ဝိုက်ချ နဲ့ မောက်ချ

၁။ လောကဓါတ်၊ လောကဓာတ်၊ လောကဓတ် ဘယ်ဟာ ဘယ်အရာ အမှန်လည်းမသိပါဆရာ။

၂။ ဖဦးထုပ် တခုတည်းကို ဝိုက်ချနဲ့ မောက်ချခွဲရေးတာ ဘာဖြစ်လို့လဲ ဆရာ။

ခ၊ ဂ၊ င၊ ဒ၊ ပ၊ ဝ ဗျည်းခြောက်လုံးကို မောက်ချသာသုံးရ။ ၀ိုက်ချမသုံးရလို့ဆိုပါတယ်။

ခါ၊ ဂါ၊ ငါ၊ ၊ ဒါ၊ ပါ၊ ဝါ။

ခေါ၊ ဂေါ၊ ဒေါ၊ ပေါ၊ ဝေါ။

ခေါ်၊ ဂေါ်၊ ငေါ်၊ ဒေါ်၊ ပေါ်၊ ဝေါ်။

ဓာ၊ ဓား၊ ဖာ၊ ဖားလို့ရေးနေကြတာက တပြေးညီဖြစ်အောင်လို့ မြန်မာစာပါမောက္ခတွေက ဆိုပါတယ်။

ကျွန်တော်တို့ ဆယ်တန်းမှာ ဓါတုဗေဒသင်ရတယ်။ ဓါတုစေတီ၊ ဓါတုကလျာ စသဖြင့်ရေးခဲ့တယ်။ ဓာလို့ရေးတာကို တလို့ထင်တတ်တယ်။ ဓါ၊ ဓါး၊ ဖါ၊ ဖါး လို့ရေးတာကို ပိုသဘောကျတယ်။ ရွှေမော်ဓေါဘုရား။

ဖော် နဲ့ ဖေါ်က မထူးပါ။ ခွာ နဲ့ ခွါ၊ ပွာ နဲ့ ပွါ၊ ငွာ နဲ့ ငွါ၊ ဒွာ နဲ့ ဒွါတွေလည်း မထူးပါ။

ကျွန်တော့်လက်ထဲမှာ အရင်ကထုတ်တဲ့ သတ်ပုံစာအုပ် ၂ အုပ်ရှိတယ်။ တအုပ်က သည်လိုရေးထားတယ်။
ဓါတုဗေဒကျမ်း၊
ဓါတုရထ (ဓါတ်ရထား)၊
သုဓါကရမင်း၊
ဓါတုဘေဒပညာ (ဓါတ်ခွဲခြင်း အတတ်ပညာ)။
သုဓါဘောဇန = ချိုမြိန်သော နတ်သြဇာ
ရသာယန သျှတြကျမ်း = ဓါတ်နှင့် သက်ဆိုင်သောအတတ်

နောက်တအုပ်ထဲမှာ သည်လိုရေးထားတယ်။
ဓာတုဗေဒကျမ်း = ဓါတ်ကိုသိမြင်အောင် ပြသောကျမ်း
ဓါတုဘေဒကျမ်း = ဓါတ်အပြားကို ခွဲပြသောကျမ်း
မဟာယော်ဓါဘွဲ့
ဓါတုသဘာဝကုထုံးကျမ်း
ဓါးလက်နက်
ဓါးစာခံ
ဓါးမြှောင်
ဓါးရှည်
ဓါးသိုင်း
သူခိုး ဓါးရိုးကမ်း
ဓါးနှယ်ခုတ်

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၇
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး