Aesthetic Life ဘဝ နှင့် ရသ

တူမတယောက်က မသီတာ (စမ်းချောင်း) ရဲ့ စာအုပ်ဖတ်ရတဲ့အကြောင်းရေးတာ တွေ့တယ်။

အေ့း့ ဆရာ ညမအိပ်ခင်က ရသစာမေးလို့ ရေးလိုက်တယ်။ တချို့ရသသမားတွေကတော့ သဘောတူကြမှာ မဟုတ်။ ကိုယ့်တသက်တာမှာ စာအုပ်ထဲကဇာတ်လိုက်တွေရှား။ သူလို ကိုယ်လိုလူတွေသာများတယ်။

အဲ့ ဆရာဝန်သက်တမ်းမှာ ဂျော်နီရှိတယ်။ နိုင်ငံရေးခရီးရှည်မှာ ဗေဒါပင် ရှိတယ်။ ဖိုးမောင် ရှိတယ်။

ခွဲစိတ်ဓါးကိုင်ခဲ့ပေမဲ့ ဓါးတောင်ကို မကျော်ဖူးပါ။ ချင်းတောင်သာ ကျော်ဖြတ်ဖူးတယ်။ မီးပင်လယ် မကူးရ။ ဒုက္ခသမုဒ္ဒရာမှာတော့ အခုထိ။ အဲတာမျိုးက လူတိုင်းမဟုတ်လား။

ဘာသာပြန်စာအုပ်တွေထဲက နေရာတွေမှာ အကြာကြီးနေရဆဲ။ ကိုယ်တိုင်လည်း သမိုင်းထဲရောက်နေပြီ။ ထုံမွန်း ဖွဲ့နွဲ့ခံရမှာတော့ ကြောက်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး