Huge Signboard ဆိုင်းဘုတ်ကြီးကြီး

ဗိုက်ခွဲမွေးတာ ဘယ်နှစ်လမှာ အကောင်းဆုံးလဲပို့စ်အောက်မှာ ရေးလာတဲ့ ကွန်မင့်တခုပါ။

ဆရာမြန်မာပြည်မှာရှိရင်သိပ်ကောင်းမှာ

ကျွန်တော်သာ ပြည်တွင်းမှာနေရပြီး ဆေးခန်းလည်းဖွင့်ထားရင် ဆေးပညာစာတွေ မရေးနိုင်လောက်ပါ။ အချိန်ရတောင်မှ အခုရေးနေသလို ကိုယ့်အတွေ့အကြုံတွေကိုပါ ထည့်ရေးမှာ မဟုတ်ပါ။ မရေးအပ်လို့ ဖြစ်ပါတယ်။

ကိုယ်ရည်သွေးရာကျတာထက် ဆရာဝန်ရဲ့ ကျင့်ဝတ်အရဖြစ်ပါတယ်။ ဘယ်လိုရောဂါတွေကို ဘယ်ပုံဘယ်နည်းနဲ့ ကောင်းအောင်ကုသနိုင်တယ်လို့ ကြောငြာသလို မရေးအပ်ပါ။ ဆိုင်းဘုတ်တောင်မှ ကြီးတာ မရေးသင့်လို့ ကျွန်တော်တို့ စီနီယာဆရာဝန်တွေက သွန်သင်ပေးတယ်။ ကျွန်တော့်ဆိုင်းဘုတ်ကလေး နှစ်ခုလုံးဟာ၂ ပေ x ၆ လက္မထက်မကြီးပါ။

ကနေ့ခေတ်မှာတော့ မြန်မာပြည်မှာသာမကပါ တခြားတခြားတိုင်းပြည်တွေမှာ ကြော်ငြာကြီးတွေ ခန့်ထည်ကြီးမားတယ်။ ဝဘ်ဆိုက်တွေဆိုရင် အပျံစားတွေ။ ကျွန်တော်တို့ ကျမတို့ ဒီဆေးသောက်လို့ ဘယ်လိုဘယ်ပုံ ပျောက်ကင်းတယ်လို့ ထောက်ခံချက်ရေးတာတွေပါ တွဲထားသေးတယ်။ ကျွန်တော်က အင်တွေလို့ပဲ ထင်တာ။ ဖေ့စ်ဘွတ်မှာ ရေးတာတွေ ကြည့်ပါလား။

မေးခွန်းတွေမှာ အခုနာမည်ကြီးနေတဲ့ဆိုတဲ့ဆေးတွေကို နေ့တိုင်း မေးကြတယ်။ ပြောရတာ အားနာရတယ်။ တချို့ကလည်း ဆိုင်းဘုတ်ကြီးကြီးမှ မြင်ကြတာကိုး။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး