.