ချည် ခြည် ချီ

၁။ နွားခြည်စရာဖြစ်နေပြီ နဲ့ နွားချည်စရာဖြစ်နေပြီ ဘယ်အရေးက အမှန်လဲဆရာ။

၂။ ဆရာ ကြိုးနဲ့ချီထားသည်၊ ကြိုးနဲ့ချည်ထားသည်၊ ဘယ်ဟာအမှန်ရေးရလဲရှင့်

ချည်
ကွင်းလျှောချည်
ချည်ခင်
ချည်ခင်စွပ်ငှက်
ချည်ငင်သည်
ချည်တုပ်သည်
ချည်မျှင်
ချည်သေ့ (ရက်ကန်း)
ချည်နှောင်
နန်းချည်၊
ပရိတ်ချည်
ပါချည်ပါချဲ့၊
ပိုးချည်
ဖွဲ့ချည်
ကြိုးနှင်ချည်
ဘန်ချည်ကြိုး၊
ဘူးလည်သီးခတ်ချည်
မာဆရိုက်ချည်၊
မိန်းမချည်
ရှုံ့ချည်နှပ်ချည်၊
ဝါချည်၊
သွားချည်လာချည်၊
အပ်ချည်လုံး။
အိုရချည်သေးရဲ့
ခေါက်တုံ့ချည်
ဖောက်ချည်တိုင်ချည်၊
ယောလုံချည်၊
ရွှေချည်ငွေချည်
ရွှေချည်ထိုး၊

ခြည်
စစ်ရိပ်စစ်ခြည်၊
ဆံခြည်မျှင်၊
ဆံခြည်ထွေး၊
တိမ်ခြည်၊
ကြာခြည်ရန်
မျက်ခြည်ပြတ်
မျက်ရိပ်မျက်ခြည်၊
မြူခြည်၊
လင်းရောင်ခြည်၊
လျှံခြည်
လျှပ်ခြည်၊
အရိပ်အခြည်
အုန်းဆံခြည်ထွေး။
စောင်းပါးရိပ်ခြည်၊
နေရောင်ခြည်
ရောင်ခြည်၊
သွေးခြည်ဥ၊

ချီ
ကလေးချီ
ချီတုံချတုံ
ချီပင့်သည်
ချီပိုးသည်
ချီမသည်
ချီကြွသည်
စစ်ချီ
စွန်ချီ
စာရေးစာချီ
ဆိုင်းတချီ
တချီတမောင်း၊
ပန်းချီ၊
ပွဲတချီ
ပါချီပါချဲ့
လှမ်းကြွချီ
အချီအချ။
အစချီ
မြှောက်ချီ၊

ပန်းရည်ဘဏ်တိုက် သီချင်း

ချီလေတဲ့ချီလေ ဤမြေမှဟိုတောင်တန်း ကျော်လှမ်းလို့သာ ချီပါလေ
လေအညွှန်း ရွှေဝတ်ကဲမှုန် ၀တ်ရည်လုဝိုင်းစုကာသာရုံ

မြတ်ပန်းရဂုံ မြတ်ပန်းရဂုံ မြတ်ပန်းရဂုံ
အပြန် အပြန် အပြန်လားကွဲ့ အသွား အသွား အသွားပါလို့
ဟေ့ အပြန် အပြန် အပြန်လားကွဲ့ အသွား အသွား အသွားပါလို့
ခေါက်တုံ့လူးလာ ကူးကာသယ်ဖို့ကြုံ

ပျံလေတဲ့ ပျံလေ တောင်တန်းတွေကျော်ကာလှမ်း ပျံသန်းကြပါကုန်
အိုဘယ့်ပျားငယ် ပျားသူငယ်ရယ်
မိုးလေသာခိုက် သယ်ယူလိုက်ပါ့
ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်
ပျံလေတဲ့ ပျံလေ တောင်တန်းတွေကျော်ကာလှမ်း ပျံသန်းကြပါကုန်

အိုဘယ့်ပျားငယ် ပျားသူငယ်ရယ်
မိုးလေသာခိုက် သယ်ယူလိုက်ပါ့
ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး