Profession ဘယ်သူဘယ်ဝါတွေမှန်းတော့ မသိ

သူများကို ဒုက္ခပေးတယ်စာအောက်မှာ ကွန်မင့်တခုလာတယ်။ မှန်ပါတယ် စိတ်ကောင်းရှိဖို့ ပဌမတဲ့ ဆရာ တဲ့။

အဲတာလည်း မမှန်သေးပါ။ လူတိုင်းလိုလို စိတ်ကောင်းထားကြတယ်။ လူတိုင်းက မှန်ကန်တဲ့ဆေးနည်း မပေးတတ်ကြပါ။

ဆရာဝန်မဟုတ်တဲ့ စိတ်ကောင်းရှိသူတွေ အများကြီးရှိတယ်။ စေတနာရှိသူတွေလည်း အများကြီး။ သူတို့က ဆေးမကုတတ်ကြပါ။

ဆရာဝန်တွေလည်း လမ်းမဖေါက်တတ်ကြ၊ စပါးမစိုက်တတ်ကြပါ။ သူ့အသက်မွေးမှုအရသာ လုပ်တတ်ကြတယ်။

ဖေ့စ်ဘွတ်မှာ ဆေးနည်းပေးကြတယ်။ နိုင်ငံရေး ဝေဘန်ကြတယ်။ တရားလည်း ပြကြတယ်။ ဘယ်သူဘယ်ဝါတွေမှန်းတော့ မသိ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး