လမင်းတရာ

ကျွန်တော်တို့ မန္တလေး ဆေးကျောင်းသားဘဝမှာ လမင်းတရာအငြိမ့်ကို သွားသွားကြည့်ကြတယ်။

အချစ်

အဖိုးအိုလျှင့့်
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။

အဖွားအိုက့
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော့့် သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။     ။

ကြည်အောင်
(ငွေတာရီမဂ္ဂဇင်း ၁၉၆၃)

ကြည်အောင်နောက်မှာ ပေါ်ထွန်းလာကြတဲ့ ကဗျာဆရာတွေခေတ်မှာတော့ လမင်းတစ်ရာ လင်းထွန်းလာသတဲ့။

မြန်မာပြည်မှာ လမင်းတရာ သာပါစေသည်း။

မှတ်ချက် - ဦးဝင်းတင်သည် ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာအဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီတို့နှင့်အတူ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ် ခံရသည့်အချိန်တွင် ပြည်သူ့အိုးဝေသို့ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက်ခဲ့သည်။

ဒေါက်တာတင့်ဆွေ၊
၂၈-၁-၂ဝ၁၇
၂၈-၁-၂ဝ၁၈
Photo from Tha Khin Kotawgyi ကျေးဇူး။

သစ္စာတိုင်

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့။ (ကြည်အောင်)

အဖေါ်

ပြည်မြန်မာ
စာပုလွေကျိုးခဲ့။

မောင့်ဖရင်း
ထော့နင်းလိုက်ခဲ့။ (ဆရာကြည်အောင်ကဗျာကို နမူနာယူပါတယ်။)

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး