Flag အလံတို့၏ သဘော

ကြံ့ခိုင်ရေးပါတီက အလံပြောင်းမယ်ဆိုတဲ့သတင်း ဖတ်ရတယ်။ လက်ရှိအလံနဲ ကွာခြားတယ်။ ခြင်္သေ့ရုပ် မပါတော့။ စပါးနှံ မပါတော့။ ဒိုင်း မပါတော့။ အနီနဲ့ အစိမ်းတော့ အတူတူ။ ကြယ်တခုပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲကို သတိရတယ်။ အဲဒီကာလမှာ နိုင်ငံရေးပါတီတွေရဲ့သင်္ကေတမှာ အကောင်တွေမပါရလို့ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားတယ်။ ခွပ်ဒေါင်းသင်္ကေတကို တမင်သက်သက် ရည်ရွယ်ပြီး တားမြစ်တာလို့ လူတိုင်းက သိကြတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်နယ်လ်ဒီနဲ့ အဓိကပြိုင်တဲ့ တစည ပါတီက အရင် မဆလ ပါတီအတိုင်း စပါးနှံသင်္ကေတ ယူထားတယ်။ ခမောက်နဲ့ စပါးနှံတို ယှဉ်ပြိုင်အရွေးခံခဲ့ကြတယ်။

အကြိုက်ဆိုတာမတူကြပါ။ လူ့သဘောမျှသာဖြစ်တယ်။ ခေတ်ကနေလည်း အကြိုက်ကို ပြောင်းစေတယ်။

အခုတော့ ခမောက်က လူရာမဝင်တော့ပါ။ စပါးနှံလည်း ခေတ်ကုန်သွားပြီ။ တိုင်းပြည်ကြီးကတော့ သိပ်မပြောင်းပါ။

သက်မဲ့တို့၏ ပြောင်းခြင်းကား မြန်၍၊ သက်ရှိတို့၏ပြောင်းခြင်းကား ကြာ၏။ လူတွေကဖန်တီးသော တိုင်းပြည်သည်ကား သက်ရှိနှင့်တူ၍၊ အကောင်းသို့ပြောင်းရန် ကြန့်ကြာလှပေ၏။

Dr. တင့်ဆွေ
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး