School Politics ကျောင်းကပေးတဲ့ နိုင်ငံရေး

• ဖဆပလ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊ ပြည်တော်သာစီမံကိန်းကြောင့်တဲ့ဗျာ။
• မဆလ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊ ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။

• အဲသည် ဒီမိုကရေစီခေတ်မှာ သူပုန်ဆိုတာ၊ အဖြူလာလာ အနီလာလာ အိမ်မှာသာတည်းကြ၊
• အစိုးရလာလဲ အိမ်မှာတည်းကြ၊ စာမသင်ရသေးတဲ့အရွယ်ကစ နိုင်ငံရေးဆိုတာ နားရည်ဝ။

• ပုဆိုးစလွယ်သိုင်းအရွယ် ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊
• တိုက်ပုံဝတ်တဲ့အရွယ်မှာ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ။

• ဖဆပလ ခေတ်မှာ အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊ မဲပြားဆိုတာသိ၊
• မဲခိုးတယ်လို့မရှိ၊ ကြိုတင်မဲကိုတော့ လူအိုလာမှသိ။

• ဖဆပလ နှစ်ခြမ်းကွဲတာ၊ ခုနစ်တန်းဖြေပြီးစ၊ နွေကျောင်းပိတ်ရက်က၊
• အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊
• မဆလ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစုကျ။

• ကျောင်းတက်စ အဆင်ဘလီမှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြ၊
• ဆိုသာဆို ပိုမိုသည့်စကား၊ နားထဲမှာကြားနေရ။

• ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊
• ယူနီယံဟောင်းတနေရာ၊ ခုထိလည်း ဗလာ။

• ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊
• ပညာဆိုတာ အိုစာမှသာ၊ တော်လှန်ရေးကောင်စီခေတ် ကဗျာ။

• ကောလိပ်ကျောင်းသားများ အထူးအခွင့်အရေးခံစားရတာ ဆိုရှယ်လစ်ခေတ်မှာ၊
• ရွှေဝါတဖြတ်၊ ဖိနပ်တရံ၊ ကျောင်းသားမှန်ရင် ကျား-မ မရွေး၊ မွှေးဆပ်ပြာ။

• ဆေးကျောင်းမှာ လူမှုရေးနဲ့ဆေးပညာ၊ ဆင်းရဲလို့ဖြစ်တဲ့ရောဂါလို့ ပြောခွင့်မရှိပါ၊
• မကြာမီမှာ တိုင်းပြည်ဟာ အယ်လ်ဒီစီ လို့ ကြေညာ။

• မဆလ ခေတ်မှာ မဲပုံးပြောင်းထည့်၊
• နဝတ ခေတ်မှာ ကျွန်တော်တို့ကို အမည်းစာရင်းထဲထည့်၊
• ပြည်ခိုင်ဖြိုးကတော့ ကြိုတင်မဲနဲ့တဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး