Mango Skin Allergy သရက်သီးခွံ အလာဂျီ

ရေးထားတာ ၅ နှစ်ရှိပြီ။

ဆရာရှင့် ကျွန်မတူမလေးက အသက်က ၁ နှစ်ခွဲပါ။ သရက်သီးအဆီလောင်တာ ပါးမှာ အကြီးကြီးဖြစ်နေလို့ ဘယ်လို လုပ်ရပါမလဲ။ မြန်မာပြည်ကပါ။ ၂ ရက်ရှိပါပြီ။ ကျေးဇူးပြုပြီဖြေပေးပါရှင်။

Mango sap သရက်ပင် သရက်သီးအခွံကထွက်တဲ့အရည်ထဲမှာ Urushiol ဓါတ်ပါတယ်။ အလာဂျီအများဆုံးရစေတဲ့ Poison ivy နဲ့ Poison oak တွေနဲ့ဆင်တူတယ်။ မတည့်သူတွေမှာ Itchy rash ယားတဲ့အနီပြင်တွေထွက်မယ်။ သူတို့က အခွံခွါစားရင်တော့ စာလို့ရတယ်။ တချို့က စားလို့တောင်မရပါ။ Allergic symptoms ပြင်းထံတဲ့ အလာဂျီလက္ခဏာတွေ ရလာတယ်။ နှုတ်ခမ်းတွေ၊ မျက်နှာ၊ လျှာ ရောင်ရမ်းလာမယ်။ Anaphylaxis ရှော့ခ်ရတဲ့အထိလည်းဖြစ်နိုင်တယ်။

ကုသနည်း
Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ (စီထရက်ဇင်း) ဟာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။ ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲ ရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ၁၄% မှာ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။

Hives အနီပြင် (အင်ပြင်) ထနေတာကို Cetirizine ဆေးတမျိုးထဲနဲ့ မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါ ပေးရတတ်တယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ Topical creams လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။

Calamine lotion ဆေးလိမ်းတာ သိသိသာသာနဲ့ တော်တော်တန်တန်ယားတာကို သက်သာစေပါတယ်။

ဒီစာတွေကိုလဲ တွဲဖတ်ပါ၊ လိုက်နာပါ။ ကြာရင် (အလာဂျီ) ကို ဆရာဝန်လိုသိသူ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အကြောင်းကို သိပါ။
• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

ဒေါက်တာတင့်ဆွေ
၂၈-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး