Doctor ရှင့်

(ကန်တော့ပါ)

ကန်တော့ပါဆရာ အမှားပါရင်ခွင့်လွှတ်ပါ သမီ့း့ နက် တနေ့အတူ့မာ နေခက်မိပါတေဆရာ သူနက့် နေတုန့်း့ ကျွတ်သွားပါတေ သူရဲ့  ဆေး ၂လုံးနာရီမခြား တိုက်ခက်ပါတေ နောက် ၂ရက်နေတော့ ရာသီ ၂ရက်လောက်လာပီး ရပ်သွားပါတေ ခုထိမလာတော့ဘူး ကြားထဲမာလဲ ဗိုက်ခဏခဏအောင့်လို့ ဆေးရုံအုပ်နက် တရက်ပြခက်ပါတေ sayama က ဖယ်ရိုဗစ်တို့ သံဓာတ်အားဆေးတို့ ပေးခက်ပါတေ dအတောတွင်း ရာသီမလာရင်ပြန်လာပါလို့ ပြောပါတေဆရာ ဆီးစစ်ကြည့်မေတဲ့ saya သမီးကိုဝန်ရှိနိုင်လားဒေါက်တာ ပီးတော့ dညအဖြူဆင်းတာ ပြည်လိုအရောင်ဖစ်နေပါတေ saya စိုးရိမ်ရလားဆရာ ဗိုက်အောင့်တာ အစာအိမ်ဘက်ကအောင့်တာပါဆရာ ဆရာ့ရဲ့အဖြေကို သမီးစောင့်နေပါတေရှင့် ကျေးဇူးပြု၍ဆရာ့ကို တောင်းပန်စွာနက်အမှားပါရင်ခွင့်လွှတ်ပါ ဆရာ

အမှားတွေက များလွန်းလို့ ပို့စ်တခုလုပ်ပါရစေ။
သမီ့း့ နက် = သမီ့း့ နဲ့
့မာ =့မှာ
နေခက်မိပါတေ = နေခဲ့မိပါတယ်
သူနက် = သူနဲ့
နေတုန်း = နေတုန်း
ကျွတ်သွားပါတေ = ကျွတ်သွားပါတယ်
တိုက်ခက်ပါတေ = တိုက်ခဲ့ပါတယ်
ရပ်သွားပါတေ = ရပ်သွားပါတယ်
ကြားထဲမာလဲ = ကြားထဲမှာလဲ
ဆေးရုံအုပ်နက် = ဆေးရုံအုပ်နဲ့
တရက်ပြခက်ပါတေ = တရက်ပြခဲ့ပါတယ်
ဆေးတို့ပေးခက်ပါတေ = ဆေးတို့ပေးခဲ့ပါတယ်
ကိုဝန် = ကိုယ်ဝန်
dအတောတွင်း = ဒီအတောတွင်း
ဆီးစစ်ကြည့်မေတဲ့ = ဆီးစစ်ကြည့်မယ်တဲ့
အရောင်ဖစ်နေပါတေ = အရောင်ဖြစ်နေပါတယ်
ပြောပါတေ = ပြောပါတယ်
တောင်းပန်စွာနက်  = တောင်းပန်စွာနဲ့
စောင့်နေပါတေရှင့် = စောင့်နေပါတယ်ရှင့်

ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈

ရွှေမဟုတ်တိုင်း ကြေးမဟုတ်

စာအရေးအသားကို ထောက်ပြတဲ့အခါ မကြာမကြာ ကွန်မင့်တွေလာတတ်တယ်။ တိုင်းရင်းသူထင်တယ်လို့။

Doctor ရှင့်အောက်မှာ ရခိုင်တင်တယ်လို့ပြောသူ ၃ ယောက်တွေ့ရတယ်။ နေရပ်က ရခိုင်ပြည်နယ်က မဟုတ်ပါ။ လူမျိုးတော့ မသိ။ မမေးပါ။

တချို့ရွှေဗမာတွေထက် မြန်မာစာတော်တဲ့ တိုင်းရင်းသားတွေရှိတယ်။ မြန်မာစကားကြွယ်တဲ့ တိုင်းရင်းသာတွေနဲ့ နိုင်ငံရေးထဲမှာ အတူလုပ်ကိုင်ခဲ့ဖူးတယ်။ ဥပမာ ဥပမေယျတွေ ပုံတိုပတ်စတွေနဲ့ စကားပြောတတ်တယ်။

တချို့ကပြားတွေကလည်း ဗမာအစစ်တချို့ထက် ယဉ်ကျေးတဲ့မေးခွန်းတွေလာတယ်။ တိုင်ဝမ်မှာနေတဲ့ ကိုယ်ဝန်ဆောင် တယောက်ကို နမူနာပေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး