မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 28, 2017

NLD စည်းရုံးရေး (သို့) မေ့ကုန်ကြသူများ

NLD ထဲကလူတွေ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတာထက် မျက်နှာသာရဘို့ ကပ်နေကြသူတွေရှိတယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်တင်မစောပါ။ ဝေဖန်တာကိုလည်း မငြင်းသာပါ။ (မဆလ) တုံးကလည်း ဦးနေဝင်းကို အဲလိုကပ်ဖါးယပ်ဖါးတွေရှိတာပါပဲ။ ပါတီတွင်းပုန်ကန်မှုတောင်ရှိခဲ့တယ်။

NLD ပါတီညီလာခံတုံးကလည်း ပါတီနေရာအတွက် လုံးပမ်းကြတယ်။ ပြဿနာလည်းရှိခဲ့တယ်။ ဒေါ်စု လွတ်လာပြီးမှာတော့ အခင်းအကျင်းတမျိုးဖြစ်လာတယ်။ လူဟောင်းတချို့ မြင်ကွင်းကပျောက်သွားတယ်။ ပြည်ပမှာ နေသူတွေဟာ အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ဆန္ဒပြရတိုင်း၊ ဟောပြောရတိုင်း၊ ရေးသားရတိုင်း၊ လော်ဘီ လုပ်ရတိုင်းမှာ ဒေါ်စုနာမည်မပါတဲ့အခါမရှိပါ။ ဒါပေမဲ့ ဒေါ်စုလွတ်လာတော့ ဒေါ်စုကနေ ပြည်ပမှာနေရသူတွေကို တခွန်းတပါဒမှ ချီးမွန်းစကားမပြောဘူးလို့ ထောက်ပြကြတယ်။ ကျွန်တော်က ကိုယ်စားပြုပြီး မဖြေနိုင်ပါ။

ဒေါ်စု ဒေလီကိုလာတုံးက ကချင်တွေက မကျေနပ်ဘူးဆိုတဲ့အကြောင်းကို သူ့ကစပြောပြီး၊ သဘောမတူတာရှိရင် ဆွေးနွေးသင့်တယ်၊ လာစေချင်တယ်လို့ ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ပြီးပြောပါတယ်။ ကျွန်တော် ဘယ်သူပါဗျာလို့ မပြောလိုက်ပါ။ ဒေါ်စုကလည်း ကျွန်တော့်ကို မသိလောက်ပါ။ ဒေါ်စုနဲ့လူထုနဲ့တွေ့တဲ့ပွဲမှာတော့ အစပျိုးတာနဲ့ အခြေခံပြင်ဆင်မှုတွေသာလုပ်ပြီး၊ နောက်ပိုင်းအစီအစဉ်တွေမှာ နောက်ကသာနေရမယ်လို့ နိုင်ငံရေးအသိနဲ့ ဆုံးဖြတ်ပါတယ်။ အဲဒီပွဲမှာ ထိုင်စရာနေရာကို ချင်းအမျိုးသားတဦးက ဖယ်ပေးလို့ထိုင်ရပါတယ်။

ဒီလိုအချိန်မျိုးမှာ ဒေါ်စုကို ချစ်ကြသူတွေပိုများတာ သဘာဝပါ။ ဝမ်းသာခဲ့ပါတယ်။ အခုတော့ သူတို့ကလည်း မေ့ကုန်ကြပြီထင်ပါတယ်။ ထိပ်ဆုံးတန်းထိုင်ခဲ့သူ တချို့ဆို ဒေါ်စုမကောင်းကြောင်းတွေ ဖေ့စ်ဘွတ်မှာရေးနေတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇
Photo: 16-11-2012 Daw Aung San Suu Kyi visited the Prospect Burma School in New Delhi

No comments:

Post a Comment

Note: Only a member of this blog may post a comment.